Just the Two of us PT5
SeHun +Jongin
🐣🐻💜
♡♡♡♡
အတိတ်
♡♡♡♡♡
ကျွန်တော်တို့ ဝေးသွားရတဲ့အကြောင်း
ဘယ်လိုဖြစ်လို့ ကျွန်တော်တို့ဝေးသွားရတာလဲ ကိုအတိတ်နေ့ရက်တွေကတော့ ဘယ်အချိန်ပဲတွေးတွေးလှနေတယ် ကို ...
"သားပြန်လာပီလား..လာထိုင်.."
သူကျောင်းကပြန်လာတော့ appa ကိုအိမ်ရှေ့မှာလူတယောက်နဲ့ တူတူတွေ့လိုက်ရတယ်..သူကိုလှမ်းခေါ်တော့ သွားထိုင်လိုက်ရင်း ...မသိမသာလေးလှမ်းကြည့်လိုက်တော့..သူစီကိုလှမ်းငေးကြည့်နေတဲ့မျက်ဝန်းတစုံ..
သူကပြုံးပြတာမို့ jongin လဲ ပြန်ပြုံးပြလိုက်တယ်"ဒါ ကျွန်တော်သားလေးပါ နာမည်က jongin တဲ့ သားငယ် ဒါ appa အလုပ်ရှင်ရဲ့သား နာမည်က sehun ccì တဲ့ သားက hyung ခေါ်နော်"
"ဟုတ်ကဲ့"
Jongin သူကိုမော့ကြည့်ကာ ခပ်ဖွဖွလေးပြုံးပြတော့ hyung က jongin ကို မျက်ဝန်းလေးတွေမှိတ်တဲ့အထိချစ်စရာကောင်းတဲ့အပြုံးလေး ပြုံးပြလာလေရဲ့
အရမ်းချစ်စရာကောင်းလှတဲ့ hyung အပြုံးကိုမြင်မိစဉ်မှာတော့ .. NiNi ငေးကနဲဖြစ်သွားရတော့တယ် ...
"မင်း က NiNiလား..ကိုယ်တို့ငယ်ငယ်တုန်းကတွေ့ဖူးတယ်လေ...မင်းကတော့ဘယ်မှတ်မိပါ့မလဲ...မင်းငယ်ငယ်တုန်းကအရမ်းချစ်ဖို့ကောင်းတာ...ကိုယ်လက်ထဲမှာစားစရာရှိရင် မင်းကိုချီလို့ရတယ် ...မရှိရင်ကိုယ်ချီရင်မင်းအော်အော်ငိုတာ... စားစရာလေးပေးလိုက်ရင်ပါးဖောင်းလေးနဲ့ အာပေတူးလေးက ကိုယ်ပွေ့ချီရင်ငြိမ်ခံနေကော အရမ်းချစ်ဖို့ကောင်းတာ.."Jongin မျင်နှာလေးနီရင်းရှက်သွားရတယ်...သူက jongin ကိုစိုက်ကြည့်နေပြီး..
"
မယုံနိုင်ဖူးကွာ...အဲဒီကလေးလေးက အခုလိုအရပ်ကြီးရှည်လာပြီး...ပြောင်းလဲသွားတာများ..ပါးဖောင်းလေးနဲ့ ဝက်ဝံလေး က ဒီလိုမျိုး ချောလာတာကွာ "
Jongin
သူ.ကိုသာငေးကြည့်နေတော့..
"
ကိုယ်ကိုသူငယ်ချင်းအဖြစ်သတ်မှတ်ပေးပါနော် nini .ကိုယ်က ဒီမှာသူငယ်ချင်းမရှိဖူး..အရင်က သူငယ်ချင်းတွေကလဲ ကိုယ်ကျောင်းသွားတက်တော့အားလုံး အဆက်အသွယ်ပျက်ကုန်ပြီ""NiNi အား အဲဒီ hyung လား ငယ်ငယ်က nini လို့ခေါ်တာလေ ကျွန်တော် သတိရပြီ hehe"
