💚FOREVERMORE 💚
သူ့ဖုန်းကိုသာ ကိုင်လိုက်၊ချလိုက်နှင့် အလုပ်အရှုပ်ကြီးရှုပ်နေသည့်ထက်ဘုန်း၊ ပုံစံကလည်း ဂဏာမငြိမ် လှုပ်လိုက်ရွလိုက်ခြံအပြင်ချောင်းကြည့်လိုက်နှင့်။
သူ့ကို ကြည့်ကာ သူငယ်ချင်းများ အတော်မျက်စိနောက်နေကြပြီ။သူငယ်ချင်းများ မဆုံတာကြာ၍ ခွန်းချိုအိမ်တွင်စုပြီး မုန့်လုပ်စားကြတာ ဖြစ်သည်။ဖုန်းမှ ringtone ကြားတိုင်းပြေးကြည့်သော်လည်း call centre ၏ MB ရောင်းသော message နှင့် 333 တို့မှ incoming call တို့သာရှိသည်။ ခါတိုင်းလို အနားတွင် ယောက်ယပ်လာခတ်တက်သူကမရှိတော့၍ ကိုယ်တိုင်ယောက်ယပ်ခတ်နေတာဖြစ်သည်။
ဟိုနေ့က သူထိုးတာများ လွန်သွားသလား?။ ဒါပေမဲ့လည်း ထိုကောင်မျိုးက သူ့အနားတွင်ရှိမနေသင့်ဟုထင်သည်။ သူ့သူငယ်ချင်းတွေသိရင်လည်း ကြိုက်မည်မဟုတ်။ အထူးသဖြင့်ရသ ၊ ရသက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသည်ထက် ညီအကို ဆိုပိုမှန်သည်။ ရသအား ဒုက္ခပေးဖူးသည်ဆိုသော အချက်နှင့်ပင် ဇွဲသက်လုံနှင့် မပတ်သတ်ချင်။
နောက်.. သူ့ကိုယ်သူ ပြန်ဆန်းစစ်ရအုံးမည် ။ ယောက်ျားချင်းစိတ်ဝင်စားရဲ့လားဆိုတာပေါ့။ သူ့ရဲ့ sexual orientation ကို သူကိုယ်တိုင် မသိတာလည်းဖြစ်သည်။ မသိဆို ကိုယ်တိုင်က တစ်ခါမှ ရည်းစားမထားဖူးခဲ့ Game ဆိုင်နှင့် သူငယ်ချင်းများကြား အချိန်ကုန်ရင်း ဒီအရွယ်ရောက်ခဲ့ရသည်။ ဟိုကား သည်ကားမျိုးကြည့်သည့် ဝါသနာဆိုသည်လည်း ပါမလာ မိန်းကလေးဆို၍ ကျားကျားယားယားခွန်းချိုနှင့်သာ လက်ပွန်းတတီးရှိခဲ့ပြီး၊ ဘယ်အချိန်က ဘယ်လို Gay သွားမှန်းမသိသည့် ရသကလည်း ပွတ်သီးပွတ်သပ်လုပ်တက်သည့်ထဲကမဟုတ်။ ဆိုတော့ လူမြင်တိုင်း ဆွဲလားရမ်းလား လာလာလုပ်သည့် ဟိုအကောင်ကို သူစိတ်ရှုပ်တာ မဆန်း။ ထိုအကောင်အနားမှာ မရှိတော့ သည်ကို မျှော်တော်ယောင်ဖြစ်နေသည်ကတော့ဆန်းသည်။
မိုးလင်းမိုးချုပ် တပွက်ပွက်မြည်အောင် ဝင်လာတက်သည့် message များလည်းမရှိတော့ ။ ဘယ်ရောက်နေလဲ ဆိုကာ ခဏခဏ လှမ်းမေးတက်သည့် အဝင် call များလည်းပျောက်။ ဒါ အစက သူမျှော်လင့်ထားတဲ့ အခြေအနေမျိုပါဘဲ ။ ဟိုလူနဲ့ ကင်းကင်းရှင်းရှင်းဖြစ်သွားတာမျိုးပေါ့ ။ ဒါပေမဲ့ ပျော်မနေဘူး။ ဟိုလူဘာများ ဖြစ်နေမလဲဆိုတာဘဲ အခါခါတလဲလဲ တွေးပူမိတာ။

YOU ARE READING
Forevermore
Romanceတစ်ခါကပေါ့ကွယ်.. ပဲခူးမြို့က တက္ကသိုလ်ကျောင်းတော်ကြီးမှာ ခန့်ခွန်းချို ဆိုတဲ့ အကြီးစား fujoushi မလေး ရှိသတဲ့ သူ့မှာ ခန့်ညားပြီး ရုပ်ရည်ရူပါချောမောတဲ့ ရသလင်း.၊ထက်ဘုန်းနဲ့ မြတ်သူရိန် ဆိုတဲ့ သူငယ်ချင်းလေး သုံးယောက် ရှိတဲ့အပြင်.. ချစ်စရာကောင်းတဲ့ uke...