|02| Our Relationship?

2.1K 141 23
                                    

/Better Half/




ရေနွေးအနည်းငယ်ရောစပ်ထားသည့်
ရေပန်းအောက်ရပ်လိုက်စဉ် နွေးထွေး
အေးမြလျက်ရှိသည့် ရေစက်တွေက
သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံစီးဆင်း
လို့လာလေတော့သည်။

ယခုလက်ရှိ သူ့အတွေးတွေထဲ ကောင်လေး
တစ်ယောက်သာ နေရာယူထားသည့်
အတွက် သူတို့နှစ်ဦး စဆုံချိန်က အကြောင်း
အား စတွေးမိလာရင်း အတွေးရေယာဉ်ကြော
မှာ မြောပါမိတယ်။

လွန်ခဲ့သည့် (၆)လခန့်က။

သူ၏ အတွင်းရေးမှူးတစ်ဖြစ်လည်း
ညီတစ်ယောက်လို ၊ သူငယ်ချင်း
တစ်ယောက်လို ခင်မင်ရပါသော Zi Tao
၏ ကောင်းမှုဖြင့် Music festivalတစ်ခုသို့
လိုက်ပါလာခဲ့ရသည်။ နိုင်ငံခြားကနာမည်ကြီး Djတွေပါဝင်သည့် EDMပွဲတစ်ပွဲပင်။

လူအယောက်ပေါင်း ၆သောင်းကျော်ခန့်
ဆံ့သည့် Seoul Olympic Stadium
တွင် နှစ်စဉ်လာရောက်ကျင်းပသည့်
Ultra Music Festival ပင်ဖြစ်သည်။

လူတွေက အများသား။

ဒီလိုပွဲမျိုးတွေ ကိုယ့်ဟာနဲ့ကိုယ်ဆို
ရောက်ဖြစ်မှာမဟုတ်။ သဘောမကျ
တာတော့မဟုတ်ပေမဲ့ ယခုလိုပွဲမျိုးက
အပေါင်းအသင်းကောင်းကောင်းနဲ့
အုပ်စုလိုက်သွားမှ ဒါမှမဟုတ် စော်လေး
တစ်ယောက်လောက်ရှိမှ ပိုပျော်စရာ
ကောင်းမည်မှာ ပြောစရာပင်မလို။
အိမ်နဲ့ အလုပ် ၊ အလုပ်နဲ့ အိမ် ဒါဘဲ
လည်နေသည့် သူ့အတွက် စိတ်တူ
ကိုယ်တူ အပေါင်းအသင်းဆိုတာတွေက
အရှားသား။ နောက်တစ်ခုက အသက်
အရွယ်။ အင်း. . အသက်(၃၀)ဆိုသည့်
အရွယ်က ကြီးပြီလို့လည်း မဆိုနိုင်ပါဘူး။

"Wow မိုက်လိုက်တာ။"

အသံလာရာ ဘေးဘက်က Taoဆီ
သူအကြည့်ရောက်တော့ ဖုန်းတစ်လုံးနဲ့
ဟိုဒီဓာတ်ပုံရိုက်ရင်း တက်ကြွလျက်ရှိ
သည်ကိုတွေ့သည်။

"Lu Ge~ ကျွန်တော့်ကို ဓာတ်ပုံရိုက်
ပေးဦး။"

ဒီကောင် ငါ့ကို ခိုင်းစားဖို့များ ခေါ်လာ
တာလား?
စိတ်ထဲက ခပ်ချဉ်ချဉ်တွေးလိုက်ရင်းမှ
သုံးလေးပုံလောက်တော့ ရိုက်ပေး
လိုက်ပါသည်။

ပွဲကမကြာခင် စတော့မည်။
သူတို့က အပေါ်ထပ်က VVIPနေရာ
တွင်ဖြစ်ကာ ကိုယ့်စားပွဲဝိုင်းနဲ့ကိုယ်
ထိုင်လို့ရပြီး သောက်စရာမျိုးစုံပါ
ဝင်လျက် အပြည့်အစုံပင်ဖြစ်သည်။

Better HalfWhere stories live. Discover now