Differences between Say , Tell , Talk & Speak

391 30 1
                                    

Sayကို အသုံးပြုပုံ

###

What did you say?
မင်းဘာပြောခဲ့လဲ

Can I just say a few words?
နည်းနည်းလောက်ပြောပြမယ်

She didn't say very much.
သူမ အများကြီး မပြောခဲ့ဘူး

အဲဒီသုံးကြောင်းကိုကြည့်ပါ ဘာအကြောင်းပြောတယ် တိတိကျကျမပါဘူး ။
အဲသလို ဘာပြောတယ်ဆိုတာ တိတိကျကျ မဖော်ပြတဲ့နေရာမှာ say ကိုသုံးတယ်။

###

tell ကျတော့ အကျိုးအကြောင်း အတိအကျ ပြောပြချင်တဲ့အခါ သုံးရပါတယ်

Eg.
I told her about my dream.
ငါ့စိတ်ကူးယဉ်အိပ်မက်ကို သူမကို ပြောပြလိုက်တယ်

I want to tell you about my new house.
ငါ့အိမ်သစ်အကြောင်း မင်းကိုငါ ပြောပြချင်တယ်ကွာ

                 *********************************

Ma Ma said, " I like rambutam."
မမကပြောတယ် "ငါ ကြက်မောက်သီးကြိုက်တယ် "

Chen Nyein Htet Aung said to me, " Am I handsome?"
ချမ်းငြိမ်းထက်အောင်ကပြောခဲ့တယ် ကျွန်တော်ချောလား တဲ့ ..

They say nothing lasts forever.
သူတို့က ဘာမှမတည်မြဲပါဘူးလို့ ပြောကြတယ်

Mya Nyo said that she  really loved Thar Aye.
သာအေးကို တကယ်ချစ်ခဲ့တာပါလို့ မြညိုက ပြောခဲ့တယ်

Thuzar told me to visit her.
သူဇာက သူမဆီ အလည်လာဖို့ ပြောခဲ့တယ်

Mg Mg told Ni Lay that he bought a car.
သူကားတစ်စီးဝယ်ခဲ့တယ်လို့ မောင်မောင်က နီလေးကိုပြောတယ်

say နဲ့ tell ကို အဲဒီလို reported speech တွေမှာလည်းသုံးပါတယ်

ွကွဲပြားတာတစ်ခုက tell နောက်မှာ အပြောခံ လူ Obj ကပ်လိုက်ရတယ်

say ကို သုံးရင်တော့ အပြောခံလူ Obj ထည့်ချင်ရင် to ထည့်ပေးရတယ်
         
                            **************
note တစ်ခုမှတ်လိုက်ပါ  ။

say နောက်က အပြောခံလူ ကပ်မထည့်ရ
tell နောက်က အပြောခံလူ ကပ်ပါရမည်

             

###

talk နဲ့ speak#

talk ကို အပြန်အလှန်ပြောတဲ့အခါသုံးရပါတယ်

Eg.
We were talking in the garden.
ငါတို့ပန်းခြံထဲမှာစကားတွေပြောခဲ့ကြတယ်

'' Sunday talk ''
တနင်္ဂနွေစကားဝိုင်း

အရင်တုန်းက T.V မှာလာတယ်လေ
ဦးကိုကိုလှိုင် နဲ့ ဟိုလူကြီး နာမည်မေ့နေလို့

ပြီးတော့

'' Let's talk ''
ပြောလိုက်ကြစို့  ဆိုတဲ့အစီအစဉ်

မော်ဒယ်မရီး တင်မိုးလွင် နဲ့လေ

အခုပြခဲ့တဲ့ ဥပမာသုံးခုနေရာမှာ say တို့ tell တို့ speak တို့ ထည့်လို့မရဘူး

###

Speak ကကျတော့ ဘာသာစကားတစ်ခုပြောတတ် မပြောတတ်မေးရမှာ သု့ကိုပဲသုံးရတယ်

Eg.

Can you speak Chinese?
မင်းတရုပ်စကားပြောတတ်လား

ဘာစကားမှ မပြောဖို့တားရင်

Don't speak.

အဲလိုသုံးရပါတယ်။

အကြမ်းမှတ်ရင်တော့

####################
say နဲ့ tell က  ပြောပြတာ

say က နောက်က အပြောခံ Obj မလို

tell က အပြောခံ Obj လို

talk က အပြန်အလှန်ပြောကြတာ

speak က စကားပြောသည် (မူရင်း)

အကြမ်းဖော်ပြခြင်းသာဖြစ်ပါသည်။

အသေးစိပ်ပါက အလွန်များပါသဖြင့် ဤမျှသာရှင်းပါရစေ။

Crd to ဆရာဇော်(ရွှေဇွန်မြေ)                 
         

Let's study EnglishWhere stories live. Discover now