အပိုင်း တဆယ်
ကိုယ်ပိုင် ဥပဒေတွေဟာ လေထဲကဖဲအိမ်
ကျနော်တို့ ကိစ္စဝိစ္စတွေ ပြီးသွား
ခြေကုန်လက်ပန်းကျ အိပ်ပျော်ပြီး နိုးလာတော့
ညခုနစ်နာရီထိုးနေပြီ။
HR မမက ဘေးမှာ အိပ်ပျော်နေတုံး။
သူ့ရဲ့ နှာခေါင်းက မဆိုသလောက် ပွတတနိုင်တာ
ကျနော် သတိထားမိတယ်။
ဒါကလည်း သူ့ကိုယ်ထဲ ကိုယ်တိုးဝင်နေတုံး
ဒါမှမဟုတ် ကိုယ်ပက်လက်လှန်ထားတုံး
နှာခေါင်းပေါက်ကြီးကို မြင်နေရလောက်အောင်
ကြီးတာ မဟုတ်တဲ့အတွက် ကိစ္စမရှိပါဘူး။
ဘောင်းဘီဝတ်ပြီး ဝရံတာမှာ စီးကရက်ကို
မီးညှိလိုက်တယ်။
Research မမ ပြောတဲ့ စိတ်ညစ်ရင်
ဆေးလိပ်သောက်ရတယ်ဆိုတဲ့စကားကို
သွားသတိရတယ်။
သူ(မ)ကော ဘယ်တွေရောက်နေပြီလဲ
ထပ်တွေးမိပြန်ကော။
အဲ့စိတ်နဲ့ပဲ တရှိုက် နှစ်ရှိုက် သုံးလေးရှိုက်။
အနောက်နေ ကျနော့ကို သိုင်းဖက်ထားတယ်။
သူ(မ) ရဲ့ ပါးက ကျနော့ရဲ့ ကျောကုန်းကို
ကပ်ထားလို့။
သူ(မ)က အရပ်မြင့်တော့ ပါးစပ်က
ကျနော့လည်ကုပ်နားကို အသာလေးရောက်တယ်။
ကျနော့ရဲ့ လည်တိုင်ကို ဖွဖွလေးနမ်းတယ်။
နှုတ်ခမ်းသားနဲ့ ပွတ်ဆွဲတယ်။
ဟပြီး သာသာလေးပဲ ကိုက်တယ်။
နှုတ်ခမ်းနဲ့ စုတ်ယူရင်းနဲ့ လျှာနဲ့
ဝလုံးလေးတွေ ရေးတယ်။
ကျနော် ဆေးလိပ်ကို နောက်ဆုံးတခေါက်
ရှိုက်ချလိုက်တယ်။
သူ(မ)လက်က ကျနော့ ခန္ဓာကိုယ်ကို
သုံးသပ်လို့ နှုတ်ခမ်းက လည်ပင်းရဲ့
နောက်တခြမ်းကို ကူးပြောင်းသွားတယ်။
သူ(မ) ဟာ ကျနော် သိသမျှထဲမှာ
အစားအသောက် လောဘကြီးသူပဲ။
ကျနော် နောက်လှည့်ပြီး သူ(မ)ကို
ပွေ့ဖက်နမ်းလိုက်တယ်။
ဟိုးတနေ့ညက တခြားမိန်းမတွေကို
လွမ်းဖူးတဲ့ ပက်လက်ကုလားထိုင်မှာ ထိုင်ရင်းနဲ့
သူ(မ) ခြေဖဝါးတွေက ကျနော် ဒူးပေါ်မှာ။ညစာတူတူ စားတော့ သူက
ကျနော့မျက်နှာကို သေချာ မကြည့်ဘူး။
သူ့ထမင်းဟင်းပဲ သူထည့်စားနေတယ်။
ပြောလို့ပြောတာ မဟုတ်ဘူး ထမင်းဟင်းတော့
အတော်ချက်ကောင်းတာ။
သူကလည်း စကားမပြောတော့
ကျနော်ကလည်း ဘာပြန်ပြောရမှန်း မသိဘူး။
ကျနော်တို့ သောက်ပြီး စားပြီးတော့
ဧည့်ခန်းမှာ အေးဆေး ထိုင်နေကြတယ်။
ကျနော့ ကွန်ပြူတာနဲ့ ရုပ်ရှင်ပြတော့
သူ(မ)က ကျနော့ လက်ဖမိုးကို အုပ်ကိုင်ထား။
ပြီးတော့ ကျနော့ လက်မောင်းကို မလိုက်ပြီး
သူ(မ) ပုခုံးပေါ်တင်ထားလိုက်တယ်။
သူ(မ)ရဲ့ လက်နှစ်ဖက်က
ကျနော့ရဲ့ ခါးကိုဖက်ထားရင်းနဲ့မှ
ခေါင်းက ရင်အုံပေါ်တင်ထားတာ။
အတော်ရိုတဲ့ မမပဲ တွေးမိရင်း
ပေါက်တိပေါက်ရှာတွေးမိတယ်။
"အမရေ ကျနော်ညီလေးကတော့
အိပ်မက်ကမ္ဘာထဲ အိပ်မောကျနေပါပြီ" ဆိုပြီးတော့။
ဒါပေမဲ့ သူ့ဘက်က ဒီလောက်မှာပဲ
စိတ်ကျေနပ်ပုံရပါတယ်။
ဘာမှဆက်မလှုပ်ရှားဘူး။
ကျနော်လည်း ခပ်တင်းတင်းလေး
ဖက်ထားလိုက်တယ်။
ကျနော့စိတ်ထဲ သူ့ကြောင့် အလုပ်ထွက်သွားရတဲ့
ညီလေးအတွက် စိတ်မကောင်းဖြစ်နေတုံးပဲ။
ဒါပေမဲ့ အခုကတော့ ကျနော့အတွက်
မိန်းမတယောက်ရဲ့ အထိအတွေ့လိုတယ်။
အဲ့ မိန်းမကလည်း ရုပ်ဆိုးပန်းဆိုး မဖြစ်ဖို့လိုတယ်။
အတူအိပ်ပြီးတာနဲ့ ခပ်ခွာခွာနေရလောက်အောင်
လိင်မှုကိစ္စ တခုအတွက်ပဲ ပတ်သက်ခဲ့တာမှ
မဟုတ်တာဆိုတော့ သူနဲ့ ကျနော်နဲ့
အခုအနေအထားက အေးဆေးပဲ။
ရုပ်ရှင်ကားပြီးတဲ့အထိ သူ(မ) အသက်ရှုသံက
ရင်ဘတ်ကို နွေးနွေးလေး ဖိတွေ့နေတယ်။
ကျနော် ဒီလိုပဲ နေလို့ရရင်
တသက်လုံးနေသွားချင်တယ်။
"လူတွေက အသက်ကြီးလာရင်
ကြောက်တတ်လာတယ်။"
မစ္စဂျေ ပြောစကားက နားထဲမှာ ပြန်ကြားရတယ်။
ခင်ဗျားသောက်ရမ်းမှန်တယ်ဗျာ။
သူ မကြားရမှန်း သိပေမဲ့ ကျနော် ပြောမိတယ်။
YOU ARE READING
ရှာဖွေတွေ့ရှိခဲ့သောသူမမျက်လုံးထဲက မျက်ရည်များ
Short Storyရေးသားသူ ရန်နိုင်ဦး https://www.facebook.com/yannaing13