ကယ္တင္ပါ (ကယ်တင်ပါ)

3.5K 608 77
                                    

-နီးစပ်လာပြီလို့ ငါထင်ပေမဲ့ မင်းကိုစာတစ်လုံး ငါ့ဘက်က စပို့ဖို့ နေ့မအိပ်ညမအိပ် စဉ်းစားတွေဝေနေရတုန်းပဲ။ ဒီလိုပါပဲ ငါမသိတဲ့မင်းဘက်အခြမ်းမှာ မင်းအတွက်ငါကဘယ်လိုဖြစ်တည်မှုမျိုးလဲ ငါ့ဦးနှောက်နဲ့ စဉ်းစားရတာက One pov; နဲ့ ရေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရသလိုပဲ။ ကိုယ့်အတွေးနဲ့ကိုယ် မွန်းတယ်၊ ကိုယ့်ကောက်ချက်ချမှုနဲ့ ကိုယ်သေတယ်၊ ကိုယ့်အထင်နဲ့ကိုယ် လွဲတယ် ... Winter

-Conversationတစ်ခုမှာ အကြိမ်ကြိမ် Typeပြီးစာတွေကို မsentဖြစ်ဘဲ ပြန်ဖျက်ပစ်ရတဲ့ ကိုယ့်အဖြစ်ကို မင်းမမြင်နိုင်သ၍တော့ နေနိုင်လိုက်တာလို့ အထင်ကြီးပေဦးပေါ့ Winter

-ငါက အရမ်းအားနေတာ ... Winter။
အားနေတဲ့ငါက အားတဲ့အချိန်တိုင်း မင်းပို့မဲ့ စာကိုမျှော်နေရင်း နာရီတွေကုန်သွားတာလည်း မပျင်းရတဲ့အချိန်​ဖြုန်းနည်းတစ်​ခုပဲ​ပေါ့။

-ငါကလည်းမပြောဘူး မင်းကလည်းမသိဘူး။
One sided thinkingတွေနဲ့ ငါတစ်ယောက်တည်းေ-ာက်ရူး။

-စောင့်ဆိုင်းရတာကို ငါစိတ်မရှည်ဘူး။ မင်းပို့မဲ့စာကိုတော့ သက်ပြင်းအဖန်ဖန်မှုတ်ထုတ်ရင်း ငါ​စောင့်နေပါတယ်။

-သတိထားမိသလောက် ငါမင်းကို ချစ်နေမိပြီ။ အသိတရားကပ်မိသလောက် ငါမစွဲလမ်းမိအောင် ငါ့ကိုယ်ငါ ထိန်းရမယ်။

-မင်းကို တပ်မက်စိတ်ဖြစ်လာတိုင်း တရားထိုင်ဖြစ်တယ်။ ဖြစ်ခြင်းပျက်ခြင်းသဘောတရားကို ရှုမှတ်ပြီး ငါမင်းကို စိတ်ပြတ်နိုင်ပါရဲ့ ။

-မင်းသဘောကျတဲ့ Idolက အရပ်အရှည်ကြီးနဲ့ ကြည့်ကောင်းတာပဲ။ မင်းရဲ့  Ideal Type Boyfriendက အဲ့လိုပုံမျိုးလား။ ငါက သူများကို အားကျတတ်တဲ့ကောင်မဟုတ်ပေမဲ့ မင်း Ideal Typeဖြစ်တဲ့ ကောင်လေးတွေကိုတော့ အားကျမိတယ်။
ငါလည်းသူတို့လိုဖြစ်ချင်သား ... မဟုတ်ဘူး ငါလည်း မင်းရဲ့ Ideal typeဖြစ်ချင်လိုက်တာ။ အချင်းမရှိပေမဲ့ အဆင်းနဲ့ဖြစ်ဖြစ် မင်းကိုဖျားယောင်းချင်တယ်ဆို ငါမိန်းမလိုမိန်းမရဆန်သွားမလား။
ချစ်တဲ့လူနဲ့ပတ်သက်ပြီး မာယာကြွယ်တာ မိန်းမနည်းယောက်ျားနည်းမခွဲပါဘူး Winter

P I E C E SWhere stories live. Discover now