Zawgyi
မကြာခင်ပဲ ဆွန်းဝမ်ရောက်လာတော့ မီယောင်းပြင်ဆင်ပေးထားတဲ့ နေ့လည်စာကို တူတူစားကြပြီးတော့
ထယ်ယွန်းကပဲစကားစလိုက်တယ်"အဲ့တော့ ဆွန်းဝမ် ဂျူဟျွန်းကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့မျှော်လင့်တယ် ငါတို့ရဲ့ ဟျွန်းလေးက အခုလို အဝေးသွားမှာ ပထမဆုံးမို့လို့ စိတ်ပူမိတယ်"
"အဲ့ဒါအတွက် စိတ်ချပါ ဂျူဟျွန်းကိုကောင်းကောင်းစောင့်ရှောက်ပေးပြီး စိတ်ချမ်းသာအောင်ထားပါ့မယ်"
နှစ်ယောက်သားပြောပုံဆိုပုံက မသိရင်
ဇနီးကိုအိမ်ခေါ်သွားတော့မယ့် သားမက်က ယောက္ခမကြီးကို ကတိတွေပေးနေရသလို ပုံစံမို့လို့ မီယောင်းက ရယ်ချင်နေမိတယ် ဂျူဟျွန်းကလည်း မျက်နှာကြီးအောက်ငုံ့ပြီး
ရှက်နေသလိုပုံစံနဲ့လေ"ကဲပါ ကလေးတွေနောက်ကျတော့မယ် အထုတ်တွေ
တင်ပေးလိုက်ရအောင်"မီယောင်းကပြောပြီး အိမ်ရှေ့ထွက်တော့ ဆွန်းဝမ်လည်း အထုတ်ဆွဲပြီး လိုက်ထွက်ကာ ထယ်ယွန်းရဲ့ အကူအညီနဲ့ ကားပေါ်တင်လိုက်တယ် ကားထဲမဝင်ခင် မီယောင်းက
ဆွန်းဝမ်လက်ကို ဆုပ်ကိုင်ပြီး အားကိုးတကြီးနဲ့"ဟျွန်းလေး ကို အပ်ပါတယ် ဆွန်းဝမ်"
ဆွန်းဝမ်က တလေးတစားနဲ့ ပြုံးပြီးခေါင်းငြိမ့်ပြပြီး
"စိတ်ချပါ"
မီယောင်းကလည်း စိတ်ချသလို ခေါင်းညိမ့်ပြတော့ ဆွန်းဝမ်က ဂျူဟျွန်းအတွက် ကားတံခါးဖွင့်ပေးပြီး
"ဒါဆို သွားရအောင် ဟျွန်း"
ဂျူဟျွန်းက ထယ်ယွန်းနဲ့မီယောင်းကို တစ်လှည့်စီဖက်
လိုက်ပြီး ကားထဲဝင်သွားတယ်မကြာခင်မှာပဲ ဆွန်းဝမ်တို့ကားလေး တော်တော်လှမ်း
လှမ်းရောက်သွားတာကြည့်ပြီး ထယ်ယွန်းက သက်ပြင်းချကာ"အားလုံးအဆင်ပြေဖို့မျှော်လင့်တယ် ယောင်းရယ်"
မီယောင်းလည်း ထယ်ယွန်းလက်ကို အားပေးသလို ဆုပ်ကိုင်ပေးပြီး
"အဆင်ပြေမှာပါ"
...........
ဆွန်းဝမ်နဲ့ဂျူဟျွန်းလေယာဉ်ပေါ်နေရာယူပြီး လေယာဉ်ထွက်ခါနီးရောက်တော့ ဂျူဟျွန်းက စိတ်မသက်မသာ ဖြစ်နေပုံပေါက်တော့