ညအိပ်ရာဝင်ခါနီး အိပ်ရာပေါ်မအိပ်သေးဘဲ ဖုန်းကြည့်နေသောမှူး။ ခြေထောက်ကို ဆွဲယူလာသည်မို့ မှူးမော့ကြည့်လိုက်၏။ ခွန်းက လုပ်ပြုံးထားသော အပြုံးကြီးနှင့် မှူးကိုသိသိသာသာ မျက်နှာချိုသွေးနေသည်။
"အယ် ... ခဏနော်၊ အမောင်ဒီမှာ ဆောင်းပါးတစ်ခုဖတ်နေလို့၊ ဖတ်ပြီးရင် အိပ်တော့မှာရယ်"
ညအိပ်ခါနီးအတူရှိချိန် ခွန်းကိုဂရုမစိုက်ဖြစ်ဘဲ ဖုန်းချည်းသုံးနေလျှင် ခွန်းကမကြိုက်။ အဲ့ဖုန်းပဲ သုံးနေတယ် ဘာညာပြဿနာရှာတတ်လွန်း၍ မှူးအရင် တောင်းပန်လိုက်သည်။
"ရတယ် အမောင်၊ ညအိပ်ခါမှ အေးဆေးသုံးရတာ သုံးသုံး၊ အမောင်တစ်နေကုန်ပင်ပန်းလာရောပေါ့"
မှူးခြေသလုံးကို ခွန်းကခပ်သာသာဖျစ်ညှစ်ကာ နှိပ်ပေးလာသည်။ ခွန်းကို မှူးတစ်ချက်ကြည့်ပြီး ဖုန်းကိုချက်ချင်းပိတ်လိုက်သည်။ ခွန်းလက်ကိုဆွဲယူပြီး ရင်ခွင်ထဲထည့်လှဲသိပ်ကာ ချော့ရန်ပြင်တော့ ခွန်းက ရုန်းသည်။
"ခဏ အမောင့်ကို နှိပ်ပေးဦးမယ် ဟီး"
ညမီးအုပ်ဆောင်းအလင်းရောင်အောက် မြင်နေရသော ခွန်းသည် အသားလွတ်သွားဖြဲပြနေသည်။ ထူးတော့ထူးနေပါပြီ။ မှူးမျက်ခုံးတွန့်ကာ ခဏစိုက်ကြည့်နေသည်။ ပြီးမျက်ခုံးတစ်ဖက်မြှင့်ကာ ခေါင်းရင်းနံရံကပ် အခန်းတွင်းမီးခလုတ်ကို ပြန်နှိပ်ဖွင့်လိုက်၏။ ခွန်းနှိပ်ပေးနေသော ခြေသလုံးကို ရုတ်သိမ်းကာ တင်ပလ္လင်ခွေပြောင်းထိုင်ပြီး ကြင်သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
"ပြော .. ဘာကိစ္စလဲ"
"ဟင်"
ကြောင်တောင်တောင် ယောင်နန ဟင် ရှာသည်။
"အမောင် စိတ်လှုပ်ရှားရတာကို မကြိုက်ဘူး ခွန်း၊ ဘာပြောစရာရှိလို့လဲ ပြော"
မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ခေါင်းငုံ့သွားသည်။ လက်နှစ်ဖက်က လက်သည်းအချင်းချင်းကို ဆိတ်နေ၏။ ခွန်းအပြောရခက်တိုင်း ထိုအကျင့်ရှိသည်။
"ခွန်း ... ကြောက်သလိုလို ရွံ့ သလိုလို မလုပ်နဲ့၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြော၊ ငါကိုင်ဆောင့်မိတော့မယ်"
YOU ARE READING
P I E C E S
Mystery / ThrillerThis story book presented by Zawgyi & UNICODE. #Zawgyi ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်၊အကြောင်းအရာများသည် စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။ Cover Design By @Gin_hotarubi #UNICODE ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်၊အကြောင်...