💚 FOREVERMORE 💚
နေ့ရယ်ညရယ် မသိ ။
ကမ္ဘာကြီးလည်ပတ်မှုကိုလည်း စိတ်မဝင်စား ..
သူသိတာ စိတ်ပျက်၊အားငယ် ၊ဝမ်းနည်း၊အထီးကျန်မှု
ရင်ဘက်တခုလုံး တသိမ့်သိမ့်ခါအောင် နာကျင်နေရသည်။သုခနောင် စာကြည့်တိုက်သွားသည်ဆိုသည့် သူငယ်ချင်းများ အပြောကြောင့် နောက်မှ အမောတကော လိုက်ခဲ့ပေမဲ့ ယံရှိန်းခန့်နှင့် သုခနောင်ကို တွဲကာ မြင်လိုက်တွေ့လိုက်ရသည့်ရုပ်ပုံများမှာ နှလုံးရပ်စေနိုင်လောက်သည်ထိ သူ့အား ပင်ပန်းစေသည်။
ထို အဖြစ်အပျက်အတွက် ရက်သတ္တပတ် ပင် အတော်ကြာခဲ့ပြီ.. မည်သူ့ကိုမှလည်း မတွေ့ဖြစ် ။Pratical exam တွင် ခုံနံပါတ်ချင်းကပ်ရပ်ဖြစ်၍ သုခနောင်က သူ့ဘေးတွင်ဖြေရသော်လည်း ရှေ့မှ အမြဲဦးအောင်ထွက်ကာ မမြင်နိုင်သည့် သပြေတန်းတွေအောက်မှ လွမ်းရသူအား အမြဲငေးမောနေခဲ့တာဖြစ်သည်။
သူမပါပေမဲ့ အနားတွင်စောင့်ရှောက်မည့် ယံရှိန်းခန့်ရှိသည်လေ၊.
သုခနောင်ကတော့ စိတ်ပူ၍လားမသိ အကြိမ်ကြိမ်ခေါ်ထားသော incoming call များမှာ phone screen ပေါ် ရဲတောက်နေအောင်နေရာယူထားသည်။
အခုလည်းထပ်ခေါ်နေပြန်ပြီ ။
တုန်ခါနေသည့်ဖုန်းကို ဆွဲမယူ ဒီအတိုင်းထိုင်ကြည့်နေသည်။ကိုင်လိုက်ရင်တခါထဲနှင့်ပြီးသွားလိမ့်မည်..
ဖြေသူဆိုမဲ့သည့် ဖုန်းကို စိတ်ရှည်လက်ရှည်ခေါ်နေသည်မှာ အားနာစရာတော့ကောင်းသည်..
သို့ပေမဲ့ 'ရသလင်း' ဆိုသည့်သူ့အတွက် စိတ်ပူခြင်းကြောင့်ဘဲဖြစ်ဖြစ် သုခနောင်၏ စိတ်အာရုံ တစ်နေရာတွင် ခိုဝင်နေချင်သေးသည်။
ဤသည်မှာ ကြိုးစားဖြတ်တောက်နေပေမဲ့ ကြွင်းကျန်သေးသော အတ္တအပိုင်းအစလေးများဖြစ်လိမ့်မည်။' ဟင့်အင်း မကိုင်ဘူး..မင်းအသံကြားချင်တယ် မင်း မျက်နှာမြင်ချင်တယ်..
မင်းဂရုစိုက်မှုတွေခံချင်တယ်..
ဖုန်းကိုင်လိုက်လို့ တဖက်က ဖြေမဲ့ Hello ကတောင် ငါ့ကို ရူးသွားအောင်လုပ်နိုင်တယ်..
ဒါတွေ မင်းမသိဘူး..
မပိုင်ခဲ့ပေမဲ့ မင်းကို အမြဲဆုံးရှုံးရမှာဘဲ ငါကြောက်ခဲ့ရတာ..
နမော်နမဲ့နိုင်လို့ မင်းငါ့ကို ပြန်မချစ်နိုင်ဘူးဆိုတာတောင် မစဉ်းစားမိခဲ့ဘူး "
ပြောရင်းစီးကျလာသည့်မျက်ရည်တို့ကို ထောင်ထားသည့် ဒူး ၂ လုံးကြားထဲ ငုံ့လျှိုပြီး စောင်ပုံထဲတိုးဝင်လိုက်သည်။

ESTÁS LEYENDO
Forevermore
Romanceတစ်ခါကပေါ့ကွယ်.. ပဲခူးမြို့က တက္ကသိုလ်ကျောင်းတော်ကြီးမှာ ခန့်ခွန်းချို ဆိုတဲ့ အကြီးစား fujoushi မလေး ရှိသတဲ့ သူ့မှာ ခန့်ညားပြီး ရုပ်ရည်ရူပါချောမောတဲ့ ရသလင်း.၊ထက်ဘုန်းနဲ့ မြတ်သူရိန် ဆိုတဲ့ သူငယ်ချင်းလေး သုံးယောက် ရှိတဲ့အပြင်.. ချစ်စရာကောင်းတဲ့ uke...