/Better Half/
"Good Morning"
"Zi Tao အခန်းထဲလိုက်ခဲ့ဦး။"
စောစောစီးစီး ဘာတွေစိတ်အလိုမကျ
ဖြစ်နေပြန်ပြီမသိရ။Lu Geကိုကြည့်ရတာ အခြေအနေ
သိပ်မဟန်တာနဲ့ Taoလည်း မိမိရှေ့စားပွဲ
ထက်က ipadအားကောက်ယူရင်း
အနောက်ကနေ ခပ်သွက်သွက် ရုံးခန်းတွင်း
လိုက်ဝင်လာခဲ့လိုက်တယ်။"ဘာများဖြစ်လို့လဲ CEO nim"
"ရှေ့တစ်ပတ်တုန်းက ဟိုကောင်လေး
မွေးနေ့ရှိတာကို မင်းဘာလို့ ငါ့ကိုမပြော
တာလဲ?"ဘယ်ကောင်လေးတုန်း? အခုတစ်လော
Lu Geက ဘယ်ကောင်လေးနဲ့ ပတ်သက်
နေတာပါလိမ့်?Tao ဦးနှောက်ကို ခပ်မြန်မြန်ပဲ အလုပ်ပေး
လိုက်မိရ၏။ကောင်လေး။ ကောင်လေး။ အာ. . အာ
Sehun. . Oh Sehun။"Oh Sehunကိုပြောတာလား?"
"အင်း။"
"မလိုအပ်ဘူးထင်လို့ပါ။ CEO nimက
ဘယ်တုန်းက အခြားသူတွေရဲ့ မွေးနေ့
ကို စိတ်ဝင်စားဖူးလို့လဲ။"အမှန်တကယ်တော့ Oh Sehunမွေးနေ့က
ဘယ်နေ့မှန်း Taoလည်းမသိပါ။ မုသားမပါ
လင်္ကာမချောဆိုသည့်အတိုင်း ဟုတ်တာရော
မဟုတ်တာရော လျှောက်တင်သည်သာ
အကောင်းဆုံး။ 'မသိပါဘူး' ဟုဆိုလိုက်လျှင်
အခန့်မသင့်ရင် မိမိလစာလေးပဲ့ပါသွားနိုင်
သည်လေ။ ဒါကိုတော့ လုံးဝအဖြစ်မခံ။"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့
ဒီတစ်ခေါက်က မတူဘူး။"
"အခုက ကိုယ်နဲ့ပတ်သက်နေတဲ့ လူရဲ့
မွေးနေ့လေးတောင် မှတ်မထားနိုင်ဘူး
ဆိုပြီး အဖဲ့ခံလိုက်ရသလို ခံစားရတာက
ဆိုးနေတာ။"ဪ. . ဪ. .
Oh Sehunဆိုတဲ့ ကောင်လေးကို အရေး
ပေးလှချည်လား မှတ်ပါတယ်။ လက်စသတ်
တော့ မာနထိခိုက်သွားတာကိုး။Taoလည်း ကိုယ့်အမှုလာပတ်မည်စိုး၍
ဆိတ်ဆိတ်သာငြိမ်နေလိုက်တယ်။"Tao အဲ့ကောင်လေးမွေးနေ့ကို အခုက
စပြီး သေချာရေးမှတ်ထားလိုက်တော့။
ပြီးရင် အဲ့တစ်ရက်မှာ ငါ့အတွက်Schedule
တွေကိုအကုန်ဖြတ်ထားပေး။ အဲ့နေ့ကို
Oh Sehunနဲ့ပဲကုန်ဆုံးမယ်။"
STAI LEGGENDO
Better Half
FanfictionLove affair between arrogant CEO Luhan and attractive Model Oh Sehun. HunHan (Yaoi) *R18*