Chapter 4(Za+Uni)

517 60 14
                                    

Zawgyi
...................

မနက်စောစော ဆွန်ဝမ်က ဆူးလ်ဂီကို
၆နာရီခွဲလေယာဉ်မှီအောင် လေဆိပ်ကို ကားမောင်းပို့ပြီး
ဟိုတယ်မပြန်ပဲ မနေ့ကအလွတ်မှတ်ထားခဲ့တဲ့ လိပ်စာလေးဆီ ဦးတည်လိုက်တယ်

ဆိုင်လေးနဲ့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ပြီး ဆိုင်လေးကို မျှော်ကြည့်မိတော့ အရမ်းစောသေးလို့လားမသိ ဆိုင်တံခါးက မဖွင့်သေးပဲ closed sign လေး ချိတ်ထားတယ်

နာရီကိုကြည့်မိတော့ ၇နာရီ စွန်းစွန်းလောက်ပဲရှိသေးတာကြောင့် အနီးနားက လက်ဖက်ရည်ဆိုင်လေးမှာပဲ
ခဏဝင်ထိုင်ဖို့ကြံစည်လိုက်တယ်

လက်ဖက်ရည်ဆိုင်လေးရဲ့ ပြတင်းပေါက်ရှိတဲ့နား ပင်လယ်စာဆိုင်လေးကို ကောင်းကောင်းမြင်ရတဲ့ နေရာမှာပဲ သူမသောက်တတ်တဲ့ လက်ဖက်ရည်တစ်ခွက်မှာပြီး
ထိုင်နေလိုက်တယ်

နာရီဝက်ကျော်လောက်ကြာတော့
ပင်လယ်စာဆိုင်လေးရဲ့ တံခါးပွင့်လာပြီး ခပ်ပိန်ပိန်သေးသေး အမျိုးသမီးတစ်ယောက်က ငါးဖမ်းကိရိယာတစ်ချို့ကို သယ်ပြီး ပင်လယ်ဘက်ကိုထွက်သွားတယ်

နောက်ထပ်တွေ့လိုက်ရတာက တံခါးကနေ အပြေးလေးလိုက်ထွက်လာတဲ့ အန်တီမီယောင်း ...
ရှေ့ကထွက်သွားနှင့်တဲ့ အမျိုးသမီးကိုလှမ်းအော်ခေါ်
လိုက်ပုံရတယ်

အမျိုးသမီးက လှည့်ကြည့်တော့ အပြေးရောက်အောင်သွားပြီး လည်ပင်းမှာ မာဖလာ မိုးပြာရောင်လေးပတ်ပေးတယ် ပြီးတော့ ပါးကို ခပ်ဖွဖွလေးနမ်းလိုက်တာ
တွေ့ရတယ်

ဆွန်ဝမ် မျက်ခုံးလေးပင့်တက်ပြီး ခဏအံသြသလို
ကြည့်နေပြီးမှ နှစ်လိုဖွယ်ပြုံးလိုက်မိတယ်

သူတို့နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းအောင်
လိုက်ဖက်ပါတယ်

အစက အန်တီမီယောင်းလို ကျက်သရေရှိပြီး လှပတဲ့
အမျိုးသမီးမှာ ခန့်ညားပြီးအားကိုးရတဲ့
ခင်ပွန်းရှိလောက်တယ် ထင်ခဲ့တာ အခုတော့ လှပပြီး အားကိုးရတဲ့ ချစ်သူ ဒါမှမဟုတ် ဇနီးသည် ရှိတဲ့ပုံပဲ

အန်တီမီယောင်းက ငါးဖမ်းထွက်မယ့် အမျိုးသမီးကို
လက်ပြနှုတ်ဆက်ပြီး ဆိုင်လေးဆီပြန်လျှောက်လာတယ်
Closed sign ကို ပြောင်းပြန်လှန်ပြီ open sign
ပြောင်းလိုက်တယ်
၈နာရီတိတိ....
လက်ဖက်ရည်ဖိုးရှင်းပြီး ဆိုင်လေးဆီကို
ဖြေးဖြေးမှန်မှန်လျှောက်လာရင်း အထဲမဝင်သေးဘဲ
ဘေးပြတင်းပေါက်လေးကနေ အထဲကိုချောင်းမိတော့
ရင်ခုန်သံမြန်စေတဲ့ ပုံရိပ်လေး...

My Tokki(I Swear To Protect You)Donde viven las historias. Descúbrelo ahora