အပိုင်း ရှစ်
တခုယူရင် တခုပေးရသော ဘဝများ
"ချစ်သား ငါက မင်းတို့ သတ်မှတ်ထားတဲ့
ဘုရားသခင်ပဲ"
"ဟုတ်လား ကျနော်က ဘာလို့ ယုံရမှာလဲ?"
"မင်းကို ငါက ဘာလို့လိမ်ရမှာလဲ?"
"တခုခု လိုချင်လို့ ဖြစ်မှာပေါ့။"
"မင်း ကိုယ့်ကိုယ်ကိုယ်လည်း ကြည့်ပါဦး။
အဝတ်တောင် မပါပဲနဲ့
ငါက ဘာကို လိမ်ရမှာလဲ?"
"ကျနော့ ယုံကြည်မှု၊ ကိုးကွယ်မှုက
ငွေကြေးတစုံတရာထပ် ပိုတန်တယ် မဟုတ်လား?"
"အဲ့ဒါက မင်းတို့ ထင်နေတာပါ"
"ဘုရားအတွက် ဒါက အသုံးဝင်ဆုံး
မဟုတ်ဘူးလား?
ရှိသမျှ ဘာသာရေးခေါင်းဆောင်တွေက
အဲ့ဒါ ပြပြီး ရောင်းနေတာပဲကော"
"ဒါဆို မင်းကို ငါပြန်မေးမယ်။
ငါက ဘုရားဆိုပါစို့ မင်း ဘယ်လိုမြင်လဲ?"
"အနန္တတန်ခိုးရှင်ပေါ့။ အရာရာပြည့်စုံသူ"
"အဲ့က စပြီး မှားတာပဲ။
အဲ့လိုသာ စဉ်းစားလိုက်ရင်
ငါက ငါ မမနိုင်တဲ့ ကျောက်တုံးကို ဖန်ဆင်းပြရမလို
ဖြစ်နေပြီပေါ့။
တကယ်လို့ မဖန်ဆင်းနိုင်ရင်
ငါက အရာရာ မလုပ်နိုင်ဘူး။
ဖန်ဆင်းပြီး မမနိုင်ရင်လည်း
အရာရာ မလုပ်တဲ့သဘောပဲလေ။"
"အဲ့တော့ ခင်ဗျားက ဘုရားသခင်ဆိုပြီး
ဘာမှ မစွမ်းဘူးလား?"
"အဲ့လိုတော့ မဟုတ်ဘူးလေ။
မင်းကို ငါဥပမာ တခုပြောပြမယ်။
မင်းငယ်ငယ်တုံးက အဖေက အပြင်ကနေ
စားစရာတွေ ဝယ်လာရင် မင်းတို့ကို ဘာပြောလဲ?
တယောက်ယောက်ဆီမှာ ပင်ပင်ပန်းပန်း
အလုပ်လုပ် ပြီးတော့ သူတို့ ပေးတဲ့လခနဲ့
ဝယ်လာတာပါ အသေးစိတ် ရှင်းပြဖူးလား?
ဘယ် ရှင်းပြမလဲ။
ပြီးတော့ မင်းတို့ အမေကကော
မင်းတို့ အဖေက မင်းတို့ကို ချစ်လွန်းလို့
မစားရက်မသောက်ရက်နဲ့ ဝယ်လာတယ်။
ဒါပဲပြောတာ မဟုတ်လား?"
"အဲ့တော့ ခင်ဗျားပြောချင်တာက
ကျနော်တို့က ဘုရားသခင်ကို တကယ်နားမလည်ပဲ
အဓိပ္ပါယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုတယ်
အဲ့သဘောလား?"
"ဘာလို့ မိသားစုတွေက ဒီလောက် ပုံစံဖြစ်နေလဲ
မင်းတွေးမိလား? ဘာလို့ အဖဘုရားသခင်လို့
ငါ့ကို သုံးနှုန်းလဲ?"
"ဒါဆို ခင်ဗျားက ဘာလဲ?"
"မင်းတို့လို ဖြစ်တည်မှုတခုပါပဲ။
မင်းတို့နဲ့ ရင်ဆိုင်တွေ့ကြုံရတာခြင်း မတူတာပဲ
ရှိတာပါ။"
"ဒါဆို ခင်ဗျား မဖြေရှင်းဘူးလား?"
"ဖြေရှင်းတာပေါ့။ ဒါပေမဲ့ လိုရာဆွဲတွေးကြတာပဲ"
"ခင်ဗျား တန်ခိုးတွေ ပြပြီး မဖြေရှင်းဘူးလား?"
"တန်ခိုးဆိုတာ ပြချင်တိုင်း ပြလို့ရတာ မဟုတ်ဘူး။
တခုပြပြီး တခုပြန်ပေးဆပ်ရတာ။
မင်းနားလည်လွယ်အောင် ပြောရရင်
သေနတ်နဲ့ အမဲလိုက်တာက အဲ့အကောင်တွေ
အတွက် တန်ခိုးပြသလိုပဲ။
တကယ်လို့သာ ကိုးကွယ်ခံချင်ရင် မင်းကို
သေနတ်ဘုရားဆိုပြီး လုပ်လို့ရတယ်။
ဒါပေမဲ့ မင်းတို့က အသားလိုချင်တာဆိုတော့
ကိုးကွယ်မဲ့ကောင် မကျန်ဘူးပေါ့။"
"ရှုပ်သားဗျ"
"မင်းတို့ လူ့လောကတောင် ဒီလောက်ရှုပ်တာ
မင်းတို့ ကိုးကွယ်သူက ဒီထပ် ရှုပ်မပေါ့"
YOU ARE READING
ရှာဖွေတွေ့ရှိခဲ့သောသူမမျက်လုံးထဲက မျက်ရည်များ
Short Storyရေးသားသူ ရန်နိုင်ဦး https://www.facebook.com/yannaing13