Just the two of us PT9
Sehun 💜Jongin
♡♡♡♡♡အိပ်မောကျနေချိန်မှာဝင်လာတဲ့ဖုန်းကြောင့် jongdae
ဖုန်းကိုလက်နဲ့လှမ်းစမ်းလိုက်တယ်.
Hello..."Dae ငါပါ sehun"
"......."
"
ဘာ...အေးငါသွားလိုက်ပါမယ်..""အခုသွားနော်..ငါစိတ်ပူတယ်ကွာ..ငါကားနောက်ကိုပြေးလိုက်လာရင်းက...
ခွေကနဲလဲကျသွားတာ....""မင်းဟာလေးက.. chanyeolကိုအတွေ့တောင်မခံဖူး...သူလဲတိုင်ပတ်နေတယ်.သူရင်ထဲမှာမင်းတယောက်ထဲရှိတာ..ကွာ...သူမသိခဲ့တာတဲ့ကွ.. chanyeolကိုရင်ခုန်ယုံလေးပဲဖြစ်သွားခဲ့တာ..မင်းနဲ့ သူရဲ့သံယောဇဉ်သက်တမ်းပဲကြာလှပြီပဲဟာကို..မင်းနဲ့လက်ထပ်တုန်းကတော့သူစိတ်ထဲမှာ.. နည်းနည်းတော့ အဖုအထစ်ရှိသွားမယ်ထင်တယ် အဲဒါကြောင့် ပြောတာ သူကို ဖွင့်ပြောလို့ ချစ်တယ်လို့ ငါပြောသားပဲ မင်းကို အခုတော့ကလေးက မင်းကိုပဲချစ်နေတာကို မင်းကကွာ ပွင့်ပွင့်လင်းလင်းပြောလိုက်ပါကွာ ကလေးကို"
"ငါပြောချင်ပါတယ် ဒါပေမယ့် ငါပြောလိုက်ရင် ကလေးက ငါကို ကျေးဇူးရှင်ဆိုတဲ့အသိနဲ့ လက်ခံလိုက်မှာစိုးရိမ်နေတာ"
" မင်းတို့အဖြစ်ကလဲကွာ ခုကော မင်းနေမကောင်းတာသူသိသွားရင် သူပိုခံစားရမှာဆိုတာ မင်းသိသင့်တယ် sehun""ငါ သူကို ပြောမှာပါ ငါ့" ဆို့နစ်
တိမ်ဝင်သွားတဲ့ SEHUN ကြောင့် JONGDAE ဆက်မပြောရက်တော့ကားကို လမ်းချိုးထဲကွေ့လိုက်စဉ်
.ဟိုးရှေးနားမှာ..လမ်းကိုထော့နဲ့ ထော့နဲ့လျှောက်နေတဲ့ ဖြူဖပ်နေတဲ့ပုံရိပ်လေး...သူဘေးနားမှာကားကိုထိုးရပ်ရင်း..ကားပေါ်ကဆင်းကာ တွဲလိုက်တော့ သူကိုတချက်မော့ကြည့်လာတဲ့ ဖျော့တော့နေတဲ့ မျက်နှာလေး "hyung"
သူကိုတွေ့တော့ကလေးလေးတယောက်လိုရှိုက်ကြီးတငင်ငိုကြွေး..ကာ..သူရင်ခွင်ထဲတိုးဝင်လာတဲ့ ..သူညီလေးကိုကားပေါ်တင်လို့ အိမ်ကို ပြန်ခေါ်လာကာ ဧည့်ခန်းလေးထဲနှစ်ယောက်သားထိုင်နေမိတယ် JONGIN က ငိုနေတာကြောင့်မို့ ကျောလေးကိုပွတ်ပေးပြီးနှစ်သိမ့်တော့ ပိုငိုလာတဲ့ သူ့ ညီလေးလိုကောင်လေးကို JONGDAE ..ပြန်ဖက်ထားလိုက်ရင်း..သက်ပြင်းတွေချလိုက်တယ်..
