0 0 0
                                    

အပိုင်းခုနစ်

ပြန်မရတော့တဲ့အတွက် ဝမ်းနည်းစရာများ

ခင်ဗျားကတော့ ထင်မှာပဲ။
ကင်းခြေမျှား တကောင် ခြေတဖက်ကျိုးတာများ
နာအံ့ တွေးနေသေးတယ်လို့။
ဒါပေမဲ့ ခင်ဗျားသိရမှာက ဒီစကားက
ကင်းခြေမျှားက ပြောတဲ့စကား မဟုတ်ဘူးဗျ။
ကင်းခြေမျှားကို ကြည့်ပြီး သူခံစားရမယ်ထင်တဲ့ဟာ
ပြောခဲ့တာပဲ မဟုတ်လားဗျ။
ဒီကောင် အဲ့လို ဖြစ်မယ် မဖြစ်ဘူးဆိုတာ
ဘယ်သူမှ ပြောလို့ ရတာမဟုတ်ဘူး။
ကျနော်လည်း ဆေးကျောင်းသူနဲ့ ပတ်သက်ရင်
ဒီလိုပဲ ခံစားရတယ်။
ဘာလို့လဲလို့မေးရင် ရိုးရိုးရှင်းရှင်း ပြောပြရရင်
မနက်တိုင်းမှာ လာရောင်းတဲ့ ပဲပြုတ်သည်ကို
မတွေ့ရတော့သလိုပဲလို့ ကျနော် ထင်တယ်။
ကျနော့အနေနဲ့ ပဲပြုတ်ထဝယ်စားချင်မှ
ဝယ်စားလိမ့်မယ် ဒါပေမဲ့ ဝယ်စား မစားဆိုတာကို
ကျနော့ဘက်က ဆုံးဖြတ်ပိုင်ခွင့်ထဲမှာ
ရှိစေချင်တယ်။
နောက်ဆုံး ဝယ်မစားဖြစ်တာခြင်း တူရင်တောင်
မလာလို့ မဝယ်စားရတာထပ်စာရင်
လာပြီးတော့ မဝယ်စားဘူးကွာ ရွေးချယ်ရတာ
ပိုကောင်းမယ်လို့ ကျနော် ထင်တယ်။
အတ္တပါပဲ။
ကျနော်တို့ ဘလော့လိုက် ပြန်လာလိုက်ဆိုတဲ့
သံသရာကြီးမှာ ရှင်သန်နေတာ ကြာပြီ။
ဒီတခေါက်တော့ ကျနော့ဘက်ကပါ
ပြန်ဘလော့ထားရတော့မယ်။
ခင်ဗျားကတော့ ထင်မှာပဲ။
ဘာမှမဟုတ်တာလေးကို ပြာလဲ့ကို ဇာချဲ့နေတယ်။
ညစာလေးတပွဲ လွတ်သွားတာကိုလို့။
နည်းနည်းစဉ်းစားကြည့်ရအောင်
ခင်ဗျား ဗိုက်ဆာနေတုံးက
တရုတ်ပြည်မကြီးမှာ အငတ်ဘေးနဲ့ သေခဲ့ရတဲ့
တရုတ်မတွေအကြောင်း တွေ့ပြီး ဖြေသိမ့်လား?
အဲ့လိုကော ဖြေသိမ့်လို့ ရရိုးလား။
ကျနော့ရဲ့ နယ်နိမိတ်ထဲမှာ ဝင်လာရင်
ကျနော့ ဒဏ်ရာ အနာတရတွေကပဲ
အရေးကြီးဆုံးပဲဆိုတာ မမေ့စေချင်ဘူး။

ဒီစိတ်နဲ့ပဲ ကျနော့မှာ ရုံးတက်နေရတယ်။
ကံကောင်းတာက ရုံးမှာက ဘာမှ ထွေထွေထူးထူး
မရှိလှဘူး။
ကျနော့ရုံးကလူတွေကလည်း ကောင်းတာပါတယ်။
ရုံးခန်းမှာက ရုံးတွင်းနိုင်ငံရေး
ကောင်းတာလည်း ပါမှာပေါ့။
ကျနော်ကတော့ နားအေးပါးအေးပဲ နေချင်တာ။
ရုံးခန်းမှာက လူ လေး ငါးယောက်ပဲ ရှိတာ။
အဲ့နေ့က ရုံးကို ရောက်တာ နောက်ကျတယ်။
ရုံးရောက်တော့ ငြိမ်သက်နေပေမဲ့
မုန်တိုင်းပြီးလို့ ငြိမ်သက်တဲ့ ဖရိုဖရဲငြိမ်သက်ပုံမျိုး။
ကျနော်တို့ အခန်းထဲမှာက
လူကခပ်နည်းနည်းပဲ ရှိတာရယ်။
အဲ့ထဲကမှ တယောက် ပျောက်နေတော့
ဘာလို့လဲ ကျနော် ထိုင်စဉ်းစားနေတယ်။
အဲ့ချာတိတ်က ခုမှ တက္ကသိုလ်ပြီးခါစရယ်။
ခဏနေတော့ Regional Director က
ကျနော့ ပုခုံးကို လာပုတ်ပြီး
အပြင်ကို ခေါ်ထုတ်သွားတယ်။
ပြီးတော့ အခန်းထဲမတွေ့တဲ့ ချာတိတ်ကို
အလုပ်ထုတ်လိုက်တဲ့အတွက် လူသစ်ခေါ်ဖို့
အင်တာဗျူးပြင်ဖို့ လုပ်ခိုင်းတယ်။
သူ့မျက်နှာကလည်း မသာမယာနဲ့ဆိုတော့
အခြေအနေကလည်း ကြည့်နေရသေးတယ်။
ဆေးလိပ်တလိပ်စာကြာတော့
ဘာမေးစရာ ရှိသေးလဲ မေးတော့
ခေါင်းခါပြလိုက်တယ်။
ပြီးတော့ သူနဲ့ပဲ အခန်းထဲ တူတူပြန်ဝင်လာတယ်။
ရုံးခန်းထဲရောက်တော့မှ ပြန်တဲ့ကောင်တွေကို
လိုက်ပြီးမေးရတယ်။
ဖြစ်တာက ဒီလို
ရုံးက ချာတိတ်က HR ဌာနက မမကြီးကို
ရည်းစားစကား ပြောလို့။
အဲ့ အမကြီးက အတော်မိုက်ပြီး
မျက်နှာတည်တယ်။
ကျနော်နဲ့လည်း လေပေးဖြောင့်တယ်။
ဖြောင့်တယ်ဆိုတာကလည်း လုပ်ဖော်ကိုင်ဖက်ပါပဲ။
ဆံပင်ရှည်ရှည် မျက်ဝန်းကနက်နက်နဲ့
နှုတ်ခမ်းက ခပ်ထူထူလေး။
နှာခေါင်းမလှတာလေးကို ခွင့်လွှတ်မယ်ဆိုရင်
Typical မမ ရုပ်မျိုး။
ပြီးတော့ HR ဆိုတော့ အပျော့ဆွဲနဲ့ အလဲထိုးကျွမ်း
ဥပမာ မောင်လေးနော် မမ မကြိုက်ဘူးဆိုပြီး
သံရှည်လေးသာ ဆွဲပြောပြီး မျက်စောင်းထိုးချလိုက်
တော်ရုံ ဆယ်ကျော်သက်လေးက ပျော့ခွေသွားမှာ။
အမှန်တော့ ရုံးမှာက ဒါနဲ့ ပတ်သက်ရင်
ပေါ်လစီလည်း ရှိတာမဟုတ်ဘူး။
ဒါပေမဲ့ အထုတ်ခံလိုက်ရတာပဲ။
ဆိုးတာက ဒါက မှန်တယ် မှားတယ်ဆိုတာထပ်
စည်းမျဉ်းအရ ညှိနေတယ်ဆိုတဲ့ သဘော။
မမကြီးက သူ့ကို ထိပါးနှောက်ယှက်ပါတယ်ဆိုပြီး
တိုင်တာလည်း ပါတယ်။
ရုံးကလည်း Gender ညီတူညီမျှဆိုတာကို
အတော်လေး အလေးထားတော့
မိန်းမတယောက် ငြင်းပြီးတဲ့ကိစ္စကို
စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်ပါတယ်နဲ့
ကိစ္စက ပြတ်သွားပါလေကော။
ကျနော်တို့လည်း နောက်လူရှာဖို့ အလုပ်ခေါ်ဖို့
အင်တာဗျူးဖို့ အကုန်လိုက်ပြီး လုပ်ရပြန်ကော။

ရှာဖွေတွေ့ရှိခဲ့သောသူမမျက်လုံးထဲက မျက်ရည်များWhere stories live. Discover now