|06| Remembrance (520 Day)

1.3K 141 27
                                    

/Better Half/




အကျင့်ပါနေသည့်အတိုင်း နှုတ်က
လွှတ်ခနဲထွက်သွားခဲ့သည့် စကား
တစ်ခွန်းနောက်တွင် မာနအရောင်နဲ့
တင်းမာစူးရဲလှသည့် အကြည့်တစ်စုံ
သူ့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်
၍လာခဲ့သည်။

ထို့နောက် ချက်ချင်းပင် ရှေ့မှောက်မှ
ချာခနဲလှည့်ထွက်သွားခဲ့သည့်အတွက်
စကားပြောချိန်ပင်မရလိုက်။ လှမ်းခေါ်
သည်အားလည်း တစ်ချက်ကလေးပင်
စောင်းငဲ့ကြည့်မသွားပဲရှိ၏။

ပွဲကနေလည်း စောစီးစွာပြန်သွားပြီး
နောက် အဆက်အသွယ်မရတော့တာ
ယခုအချိန်ထိပဲဖြစ်သည်။ သူ့အား မတွေ့
မမြင်ချင်လို့ဆိုတာ ကောင်းကောင်း
ကြီး သဘောပေါက်ပါရဲ့။

တစ်ပတ်ဆိုသည့် အချိန်တွင်းမှာတုန်း
ကတော့ 'ငါပြောလိုက်တာက အရမ်း
လည်း မလွန်ပါဘူး' ဆိုတဲ့ အတွေးနဲ့
သူသည်လည်း ဘာသိဘာသာ နေ
ဖြစ်ခဲ့သည်။

နှစ်ပတ်ဆိုသည့် အချိန်သို့ကူးပြောင်း
လာချိန်တွင်တော့ 'ပြောလိုက်တာ
နည်းနည်း လွန်သွားတာပဲ' ဆိုတဲ့
အတွေးလေး စဝင်လာလျက် ဆက်သွယ်
ဖို့ရာ စိတ်ကူးမိလာ၏။
ရလဒ်ကတော့ 'လူကြီမင်း ခေါ်ဆိုသော. .'
နဲ့အစပြုလျက် ကြိမ်ဖန်များလာတော့
'မအားဘူး' ဆိုသည်ကိုသာ လက်ခံရရှိ
လိုက်သည်။

ယခု နှစ်ပတ်ကျော်လို့ သုံးပတ်ထဲသို့
ရောက်လာချိန်တွင်တော့ လွန်တယ် ၊
မလွန်ဘူး လွန်ဆွဲရင်း နောက်ဆုံးမှာ
မိမိမာနအား အနည်းငယ်လောက်လေး
ခဝါချဖို့ရာ သုံးသပ်မိလာ၏။

"CEO nim"

နားထင်အား လက်ချောင်းတို့နဲ့
ဖိထောက်ထားရင်း စဉ်းစားခန်းဝင်
နေရာမှ ခေါ်သံကြောင့် သူလှမ်းကြည့်
မိရ၏။

ရုံးခန်းထဲဝင်ရောက်လာသည့် Tao
လက်ထဲတွင် အထုပ်အပိုးတချို့နဲ့။

"ဘာတွေလဲ?"

"နာရီတွေပို့လာပြီ Lu Ge"

"ဟုတ်လား။"

ဝမ်းသာအားရနဲ့ မျက်လုံးတွေက အရောင်
လက် တောင်ပလာလျက် ပြုံးပန်းဝေဆာ
လာသည့်Lu Geကိုမြင်တော့ Tao တစ်ချက်
မဲ့လိုက်မိ၏။ ဒီရက်ပိုင်းအတွင်း မှုန်ကုတ်
လျက်ရှိရာမှ ထူးထူးခြားခြား ပြုံးလာ
သည်ကြောင့် နာရီအစွမ်း အံ့မခန်းဟု
ဆိုရမလိုပင်။

Better HalfOnde histórias criam vida. Descubra agora