Part _ 33

1.3K 172 44
                                    

💛 FOREVERMORE 💛






" သူခိုးကောင် မပြေးနဲ့ လာစမ်း ဝိုင်းဖမ်းထားကြပါဗျို့ သခိုး သူခိုး ကျုပ်အိမ်ထဲဝင်ပြီး ခိုးတဲ့သူခိုး "
အသက် ၅၀ ပတ်လည်အရွယ်လောက်ရှိမည့် လူကြီးက လက်ထဲတွင် အဝတ်လျှော်တုတ် ကြီးကိုင်ကာပြေးလိုက်နေသည်ကို အရှေ့တွင် ၁၂အရွယ်လောက် ရှိမည့် ကောင်လေးက အားကုန်ပြေးနေသည်။

လူကြီး၏ ဝိုင်းအော်သံကြောင့် ထိုကောင်လေးကို ဖမ်းမိကြပြီး အကုန်လုံးပေါင်းကာ ဝိုင်းရိုက်နှက်နေကြသည်။ရသနှင့်သုခ ကျောင်းမှနေအတူပြန်လာချိန်ဖြစ်ပြီး သူတို့လမ်းထိပ်တွင် ထိုအဖြစ်အပျက်ဖြစ်နေတာဖြစ်သည်။

ခြံရှေ့ရောက်၍ ဆိုင်ကယ်ရပ်ပြီးသည့်တိုင် သုခက ဆိုင်ကယ်ပေါ်က မဆင်း။
" သုခ.. ဆင်းလေ..ဟာ ဟေ့ကောင်"
ရသပြောလည်း သူ့ကျောဘက်ကလူကမလှုပ် ။

ဆိုင်ကယ်ထောက်ကို အသာချကာ သူဆင်းပြီးသည်အထိ သုခက ငြိမ်သက်နေဆဲ။ အိပ်များပျော်နေသည်လား အထင်နှင့် ဆောင်းထားသည့် ဆိုင်ကယ်အုပ်ထုပ်ကို ဆွဲဖယ်တော့ မျက်တောင်မခတ်ငြိမ်သက်နေတာဖြစ်သည်။ အသက်မှ ရူနေရဲ့လားအောက်မေ့ရလောက်အောင်ပင်ငြိမ်နေသည်။ မျက်တောင်များမှာလည်း ပုတ်ခတ်ခြင်း အလျဉ်းမရှိ

" သုခ.. သုခ.. မင်း.. ဘာဖြစ်တာလဲ "
သူအကြိမ်ကြိမ်လှုပ်ခါကြည့်တော့ သုခက ညှိုးငယ်သော မျက်ဝန်းများနှင့်ကြည့်လာသည်။ စကားတခွန်းမှ မပြောဘဲ ခုနက ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် လမ်းထိပ်ဖက်သို့သာ ရီဝေဝေပြန်ကြည့်နေသည်။

" ဘာဖြစ်တာလဲ ဟင်.. ဟင်..
ငါ့ကိုပြော "
ပခုံး၂ဘက်ကို ကိုင်လှုပ်ကာ ရသ မရမကမေးနေမိသည်။ သုခက ထိုနေရာကိုသာ စိုက်ကြည့်ရင်း မျက်ရည်များဝေ့တက်ကာ အသံတိတ်ရှိုက်နေသည်။

မျက်ရည်ကျမလာပေမဲ့
" အင့်..အင့် " ဆိုသည့် အသံလေးများ ထွက်လာသည်။

" လာ..အရင်ဆုံး အိမ်ထဲဝင်ကြမယ် "
အိမ်ထဲရောက်သည်အထိ ဘာမှ မေးလို့မရသလို ရေတိုက်လည်း မသောက် ။ဒူးနှစ်ချောင်းကို စေ့နေအောင် ပူးကပ်ကာ လက်များနှင့် တုတ်နှောင်ထားရင်း သူ့လက်မထိပ်လေးများကို အချင်းချင်းပွတ်တိုက်နေသည်။ ရသမှာ တော့ ဘာလုပ်ပေးရမယ်မသိအောင် ခြေမကိုင်မိ လက်မကိုင်ဖြစ်နေရသည်။
ထက်ဘုန်း တခါပြောဖူးတဲ့ သူရေနစ်သွားတုန်းက သုခ ထူးထူးဆန်းဆန်းပုံစံပြောင်းသွားတယ်ဆိုတာ ဒီလိုမျိုးလား ။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: May 24, 2019 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ForevermoreTempat cerita menjadi hidup. Temukan sekarang