Zawgyi
အခုဆိုရင် ဆွန်ဝမ်တစ်ယောက် ဂျယ်ဂျူးမှာ သောင်တင်နေတာ နှစ်ပတ်တိတိပြည့်ပြီ နေ့တိုင်း ဂျူဟျွန်းတို့ဆိုင် သွားလွန်းလို့ ဂျူဟျွန်းနဲ့လည်း တော်တော်လေး ရင်းနှီးနေပြီလို့ပြောလို့ရတယ်
ပြီးတော့ ဆွန်ဝမ်က နှစ်ပတ်အတွင်း လက်ဟန်နဲ့
စကားပြောနည်းကို အပြင်းအထန်လေ့လာ
လိုက်တာကြောင့် ဂျူဟျွန်းရဲ့ ဘာသာစကားကို
အတော်အသင့်နားလည်နေခဲ့ပြီအန်တီမီယောင်းရဲ့ ဇနီး အန်တီထယ်ယွန်းနဲ့လည်း
သိပ်ကိုရင်းနှီးနေကြပြီ တစ်ခါတစ်ခါ လေးယောက်သား
ဆိုင်ပိတ်ပြီး ထယ်ယွန်းရဲ့ ငါးဖမ်းစက်လှေလေးပေါ်
လိုက်ပြီး အနားယူကြတယ်ဒီနေ့မနက်စောစောလည်း ထယ်ယွန်း ငါးဖမ်းတာကို
တူတူလိုက်လာကြပြီး ကျွန်းတန်းလေးနားမှာ
လှေခဏနားကာ လေးယောက်သား စက်လှေပေါ်မှာပဲ
နေ့လည်စာစားလိုက်ကြတယ် မီယောင်းနဲ့ ထယ်ယွန်းက ကျွန်းမှာနေတဲ့ အသိဆီကို ထွက်သွားတာကြောင့်
လှေပေါ်မှာ ဆွန်ဝမ်နဲ့ ဂျူဟျွန်းပဲ ကျန်နေခဲ့တယ်နေလည်ဘက်ဆိုပေမယ့် ပင်လယ်လေအေးတွေကတော့
တဖြူးဖြူး တိုက်ခတ်နေတုန်းပဲစက်လှေ လက်ယမ်းကို ကျောမှီပြီးထိုင်နေတဲ့ ဆွန်ဝမ်ကို
ဂျူဟျွန်းက လက်ဖက်ရည်ပူပူလေးတစ်ခွက်ကမ်းပေးတယ်ဆွန်ဝမ်က ပြုံးကာ လက်ခံယူလိုက်ပြီး
"ဂျူဟျွန်း အတွက်ကော..."
ဂျူဟျွန်းက ခွက်က တစ်ခွက်ပဲရှိကြောင်း လက်ဟန်နဲ့ပြောတော့
"ဒါဆို တူတူသောက်ရအောင် ဂျူဟျွန်း အဆင်ပြေရင်ပေါ့"
ဂျူဟျွန်းကခေါင်းငြိမ့်ပြတယ် ပြီးတော့ လက်ဖက်ရည်အိုးကိုပါ ယူလာပြီး နှစ်ယောက်ကြားချကာ ဆွန်ဝမ်နဲ့ တူတူ ထိုင်လိုက်တယ်
နှစ်ယောက်သား လက်ဖက်ရည်ခွက် တစ်ခွက်တည်းကို တစ်ယောက်တစ်လှည့်စီသောက်နေရင်း
"ဂျူဟျွန်း တကယ်တော့ ကိုယ် အန်တီမီယောင်းနဲ့
စကားပြောခဲ့တယ် ငယ်ငယ်က ဂျူဟျွန်းက အဆင်ပြေခဲ့တယ်မလား မွေးရာပါ မဟုတ်ပဲ အက်စီးဒန့် ကြောင့်လို့
ကိုယ်သိခဲ့ရတယ်"