Part _ 21

1.1K 137 18
                                    

💜FOREVERMORE💜

မြူးကြွသော တေးသံများက ကျောင်းတစ်ခွင်ပျံလွင့်နေပြီး တက်ကြွနေသော ကျောင်းသားများမှာ လက်ညှိုးထိုးမလွဲ..
မတက်ကြွသူက ၃ထပ်စာသင်ဆောင် ဒုတိယထပ် သံပန်းများကြားမှ ငေးငိုင်ကာ ကြည့်နေသူ သုခနောင်..
မျှော်နေသူမှာ အမြင်အာရုံထဲဝင်လာတော့ မှသာ လူက အသက်ဝင်လာသလိုပင်
" ရသ.. "
နှုတ်မှအသံထွက်ခေါ်ရင်း ထိုသူရှိရာ အပြေးသွားမိသည်။

ဥသာဆောင်ရှေ့ နေရာလပ်တွင် ကျောင်းသင်္ကြန်ကို မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပနေရာ.. Stage စင်ပေါ်မှ DJ သံနှင့်အတူ ခပ်ကဲကဲကျောင်းသားများ 'က' နေကြသည်။

ဘေးမှ မီးသတ်ပိုက်က သင်္ကြန်အရသာ ခံစားစေရန် အလုံ အလောက်ပတ်ဖြန်းပေးနေသည်။က နေသည့် ထိုလူအုပ်ထဲတွင် ရသလင်းမှာ အထင်းသား သုခနောင်မှာဖြင့် အရင်တစ်ခါလို ရန်ဖြစ်ပြီး ဒဏ်ရာ အနာတရများနှင့် တချောင်ချောင်တွင်လဲနေသည်လား??.. အိမ်မှာ စောင့်ရှောက်မည့်အဖော်များရှိပါရဲ့လား??
နှင့် အမျိုးမျိုးတွေးပူကာ သောက ရောက်နေရသည်။

သူတာဝန်ယူထားသည့် ဆယ်တန်းကလေးအား နေ့ရောညပါကျောင်းဆင်းသည်နှင့် စာပြပေးနေရသည်မို့  စိတ်ပူပေမဲ့ အိမ်သို့လည်း လိုက်မသွားပေးနိုင်။

ခုတော့ဖြင့် သကောင့်သားက အကောင်းတိုင်းရှိသည့်အပြင် DJ နှင့်ပါ ဒွန့်နေနိုင်သည်ကို ကြည့်ပြီး သောကမှ ဒေါသ အဖြစ်အရောင်ပြောင်းသွားရသည်။

ရေများ ရွဲရွှဲစိုနေသည့်လူအုပ်ထဲတိုးဝင်ကာ ရသလင်း လက်ကို ဆွဲကာ ဥသာဆောင် အနောက်ဘက်ထိ ခေါ်လာသည်။ သီချင်းသံကသာ လွှမ်းမိုးနေ၍ အဆွဲခံသူက ဘာကြောင့်လဲ? မမေးသလို ဆွဲသူက ကလည်း ဘာလို့..ဆိုတာ မပြော ။

" ဒါဘာသဘောလဲ.. ငါ့မှာတော့ မင်းဒုက္ခများရောက်နေပြီလား တနေရာရာမှာ များ တယောက်တည်းကြိတ်ငိုနေမလား စိတ်ပူလိုက်ရတာ..
နေ့ရော ညရော ဖုန်းတွေ ဆက်လိုက်ရတာ
မင်းကတော့ အေးအေးဆေးဆေး 'က' တောင်နေသေးတယ်
နောက်ဆုံးတော့  ငါကဘဲအရူးလုံးလုံးဖြစ်သွားတာပေါ့ လေ"

" မဟုတ်ပါဘူး သုခ ရယ် မဟုတ်ပါဘူး ငါရှင်းပြပါရစေ " ရောက်ရောက်ချင်း သုခနောင်ကို ပတ်ရှာ ရန်စိတ်ကူးထားပေမဲ့ ဆိုင်ကယ် stand မှာ ထဲက botany ဘက်မှ သူငယ်ချင်း တချို့က အတင်းဆွဲခေါ်လာ၍ 'က' နေသည့် လူအုပ်ထဲ ရောယောင်ကာ ပါသွားရခြင်း။

ForevermoreWhere stories live. Discover now