မြင်နေရတဲ့ လှေကားတွေကို ငေးကြည့်နေလိုက်တယ် အဲဒီလှေကားတွေကို
သူကနေ့တိုင်းအတက်အဆင်းလုပ်နေရတာပဲလို့တွေးမိတော့ ကျလာတဲ့မျက်ရည်
လှေကားထစ်တွေကိုခပ်သွက်သွက်တက်လိုက်ရင်း အခန်းနံပါတ်94ရှေ့မှာရပ်လိုက်တယ်
အခန်းတံခါးဝက bell ကို တီးလိုက်ပြီး တံခါးလေးနားကို နားလေးကပ်ထားလိုက်တယ်
ကလစ်ဆိုအသံလေးကြားချိန် တံခါးကိုဖွင့်လို့မြန်မြန်ဝင်လိုက်တယ်
" NiNi မင်း မင်း"
အံ့ဩတကြီးနဲ့ သူကို ကြည့်ရင်း သူ့ပါးပြင်လေးကို အုပ်ကိုင်လိုက်ကာ သူကို ကိုယ်ရင်ခွင်စီဆွဲဖက်လိုက်တယ်
"ချစ်တယ် ကို ကို ကို NiNi အရမ်းချစ်တယ် "
"လွှတ် ငါ မင်းကို "
"ပြော ခုချိန်မှာ ကို ပြောသမျှ အကုန် NiNi နားထောင်မယ် ဒါပေမယ့် အခုချိန်ထိ ကွာရှင်းစာချုပ်မှာ NiNi လက်မှတ်မထိုးရသေးဖူးဆိုတာကို ကို ကို အရင်သိပေးချင်တယ် "
ခုံပေါ်ကို ထိုင်ချလိုက်တဲ့ ကို က အရုပ်ကြိုးပျက်
"Baby ရယ် မင်းကွာ"
ခုံပေါ်မှာထိုင်နေတဲ့ ကို ရှေ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်လို့ ကိုမျက်နှာလေးကို လက်လေးနှစ်ဖက်နဲ့ဆွဲမလိုက်ရင်း
နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်တော့ မျက်ဝန်းတွေမှိတ်သွားတယ်"ချစ်တယ် ကို အရမ်းလဲမြတ်နိုးရပါတယ် ကို ကိုပဲထာဝရချစ်သွားမှာ "
"ဘေဘီရယ်"ကို့ အနမ်းတွေက နဖူးလေးပေါ်ကျလာတယ်
"ကို လဲချစ်တယ်"
ကို ရဲ့ချစ်တယ်ဆိုတဲ့စကားကို ကြားရချိန် မျက်ရည်တွေက အတားအဆီးမဲ့စွာ
ကို ရင်ခွင်ထဲတိုးဝှေ့ကာ အားကိုးတကြီးဖက်တွယ်ရင်း
"ကို ကို ဆုံးရုံးသွားလို့က ဘယ်လိုမှမဖြစ်နိုင်ဖူးနော် ကို အခု babeမှာကို ပဲရှိတော့တာပါ babe ကိုသနားပါနော် ကို ဆေးကုပါ ကို အနားမှာ babe ရှိတယ် အတူတူရင်ဆိုင်ကြမယ်နော်"
Sehun ခေါင်းလေးသာညိတ်ပြလို့ ရင်ခွင်ထဲက ဘေဘီကို ဖက်ထားလိုက်တယ်"အင်း ဘေဘီသဘောပါ "
"ဒါဆို ခုထ "လို့ အတင်းတွဲကာ ထခိုင်းနေတဲ့ ဘေဘီက အရင်ကအတိုင်းလူဆိုးလေး
"ကို ကို အကြင်နာပေးရင်ထမယ်ကွာ"
နုတ်ခမ်းလေးပူနွေးသွားတယ် babe နုတ်ခမ်းထူထူလေးအထိအတွေ့တွေ့က ချိုမြိန်လေရဲ့
အနမ်းလေးတွေ နူးညံ့နေတာ