တွေ့ခဲ့တယ် (တွေ့ခဲ့တယ်)

4.7K 826 104
                                    

"ဝေါင်း ... အိမ်က ထင်ထားတာထက်ပိုကောင်းနေတာပဲ"

ဋ္ဌာနကိုလာနေကျ အမျိုးသမီးကြီး၏ ဟောင်းနွမ်းနွမ်းစုတ်ဖွာဖွာ ပုံပန်းသွင်ပြင်ကို အကဲခတ်မိသလောက် စီးပွားရေးအရမ်းမတောင့်တင်းသောမိသားစုဟု မှူး ကောက်ချက်ချခဲ့သည်။ ယနေ့ အိမ်ကိုမြင်လိုက်မှ မှားယွင်းကြောင်း လက်ခံလိုက်ရသည်။ ကျိကျိတက်မဟုတ်သော်လည်း သာမန်ထက်ပိုကာ အတော်အသင့်လောက် စီးပွားရေးရှိမည်။

ဒီလိုပါပဲ အမှုစစ်ဆိုတာ အရာခပ်သိမ်း ဖောက်ထွင်းမြင်နိုင်သော နတ်မျက်စိပိုင်ထားတာမှ မဟုတ်တာ၊ မျက်စိတွေထဲက လူမျက်စိပဲမို့ မှားတဲ့အခါလည်း မှားနိုင်တာပေါ့။

ပေနှစ်ဆယ်ပေခြောက်ဆယ် ခြံအပြည့် ရိုးရိုးရှင်းရှင်းဒီဇိုင်း ဆောက်ထားသော နှစ်ထပ်တိုက်အိမ်ကြီးသည် ဆေးအရောင်မလွင့်ပျယ်သေးသောကြောင့် ဆောက်လုပ်ပြီးတာ မကြာသေးဟု ခန့်မှန်းမိသည်။

ပိတ်ထားသော ခြံတံခါးနှင့် အိမ်မကြီးတံခါးကို ကြည့်၍ ခွန်းက စိတ်ပျက်အားလျော့စွာ

"လူမရှိဘူးလား မသိဘူး"

"ရှိလောက်တယ် ခွန်း၊ ခြံတံခါးကို အတွင်းဘက်က သော့ခတ်ထားတာ"

မှူးက ခပ်ကျဲကျဲ စတီးသံပန်းတံခါးကြားထဲ လက်နှိုက်ပြီး သော့ခလောက်နဲ့ သံပန်းကို တဂျောင်းဂျောင်းရိုက်ကာ

"ဗျို့ .... အိမ်ရှင်တို့"

အသံအောင်အောင် လှမ်းအော်သည်။ သိပ်မကြာ အိမ်မကြီးကျွန်းတံခါးပွင့်လာပြီး အိမ်ထဲက အမျိုးသမီးကြီးထွက်လာသည်။ နေ့ခင်းနေ့လည်ဖြစ်သော်ငြား ခြံတံခါးကိုသော့ခတ်၊ အိမ်မကြီးတံခါးကိုပိတ် ပတ်ဝန်းကျင်နဲ့အရောတဝင် အဆက်အစပ် မလုပ်တတ်သောအိမ်ဟု မှူးသက်မှတ်လိုက်သည်။

ဋ္ဌာနကိုလာတိုင်းအမြဲချေမိုးလွှတ်နေသော မှူးကိုမြင်တော့ အံ့သြသယောင်ဖြစ်သွားသလောက် အနောက်ကခွန်းကိုတွေ့တော့ ပျူငှာစွာ ကြိုဆိုသည်။ အကျိုးအကြောင်းပြောပြီး ပျောက်ဆုံးသူကိုထက်ဖြိုးဝေ၏ အိပ်ခန်းကို ခွန်းနှင့်မှူး ဝင်စစ်ဆေးခွင့်ရခဲ့သည်။

P I E C E SWhere stories live. Discover now