Just the two of us
SeKai
🐣🐻တိတ်ဆိတ်ငြိမ်သက်နေတဲ့ အဝေးကြီးက အမှောင်တွေကိုပြတင်းပေါက်တံခါးကနေ လှမ်းကြည့်နေတဲ့ ကျောပြင်လေးကို ပြန်ငေးကြည့်နေမိတယ်
ကျောခိုင်းထားတဲ့သူစီက ပင့်သက်ရိုက်သံလေးကြားလိုက်ရတာကြောင့်သူမျက်ရည်ဝဲလာတယ် မငိုမိအောင်စိတ်တင်းထားပေမယ့် လက်ခုံပေါ်ကိုပေါက်ကနဲကျလာတဲ့မျက်ရည်စက်တွေ
Tissue boxလေးယူပြီးသုတ်လိုက်တော့
အဝေးကြီးကိုငေးကြည့်ဆဲကျောပြင်လေးက လှည့်ကြည့်လာတယ်
"ဩော် မသွားသေးဖူးကိုး"ခပ်တိုးတိုးရေရွတ်သံလေးရယ် သူကိုကျောခိုင်းလိုက်တဲ့ အရိပ်ကလေးက ပြတင်းတံခါးတွေဖက်ကိုပြန်လှည့်သွားလေရဲ့
sehun ရင်နာနာနဲ့ငေးကြည့်နေရတယ်
"Baby ကိုယ် သွားတော့မယ် ကျန်းမာရေးဂရုစိုက်ပါ"ခြေလှမ်းတွေထွက်သွားတာကိုနားစွင့်ရင်း
"ဟင့်အင်း လှည့်မကြည့်နဲ့ jongin အရာရာအဆင်ပြေသွားမှာ အရာရာနေသားတကျဖြစ်သွားလိမ့်မယ် လှည့်မကြည့်နဲ့ "
"ဟင့်အင်းမဖြစ်ဖူး ငါသူမရှိရင်မဖြစ်တော့ဖူး မဖြစ်ဖူး အရာရာအဆင်ပြေဖို့ နောက်ထပ်ဘယ်လောက်စောင့်ရမလဲ ခု ခုသူက ထွက်သွားတော့မှာ သူထွက်သွားရင်နေသားတကျဖြစ်ဖို့ အချိန်ဘယ်လောက်စောင့်ရအုန်းမလဲ အရာရာ နေသားတကျပြန်ဖြစ်ဖို့ အချိန်ဘယ်လောက်ကြာအုန်းမှာလဲ သူမသိ
ကျလာတဲ့မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်
တုန်ခါနေတဲ့ကျောပြင်လေးကို သူပွေ့ပိုက်ထားချင်ပေမယ့်အခွင့်မရှိတော့ ဒီအတိုင်းရင်နာနာနဲ့ ကြည့်နေရင်းsehun သူအနားလျှောက်သွားကာ သူ့မျက်နှာလေးကို ရင်ခွင်ထဲဆွဲသွင်းရင်း ဆံပင်လေးကို နမ်းလိုက်တယ် ဒီကိုယ်လုံးလေးပွေ့ဖက်ထားရတာ နောက်ဆုံးပဲဆိုတဲ့အသိနဲ့ ခပ်တင်းတင်းပွေ့ဖက်လိုက်တယ် ရင်ခွင်ထဲကကျောက်ရုပ်ကလေးကတော့ ငြိမ်သက်နေပေမယ့် သူလက်ကလေးတွေကတော့ sehun ခါးကိုခပ်တင်းတင်းပြန်ဖက်ထားတယ်"မငိုပါနဲ့ဘေဘီ ကျန်းမာရေးဂရုစိုက်ပါ ကိုယ်စိတ်မပူပါရစေနဲ့ နောက်ပြီး ကိုယ်တို့ အမြဲတမ်း နီးနေပါတယ် ကလေး စီမှာအခက်အခဲကြုံလာတိုင်းကိုယ်ကိုသတိရပေးပါ ကိုယ်အမြဲတမ်းရှိနေပါ့မယ်နော်
သွားတော့မယ်ဘေဘီ "
နဖူးပြင်လေးပေါ်က နွေးထွေးတဲ့ နုတ်ခမ်းအထိအတွေ့လေးသူအရာရာကိုဆုံးရှုံးလိုက်ရတော့မှာလား
သူကိုချစ်ပေးတဲ့ ချစ်ရသူ ကိုလေ
ဟင့်အင်း မသွားပါနဲ့ ကိုရယ် ကျွန်တော်မှားသွားပါတယ်
နောင်တတွေက အခုချိန်ကစပြီလား
ဒီလူတစ်ယောက်သူ့အနားမှာရှိစဉ်ကတန်ဖိုးမထားခဲ့တာ ရလိုက်တာနောင်တတွေလား
သူရင်ခွင်စီလွတ်မထွက်သွားဖို့တိုးဖက်ပေမယ့် သူက လက်တွေကိုဖြုတ်ချလိုက်ကာ jongin မျက်နှာလေးအနှံ့ကိုနမ်းလာတယ် သူ့အနမ်းတွေ ကိုခံယူကာ သူကိုတိုးဖက်လိုက်ပေမယ့်
တဖြေးဖြေးဝေးသွားတဲ့ခြေလှမ်းတွေအခုချိန်ကစပြီးကျတော် သေဆုံးသွားခဲ့ပြီ ချစ်ရသူ
အရာရာအားလုံးက တလ နှစ်လ ကြာရင်နေသားတကျဖြစ်သွားမယ်တဲ့လား
ဒါပေမယ့်ကျတော် ကျတော် သူကိုလွမ်းတယ်
အိပ်မပျော်လို့ဂျီကျတိုင်း ရင်ခွင်ထဲဖက်ကာ သိပ်ပေးတဲ့သူကိုလွမ်းတယ်
ညဖက်တွေအရွဲ့တိုက်ပြီး အပြင်ထွက်တိုင်း စိတ်ပူစွာစောင့်ပေးတဲ့သူ
ခင်ဗျားထားခဲ့ပေမယ့်ကျတော်ကတော့လွမ်းနေမှာ
တောင်းပန်ပါတယ် ပြန်လာပါ ကိုရယ်
ချစ်တယ် ကို လို့ ပြောခွင့်ရချင်တယ်ကိုကို ကိုလွမ်းတယ်
သော့ခတ်ထားတဲ့ ဗီဒို အံဆွဲလေးမှာ ကွာရှင်းပြတ်ဆဲခြင်း လက်မှတ်လေးတစောင်
Sehun +Kai
SeKai ပါ
အခုမှအစပဲရှိသေးတယ်ဖြေးဖြေးသွားကြတာပေါ့
Tissue ဆောင်ထားရမယ်ထင်တယ် 😊အခုက အသစ်ပါ အကြင်နာအကြည့်တွေရဲ့အကြောင်း
အစားရေးတာပါ
အကြင်နာအကြည့်က unpublished ပါ့မယ်လို့ဒီဟာလေးဖတ်ကြည့်ပါ
ကိုယ်အရင်ကရေးနေကြပုံတွေနဲ့ကွဲပါတယ်လို့See you next week နော်
