/Better Half/
အချိန်အားဖြင့် ည(၈)နာရီခန့်။
"ရောက်လာပြီလား?"
"ဟုတ် CEO nim"
ဖုန်းဆက်လို့ ချိန်းဆိုလိုက်ပြီးမကြာ
အချိန်အတိအကျ ရောက်ရှိလာသူ
အား သူ သဘောခွေ့လို့သွားခဲ့သည်။အချိန်မလေးစားသူများကို သူမကြိုက်။
စောင့်နေရခြင်းမျိုးကို သူ မနှစ်သက်။"မင်း ရေချိုးဦးမလား?"
"ကျွန်တော် ချိုးခဲ့ပြီးပြီ။"
ဆိုဖာလွတ်တစ်ခုတွင် ဝင်ထိုင်ပြီး ပြန်ဖြေ
လာသည်ကို သူတစ်ချက်ငဲ့ကြည့်မိသည်။ဒီကောင်လေး၌ အလိုလိုနေရင်းကို နှစ်လို
ဖွယ် အငွေ့အသက်တို့က လွှမ်းခြုံနေ၏။
ရုပ်ကလေးက တည်တည်ငြိမ်ငြိမ်။
ခန္ဓာကိုယ်အချိုးအစားသည်လည်း ပြေပြစ်
သည်ထက်ပိုကာ ဆွဲဆောင်မှုရှိသည်။
ထိုကောင်ကလေး၌ သူသဘောကျသည့်
အရာများ များစွာရှိလို့နေသည်။သူ တစ်ချက်မျှပြုံးလိုက်မိရင်း. .
"Okay. . ဒါဆို. ."
"CEO nim. ."
ဆုံးအောင်မပြောရသေးမီ ကြားဖြတ်
လှမ်းခေါ်လာသည်ကြောင့် သူမျက်မှောင်
ကြုတ်မိရ၏။"ဟို ကျွန်တော် ဒီနေ့ နည်းနည်း
ပင်ပန်းနေလို့ အဲ့ဒါ. ."အနည်းငယ် မဝံ့မရဲဟန်နှင့်ဆိုလာသည့်
ကောင်လေးအား သူ လှမ်းကြည့်ရင်းမှ
နှုတ်ခမ်းထောင့်စွန်း တစ်ဖက်က
မသိမသာလေးကော့တက်သွားခဲ့သည်။"အဲ့တော့ ကိုယ်က မင်းကို အလှထိုင်ကြည့်
နေရမယ်ပေါ့?""ဗျာ?"
သူ့စကားအား နဝေတိမ်တောင်ဖြစ်သွား
ဟန်တူသည်။"ရောက်လာမှတော့ ဘာမှမလုပ်ပဲ အလှ
ထိုင်ကြည့်ဖို့တော့ မဖြစ်နိုင်ဘူးလေ။""အာ. . CEO nimက အထင်လွဲသွား
တာပဲ။ ကျွန်တော်ပြောချင်တာက ဟို. .
ညအရမ်းညဥ့်မနက်စေချင်တာပါ။""ကိုယ်သဘောပေါက်ပြီ။"
သူ အိပ်ခန်းရှိရာ ဦးဆောင်ဝင်လာခဲ့လိုက်
သည်။
YOU ARE READING
Better Half
FanfictionLove affair between arrogant CEO Luhan and attractive Model Oh Sehun. HunHan (Yaoi) *R18*