|11| Jealousy

1K 140 34
                                    

/Better Half/





Sehun shi နဲ့မတွေ့ရတာ (၃)ရက်ကျော်ရှိပြီ။
အရင်က တစ်ပတ် ၊ ဆယ်ရက်လောက်မတွေ့
ရရင်လည်း ဘယ်လိုမှမဖြစ်ပေမဲ့ အခုနောက်
ပိုင်းမှာတော့ ခဏခဏတွေ့ချင်လာခဲ့၏။ ကိစ္စ
တွေရှုပ်နေလို့သာ သူ မဆက်သွယ်မိခဲ့ပေမဲ့
သတိရသည့်စိတ်ကလေးကတော့ အစဉ်ရှိ
လို့နေပါသည်။ တိတိကျကျပြောရလျှင် ကောင်
လေးနေမကောင်းဖြစ်လို့ သူ အဲ့အိမ်ကိုဝင်ထွက်
သွားလာနေမိပြီး နောက်ပိုင်းတွင်ဖြစ်သည်။

ဒီနေ့တော့ သူ Sehun နဲ့တွေ့မှပါပဲ။

Hyung~ ခေါ်လိုက်လို့ရမလား?

Hyung~ ခေါ်လိုက်လို့ရမလား?

Hyung~ ခေါ်လိုက်လို့ရမလား?

"တောက်!"

စိတ်တိုတိုနဲ့ လီဗာကိုဖိနင်းရင်း Oh Sehun
နဲ့ချိန်းဆိုလိုက်သည့် နေရာစီ Luhan ကား
ကို တစ်ရှိန်ထိုးမောင်းထွက်လာခဲ့လိုက်
တော့၏။

မမိုက်လိုက်တာ။ အဲ့ Hyung ဆိုသည့်လူကို
သိပ်အရေးပေးလွန်းသည်ဟု မြင်သည်။ အခု
လည်း အဲ့လူနဲ့အတူရှိနေပုံရပါ၏။ ထိုလူ့စီက
နေခွင့်ပြုချက်လှမ်းတောင်းလိုက်ပြီးမှ ထိုလူက အင်းဆိုမှ သူ့ကို လာခဲ့ဆိုပြီး လိပ်စာညွှန်သည်။

မမိုက်လိုက်တာ။ သဘောမကျလိုက်တာ။
ဒါပေမဲ့လည်း သူ့မှာ ဘာကိုအကြောင်းပြလို့
ဘယ်လိုသွား စောဒကတက်နိုင်မည်လဲ။

သူကားကို ချိန်းဆိုထားသည့် Cofioca ဆိုသည့်
ဆိုင်ရှေ့ထိုးရပ်လိုက်ပြီး လာဖို့ပြောထားသည့်
သီးသန့်ခန်းစီ တည့်တည့်မတ်မတ်လျှောက်ဝင်
သွားလိုက်တော့တယ်။

သူ့မျက်နှာက နူးညံ့ချိုသာနေမှာတော့မဟုတ်။

အဲ့ Hyung ဆိုတဲ့တစ်ယောက်အကြောင်း သူ
Tao ကိုစုံစမ်းခိုင်းထားတာကြောင့် သိပြီးဖြစ်
ပါသည်။ နာမည်က Kim JunMyeon ၊ Sehun
တို့ Entertainment က ဒါရိုက်တာ ၊ Sehunနဲ့
ဘယ်လိုရင်းနှီးတယ် ဘာညာပေါ့။

သီးသန့်ခန်းသို့ဝင်ဝင်ချင်းမှာပဲ ပုခုံးကိုဖက်လျက်
ဖုန်းတစ်လုံးထက် ခေါင်းချင်းဆိုင်လျက်ရှိကြသည့်
မြင်ကွင်းက သိပ်တော့အဆင်မပြေလှ။

Better HalfWhere stories live. Discover now