Part _ 30

915 98 8
                                    

💜FOREVERMORE 💜

" ငါ့အိမ်မှာလိုက်နေပါလား.. ကျောင်းတက်ရတာ အဆင်ပြေအောင် ၊ မင်းရွာကနေ သွားနေလာနေရတာ အချိန်ကုန်ပြီး လူပန်းတယ် "

" ငါနဲ့အတူ ကျောင်းသွားလို့ရတယ်လေကွာ "

" ကျောင်းပိတ်ရင် တပါတ်တခါ ပြန်လာလို့ရတာဘဲ "

" ဖွားဖွား အတွက်က အကြီးဒေါ်စိန်တုတ်ရှိတယ်လေ "

" သူများတွေလည်း အဆောင်နေပြီး တက်ကြတာဘဲ"

" ငါလည်း အိမ်မှာ တယောက်ထဲ" စသည့် စကားများကို ရသလင်းသည် ကျောင်းပိတ်ရက်များတွင် သုခနောင်အား  ကြိမ်ဖန်များစွာ နားသွင်းခဲ့သည်။ သုခကတော့ မလှုပ်တလှုပ်ပင် ။ ရသလင်းဆိုသည်မှာ ဖြစ်ချင်တာ ဇွတ်လုပ်တက်သည်မို့လား ။ သူမလှုပ်ရင် ကိုယ်လှုပ်မယ်ဆိုပြီး ကျောင်းမဖွင့်ခင် ၂ ရက်လောက်အလိုထဲက သုခအဝတ်အစားများကို သူ့သဘောနှင့် သူ အထုပ်အပိုးများထုတ်ထားပြီး ဖြစ်သည်။ ဖွားဖွားက တော့ ခွင့်တောင်းစရာ မလိုအောင် ရသ သိမ်းသွင်းထားပြီးပြီ။

" လိုက်ချင်လိုက်မလိုက်ချင်နေ" ဆိုကာ အဝတ်ထုပ် ၊ စာအုပ်စာတမ်းထုပ်များကို ခွန်းချိုတို့အိမ်မှ Light truck နှင့် သူ့အိမ်သို့ သယ်ချသွားသည်။

ဒီလိုကျပြန်တော့လည်း သုခက ဘာမှမပြောပြန် ဖွားဖွားကို ကန်တော့ပြီး ၊ ကျောင်းပိတ်ရက်သောကြာနေ့ တိုင်းပြန်လာမည့်အကြောင်း၊ အကြီးဒေါ်စိန်တုတ်အား သေချာ ဂရုစိုက်ပေးစေလိုကြောင်း၊ နေ့တိုင်း ဖုန်းမှန်မှန်ဆက်မည်ဖြစ်ကြောင်း၊ ဖွားအေကြီး၏ မျက်ကွယ်ရာတွင် စိတ်ပူစရာ မရှိစေရန် နေမည် ဖြစ်ကြောင်း တွင်တွင် ပြောပြီးမှ လိုက်သွားတာဖြစ်သည်။

" မင်းက ငါ့ကို ဆိုသိပ်အနိုင်ကျင့်တာဘဲ "
ဖရိုဖရဲဖစ်နေသည့် အခန်းကို ၂ကိုယ်တူ နေနိုင်ရန် စနစ်တကျ နေရာချနေသည့် ရသအား အခန်းဝတွင် တံခါးဘောင်အား တံတောင်နှင့် ထောက်ကာ မတ်တပ်ရပ်နေသည့် သုခကပြောသည်။ မောမောနှင့် ဘာမှ ပြန်မပြောနိုင်သေး။ သုခတွင် ပါလာသော စာအုပ်များက မနည်း ။
အမြဲလိုလို စာဖတ်တက်သူဖြစ်၍ စာကြည့်စားပွဲနှင့် စာအုပ်စင်ကို အသပ်ရပ်ဆုံးဖြစ်အောင် ပြင်ဆင်နေရသည်။

ForevermoreWhere stories live. Discover now