Chapter 3(Zaw+Uni)

478 54 1
                                    

Zawgyi

ဆူးဂီတို့မိသားစုက ​နွေး​ထွေးပြီး အရမ်း
ရင်းနှီးကြတယ်​ ​ဆောင်းဝမ်​တို့ မိသားစု
လိုမဟုတ်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်
ပွင့်​ပွင့်​လင်းလင်း ရှိပြီး နားလည်​မှု ​ပေးကြတယ်

ရယ်​ရီနဲ့ ဂျိုအီက မိန်းက​လေး အချင်းချင်း
ဆို​ပေမယ့်​ ​ရှေးရိုးမဆန်​တဲ့ ဆူးဂီတို့ မိဘ​တွေက လက်​ခံ​ပေးကြတယ်​ ဂျိုအီမိဘ​တွေက ဆူးဂီတို့မိဘ ​တွေနဲ့ လည်း အရမ်းရင်းနှီးတာ​ကြောင့်​ သူတို့ က​လေး​တွေကို စိတ်​ချတယ်​​လေ

ဆူးဂီ ​ရော ရယ်​ရီ​ရောက တခြား အကျင့်​စရိုက်​​တွေသာ ဆန့်​ကျင်​ဘက်​လို ကွဲပြား​ပေမယ့်
မိန်းက​လေး​တွေကိုပဲ စိတ်​ဝင်​စား ကြတာ​တော့တူသည်

ဆောင်းဝမ်​က​တော့ အလယ်​တန်းအရွယ်​မှာ
အ​မေကို ဆုံးရှုံးခဲ့ပြီး အလုပ်​များတဲ့ အ​ဖေနဲ့
စိတ်​ချင်း မနီးခဲ့ဘူး

အရွယ်​​ရောက်​လာ​တော့ ဖခင်​အလိုကျ
စီးပွား​ရေး​လောကကို ​ရောက်​လာ​ပေမယ့်
အဲ့​လောက်​ စိတ်​ဝင်​တစားမရှိ 

ဆောင်းဝမ်​က သူ့အ​မေနဲ့ တူသည်
နူးညံသိမ်​​မွေ့ပြီး သီချင်း အဆို​ကောင်းကာ ဂီတဘက်​မှာ ထူးချွန်​တဲ့ သူ့အ​မေရဲ့ အ​မွေကို အပြည့်​အဝရထားသည်

ငယ်​ငယ်​က သူ့အ​မေရဲ့ ​နွေး​ထွေးပြီး ​ကောင်းမွန်​မှန်​ကန်​တဲ့ သွန်​သင်​ဆုံးမမှု​ကြောင့်​ ​ဆောင်းဝမ်​က စိတ်​​ကောင်းရှိပြီး တစ်​ပါးသူကို ဂရုစိုက်
ကြင်​နာတတ်​တဲ့ သမီး​ကောင်းတစ်​​ယောက်
ဖြစ်​ခဲ့တယ်

စိတ်​ချင်းမနီးတဲ့ အ​ဖေဆီက ရတဲ့ တစ်​ခုတည်း​သော အ​မွေက​တော့ ​ခေါင်းမာတတ်​တဲ့
အကျင့့်သာ

အခု​တော့ ​ဆောင်းဝမ်​ သူစိတ်​မပါခဲ့တဲ့
ဆုန်​လုပ်​ငန်းစုရဲ့ စီးပွား​ရေးလုပ်​ငန်း​တွေကို
ဂရုစိုက်​ရ​တော့မယ်​ အ​ခြေအ​နေဖြစ်​​နေပြီ

အရင်​က ​ပေါ့​လျှော့စွာ​နေခဲ့တာ အတွက်
ဆောင်းဝမ်​ စိတ်​ပျက်​မိတယ်
မကြာ​သေးခင်​က သူ့အ​ဖေရုတ်​တရတ်​ ဆုံးပြီး
လုပ်​ငန်းစုကို သူများ သိမ်းပိုက်​လိုက်​တဲ့
အချိန်​မှ ​ဆောင်းဝမ်​ အသိတရားရခဲ့တယ်

My Tokki(I Swear To Protect You)Where stories live. Discover now