မနေ့ညက နှစ်ယောက်လုံးပင်ပန်းလာတာ မို့လို့ ညစာစားပြီးတာနဲ့ တန်းအိပ်လိုက်ကြတယ်
ဆွန်းဝမ်က စောစောနိုးတတ်တဲ့အကျင့်ရှိပေမယ့် တော်တော်လေးကောင်းကောင်း အိပ်ပျော်သွားတာကြောင့် နည်းနည်းနောက်ကျပြီး ခုနှစ်နာရီလောက်မှာ အိပ်ရာနိုးလာတယ် မျက်စိနှစ်လုံးပွင့်တာနဲ့ တွေးမိတာက ဂျူဟျွန်းကို ဧည့်သည်ခန်းမှာ သိပ်ခဲ့ရတာမို့လို့ မရင်းနှီးသေးတဲ့နေရာမှာ နိုးလာရင်
လန့်နေမှာစိုးတာနဲ့ ချက်ချင်း ကိုယ်လက်သန့်စင်ပြီး ဆွန်းဝမ် မျက်နှာချင်းဆိုင်အခန်းက ဂျူဟျွန်းရှိရာကို အပြေးသွားလိုက်တယ်အိပ်ခန်းတံခါးကို အသာလေးဖွင့်ပြီး ခြေသံလုံလုံနဲ့ ကုတင်ပေါ်မှာ စောင်ကိုလည်ပင်းထိ ခြုံပြီး မျက်နှာလေးပဲဖော်ကာ အိပ်ပျော်နေသေးတဲ့ ယုန်ငယ်လေးဆီ လျှောက်သွားလိုက်တယ်
ပြတင်းပေါက်က ဝင်လာတဲ့ အလင်းရောင်က
ဖြူဖြူဖွေးဖွေး ယုန်မလေး မျက်နှာကို ပိုပြီး လင်းလက်နေစေတယ်
ကုတင်ဘေးမှာ ဒူးထောက်ထိုင်ပြီး
မျက်နှာလှလှလေးကို ဆွန်းဝမ်စိုက်ကြည့်နေမိပြီး ဒီယုန်မလေးကို ပိုပို မြတ်နိုးလာမိတယ်နေရောင်က အရမ်းစူးလို့ထင်ပါရဲ့ ပက်လက်အိပ်မောကျနေရာကနေ မျက်မှောင်ကြုတ်ပြီး နေရောင်ကွယ်အောင် ပြတင်းပေါက်ကို ကျောပေးဖို့ တစောင်းလှည့်လိုက်တော့
ကုတင်ဘေးမှာ ဒူးထောက်ကာ ကုတင်ပေါ်မေးတင် ကြည့်နေတဲ့ ဆွန်းဝမ်မျက်နှာနဲ့ နီးကပ်သွားတယ်ဂျူဟျွန်းက ရုတ်တရက် မျက်စိဖွင့်လိုက်တော့ ဆွန်းဝမ်လန့်ပြီး နောက်ဆုတ်လိုက်တာ ကုတင်ဘေးမှာ ဖင်ထိုင်ရက်လေးလဲကျသွားတယ်
ဂျူဟျွန်းကလည်း မျက်လုံးအပြူးသားနဲ့
ဆွန်းဝမ်ကို ကြည့်နေတော့
ဆွန်းဝမ်က ကပြာကယာနဲ့"ဟိုဟာ ဟိုလေ... မရင်းနှီးတဲ့နေရာမှာ နိုးလာရင် လန့်နေမှာစိုးလို့ အဲ့တာ.... ဟျွန်းကို ကိုယ် ဘာ... ဘာမှ မလုပ်ဘူးနော် ဒီ.... ဒီအတိုင်း ကြည့်... ကြည့်နေတာ"
ဆွန်းဝမ်က ချစ်စရာကောင်းလောက်အောင် အသဲအသန်ရှင်းပြနေတာကို ကြည့်ပြီး
ဂျူဟျွန်း ပြုံးလိုက်မိတယ် ပြီးတော့ ခေါင်းကို အသာယမ်းကာ