1 0 0
                                    

အပိုင်းငါး

ရုပ်ရှင်ထဲက ဘူတာအိုလေးဟာ ဘဝဆိုပါစို့။

ကျနော်တို့ ရုပ်ရှင်ဒိတ်မယ် ပြောပြီးတော့
ဘားကကောင်မလေးနဲ့ ကျနော်
မတွေ့ဖြစ်တော့ပြန်ဘူး။
ပြဿနာက သူနဲ့ပတ်သက်တဲ့ အဆက်အသွယ်
ကျနော့မှာ မရှိတာပဲ။
ဒါပေမဲ့ ကံမကုန်ရင် ဒီတိုင်း ပြန်တွေ့ရမယ်လို့
ထင်နေတာလည်း ပါတယ်။
ဒါကလည်း ဝတ္တုဆန်လွန်းတယ် ပြောရမှာလား။
ဒါမှမဟုတ် ကိုယ့်ဟာကိုယ်ပဲ ဂုဏ်ယူလွန်းတယ်
ဆိုရမလား။
တကယ်တော့ မဟုတ်ပါဘူး။
လူတိုင်းလိုပဲ ကျနော့မှာလည်း
မဲမှောင်အားငယ်စရာ အခန်းတွေနဲ့ ရှိပြီးသားပဲ။
ဒီအတွေးတွေ ကျနော့စိတ်ထဲရောက်လာတယ်။
အလုပ်လုပ်နေရင်းနဲ့ ဒိတ်နေရင်းနဲ့
ကျနော့ရဲ့ အသုံးမကျခြင်းများအကြောင်း။
ဒီအကြောင်းကို ကျနော် ဘယ်သူ့ပြောပြရမလဲ
မသိဘူး။
Researcher မမနဲ့ကြတော့လည်း
ကျနော်တို့က တတန်းတူတည်းလို နေကြတာ။
ကျနော့စိတ်ထင် ကျနော့ရဲ့ အားနည်းချက်တွေ
မလုံခြုံမှုတွေကို ပြောမိရင်
သူ ကျနော့ထားသွားမယ်လို့ ကျနော် ထင်တယ်။

အဲ့ မအံ့ဘွယ်ဘားက ပြန်လာတော့
သူ အလုပ်ကို ခွင့်ယူလိုက်တယ်။
နယ်သွားမဲ့ကိစ္စကိုလည်း ဖျက်လိုက်တယ်။
သူနဲ့ကျနော် ဟိုတယ်မှာပဲ နေလိုက်တယ်။
သူ့မျက်လုံးတွေက ကြောင်မလေးလိုပဲ။
အရောင်တွေ တဖျတ်ဖျတ်တောက်လို့။
သူ ကျနော့ကိုယ်အပေါ်မှာ အကြိမ်ကြိမ်အခါခါ
ကစားတယ်။
သူကော ကျနော်ကော မွဲနေလို့
အပေါစားဟိုတယ်ရောက်နေတော့
ကုတင်က တကျွီကျွီမြည်တယ်။
ဘားက အရည်တွေကြောင့်လား မသိဘူး။
ကျနော် ပုံမှန်ထပ်ကြာတယ်။
သူ မောပန်းသွားတဲ့အချိန်ထိ ကျနော့မှာ
မပြီးနိုင်သေး။
သူ ကျောခင်းချလိုက်ချိန်ကြမှ အပြီးသတ်သွား။
သူနဲ့ ကျနော်နဲ့ ထုံးစံအတိုင်းပဲ
ချစ်တယ်လို့ မပြောမိကြပြန်ဘူး။
သူ ကျနော့ကို ချစ်လား မချစ်လားဆိုတာ
ဘယ်တော့မှ မမှန်းဆနိုင်ခဲ့တဲ့ အဖြစ်အပျက်တခုပဲ။
သူက ကျနော့ရင်ခွင်ထဲမှာ ရှိတယ်။
သူကော ကျနော်ကော ပူနွေးနေတယ်။
ချစ်တယ်လို့ တယောက်ကိုတယောက် ပြောစရာ
လိုသေးလား ကျနော်မခွဲခြားတတ်ဘူး။
မချစ်ပဲနဲ့ လုပ်စရာလားလို့ ပြောရမှာလား
မချစ်ပဲနဲ့ လိမ်ညာပြီး ဒီလိုနေရဖို့
တောင်းဆိုနေသူတွေ အများကြီးလို့
နှလုံးသွင်းရမလား။
သူနဲ့ပတ်သက်ရင် အကန့်အသတ်တွေများတယ်။
ဒါကိုပဲ သူကလည်း ကြိုက်နေပုံပဲ။
သူ့ခေါင်းလေးကို ကျနော့ဘက်စောင်းခိုင်းပြီး
နမ်းလိုက်မိတယ်။

ရှာဖွေတွေ့ရှိခဲ့သောသူမမျက်လုံးထဲက မျက်ရည်များWhere stories live. Discover now