အပိုင်းနှစ်
ပြန်မတွေ့တဲ့ နေ့များ
အဲ့ညက ဘားမှာတွေ့ခဲ့တဲ့ကောင်မလေးအကြောင်း
ဆက်ပြီး မတွေးဖြစ်တော့ဘူး။
ကိုယ့် ညစာ researcher မမကလည်း
အတိုင်းတာတခုထိ လှတယ်လေ။
သူနဲ့ ဒီလိုပဲ ဒိတ်နေတာ ရှစ်လလောက်
ရှိပြီလို့တော့ ထင်တယ်။
ကျနော်တို့ နှစ်ယောက်က business network
ပွဲကနေ သိကြတာ။
နောက်ကြတော့မှ ဒီလိုပဲ ဒိတ်မိကြတာ။
ခက်တာက သူကော ကိုယ်ကောက
ချစ်ပေမဲ့ တခုခု လိုနေသလိုပဲ။
သူ့အနေနဲ့ အတည်တကျ တခုခုကို နစ်ဝင်လိုက်ဖို့
အတော်လေး မလုပ်ချင်ပုံပဲ။
ဘာပဲပြောပြော ဒီတယောက်က ကျနော့အတွက်
ရွှေပဲ။
လိင်မှုကိစ္စ သာယာမှုရနေလို့ ပြောတာ မဟုတ်ဘူး။
နှစ်ယောက်ကြားမှာ ပြောစရာ စကားတွေ ရှိတယ်။
ကျနော်ကလည်း ဒေတာသမား။
သူကလည်း Research ဘက်ကဆိုတော့
တော်သေးတာပေါ့။
ရှေ့နှစ်တုံးကဆို ဆေးကျောင်းသူတယောက်နဲ့
ဒိတ်သေးတယ်။
လူက အရူးလိုပဲ သူ့ဖိအားတွေကို
ကိုယ်လည်း နားမလည်။
သူ့စာမေးပွဲဖိအားတွေက အတော်ဆိုးတယ်။
ကျနော်ကလည်း မာနနဲ့ကောင်။
စာမေးပွဲ ရှိလို့ အိမ်ပြန်မထွက်နိုင်သူကိုမှ
ပီဇာပို့ချင်တဲ့ကောင် မဟုတ်ဘူး။
တွေ့တုံးခင်တုံး ကြင်လိုက်နေလိုက်တာပဲ
ရှိချင်တာ။
ပြီးရင် လိင်ပိုင်းကိစ္စမှာ ဂျီဂျောင်က ကျသေးတယ်။
တခါသားက သူနှုတ်ခမ်းပေါက်နေလို့
ကျနော့ကို မနမ်းချင်ဘူးတဲ့။
ပြီးတော့ တခြားကောင်မလေးတွေနဲ့
အိပ်တဲ့ကိစ္စကို အရမ်းအရမ်းကို စိတ်ဝင်စားတာပဲ။
ကျနော့အတွက် ခက်တယ်။
ဒါမျိုးဆိုတာ ကြွားမကောင်းဘူးရယ်။
Researcher မမကတော့ အဲ့လို မဟုတ်တော့
တော်သေးတယ်။ကျနော်တို့ နှစ်ယောက် ကိစ္စတခေါက်ပြီးသွားတော့
စောင်လေးခြုံပြီး လှဲနေကြတယ်။
"ဟိုတယ်မှာ နေရတာ ဆေးလိပ်သောက်မရတာ
တခုကတော့ အတော်ဆိုးတယ်။"
"ယူက သောက်ချင်ပြန်ပြီလား"
"အင်းပေါ့ ကိုရဲ့ လူက အကျင့်ပါနေပြီ"
"ဘာအကျင့်ပါ"
"တရက်တရက် ကိန်းဂဏန်းတွေ ကြည့်ရတာ
ပင်ပန်းတယ်လေ အဲ့ခါကြ သောက်ချင်ကော"
"အင်း ကိုလည်းကြည့်ရတာပဲ ဒါပေမဲ့ မသောက်ဖြစ်ပါဘူး။"
"လူခြင်းမတူတာကို ကပ်သပ်မနေနဲ့"
"အင်းပါ အလုပ်ကော အဆင်ပြေလား"
"ဒီလိုပါပဲ"
ပြီးတော့ ကျနော်တို့ စကားပြတ်သွားတယ်။
သူ့အကျင့်က ဒါပဲ။
ဘာမှ သေချာပြောပြတာ မဟုတ်ဘူး။
ခု ရှစ်လထဲမှာ ဆယ်ကြိမ်ကျော်လေး နေဖူးတယ်။
ဒါပေမဲ့ သူ့အကြောင်း သိရတာ အတော်နည်းတယ်။
သူ ပိုက်ဆံကိစ္စ စိတ်မပူတတ် အိမ်ကိုမပေးရတတ်
အိမ်ကလည်း အပြင်ထွက်အိပ်တာ မတားတတ်
ဒါလောက်ပဲ သိတာ။
ပြောရရင်တော့ ကျနော်ရောပါပဲ။
စုငွေဆို ဆယ်သိန်းစွန်းလေး အမြဲရှိတယ်။
Sale ချချိန်ဆို အင်္ကျီကောင်းလေး ဝယ်ဝတ်နိုင်
ဟိုနား ဒီနား ခရီးထွက်နိုင်တယ်။
ကျနော်တို့လည်း တခုခုကို စဉ်းစားနေတာနဲ့
ဘာမှ ဆက်မပြောဖြစ်ကြဘူး။
တနာရီကျော်လောက်ကြာမှပဲ
သူ့ကိုယ်ပေါ်ကို ဖြည်းဖြည်းခြင်းတက်ပြီး
နှုတ်ခမ်းလေးကို အသာလေး စုပ်ပြီး နမ်းလိုက်မိ။
Research မမကလည်း လက်နဲ့ ဆံပင်ကို ထိုးဖွပြီး
ဖိတ်ခေါ်နေလေရဲ့ ဒီလိုနဲ့ပဲ။
YOU ARE READING
ရှာဖွေတွေ့ရှိခဲ့သောသူမမျက်လုံးထဲက မျက်ရည်များ
Short Storyရေးသားသူ ရန်နိုင်ဦး https://www.facebook.com/yannaing13