Just the two of us PT 6
SeHun +JongIn
🐻🐣💜
♡♤♡♤♡
A/N
Sehun pov လေးတွေလာပါပြီနော်Sehun အိပ်ယာပေါ်က...အသာအယာလေးထလိုက်ရင်း ..ဝရံတာတံခါးလေးကိုဖွင့် လိုက်တယ်..ပြီးတော့ထိုင်ချလိုက်ရင်း..အဝေးကြီးကကောင်းကင်ကြီးကိုကြည့်နေတယ်..ကောင်းကင်ကြီးပေါ်မှာကြယ်ပွင့်လေးတွေကြားထဲ ချစ်ရတဲ့ ကလေးငယ်ရဲ့ မျက်နှာလေးကိုလိုက်ရှာကြည့်နေတယ်
"အရမ်းချစ်ရပါတယ် ကလေးငယ် အိပ်မက်လှလှမက်ပါစေ"မဟူရာရောင်ကောင်းကင်ကြီးမှာ တလက်လက်တောက်ပနေတဲ့ ကြယ်ပွင့်လေးတွေကိုငေးကြည့်ရင်း မြင်လာတဲ့ ကလေးငယ်မျက်နှာနုနုလေး ကို ပုံဖော်ကြည့်နေတယ်..
စတွေ့ကထဲက အရုပ်ကလေးကောက်ရလိုက်သလိုခံစားချက်လေးနဲ့ ချစ်စရာ ကလေးလေးတယောက်ကိုပိုင်ဆိုင်လိုက်ရသလိုလေး..သူနားမှာသူနောက်ကနေတတောက်တောက်နဲ့ လျှောက်လိုက်နေကာ..သူအင်္ကျီကိုအမြဲတမ်းဆွဲထားပြီး..သူကိုမတွေ့ရင်ငိုတတ်တဲ့ကောင်လေး..
အဲဒီလိုနဲ့ ဒီကလေးလေးနဲ့ ခဏတာဝေးသွာပြီးပြန်တွေ့လိုက်တော့ ကလေးငယ်လေးကို ချစ်မိနေတာ သိလိုက်ရတာမို့ ကိုယ်ခံစားချက်တွေကို ကိုယ်ဘာသာပြန်ပိတ်လှောင်ခဲ့တယ်
ဒါပေမယ့် အချစ်ကပိတ်လှောင်လေ ပိုတွန်းကန်ထွက်လာလေမို့ သူ့အနားက ကလေးငယ်လေးကို အရိက်တကြည့်ကြည့်နဲ့ လိုအပ်တာလေးတွေဖြည့်စည်းပေးရင်း သာ နေခဲ့တယ်ကလေးက သူကို ဘယ်အချိန်မဆို ပြုံးမိစေတဲ့ လူသားလေးပါ ကလေးအကြောင်းတွေးမိယုံနဲ့တင်
သူပြုံးမိသွားကာ
ချစ်တယ်..ဖုန်းလေးကိုထုတ်ကာဖုန်းထဲက password နဲ့သိမ်းထားတဲ့ gallary application တခုကောင်လေးမွေးနေ့လေး 140194.. ဆိုတဲ့ နံပါတ်လေး
ခိုးရိုက်ထားတဲ့ပုံလေးတွေကော..သူဖုန်းနဲ့ ရိုက်ပေးမယ်ဆိုပြီး ရိုက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ selfieပုံလေးတွေ..
သူတပုံချင်းစီကြည့်နေရင်း..ခေါင်းထဲမှာကောင်လေးအဖေမဆုံးခင်ကသူကိုပြောခဲ့တဲ့စကား ပြန်ကြားရင်း
"
သားလေးကိုသခင်လေးပဲတာဝန်ယူစောင့်ရှောက်ပေးပါ.. နောက်ပြီး အရွယ်ရောက်လာရင်သခင်လေးနဲ့လက်ထပ်ပေးဖို့.. တောင်းဆိုပါတယ်"
