Please check below for UNICODE.
#Zawgyi
အစိမ်းရောင်နယ်မြေ မှု့ခင်းစုံစမ်းစစ်ဆေးရေးဋ္ဌာန အပိုင်(၇)။
"မျက်စိရှေ့ မှာ ရှိနေတဲ့ တရားခံတစ်ယောက်လုံးကို လွတ်သွားတယ်ဆိုတော့ ... မင်းတို့အသုံးကျတာ ဘာရှိသလဲ!!! လူကြားလို့ မကောင်းဘူး သွားတာ ငါးယောက်၊ ဝရမ်းပြေးတစ်ယောက်ကို မဖမ်းနိုင်ခဲ့ဘူး"
အပိုင်၇၏ ဋ္ဌာနမှုးဖြစ်သူ ချမ်းရိပ်မှူးက အော်ဟစ်ရင်း ဖိုင်အထူကြီးကို စားပွဲပေါ် အုန်းခနဲ ပစ်ချလိုက်တော့ ပခုံးငါးခုက တုန်သွားကြသည်။ ဆွေကြီးမျိုးကြီး နောက်ခံအင်အားလည်းကောင်း ကိုယ်တိုင်လည်း အရည်အချင်းရှိတော့ သင်တန်းဆင်းပြီး နှစ်အနည်းငယ်အတွင်း နယ်မြေ အပိုင်တစ်ခု၏ ဋ္ဌာနမှုးဖြစ်သွားသည်။
အမှု့စစ်ဋ္ဌာန ခေတ်အဆက်ဆက်သမိုင်းတလျှောက် အသက်အငယ်ဆုံးဋ္ဌာနမှုးဖြစ်ခဲ့သည့် ချမ်းရိပ်မှူးက လွန်စ၂၈နှစ်တောင်မပြည့်တပြည့်။ လက်အောက်ခံ အမှု့ထမ်းတွေအားလုံးက အသက်အရွယ်နှင့်မဆိုင် ရာထူးဝါစဉ်အရ ချမ်းရိပ်မှူးကို လေးစားရိုသေ ကြောက်ရသည်။ ချမ်းရိပ်မှူးက စိတ်တိုင်းမကျလျှင် ပတ်ဝန်းကျင်၊အသက်တွေ ထည့်မတွက် အော်သည်ငေါက်သည်။
"မင်းတို့တွေ အသုံးမကျလို့ ပြည်သူတွေက ငါတို့အမှု့စစ်ရုံးကို အထင်မကြီးကြတာ၊ ဖေ့ဘုတ်ပေါ်က ကွန်မန်ဒါတွေ(ကွန့်မန့်ပေးသူများ) လောက်တောင် ငါတို့ကို အားမကိုးကြတာ၊ ကြည့်နေ .. မနက်ဖြန် ဖေ့ဘုတ်နယူးဖိမှာ နယ်မြေအစိမ်းရောင် အမှု့စစ်ဋ္ဌာနကကောင်တွေနဲ့ တရားခံဘက်ကလူတွေပေါင်းကြံပြီး အဓိကတရားခံလွတ်မြောက် Bold letters အကြီးကြီးနဲ့ေ-ာက်မီဒီယာတွေက ပုံကြီးချဲ့ ဦးမယ် ... လခွီး"
သူပဲ ထိုင်ခုံမှာထိုင်နေရင်း အဲ့ဒါတွေလိုက်ကြည့်နေ။ ဘယ်သူမှ မအားလို့ အားအားယားယား social networksတွေအတွက် အချိန်ပေးမသုံးနိုင်။ သူပဲအကုန်လိုက်ကြည့် မကျေနပ်သမျှ လက်အောက်ခံတွေကို အော်ဟစ်နေတာ။
စိတ်ထဲကသာ ပြောရဲ၏။
အပြင်မှာမူ မျက်နှာငယ်လေးတွေနဲ့ ရပ်နေကြသော အငယ်တန်းအမှု့စစ်တို့သည် ဋ္ဌာနမှုးက တစ်ချက်တစ်ချက် အသံနှုန်းမြင့်မြင့်တက်ကာ ငေါက်ငမ်းအော်ဟစ်သည့်အခါတိုင်း ပခုံးလေးကြုံ့ သွားကြတာကလွဲ မည်သူမှ ခွန်းတုံ့ပြန်မပြောရဲ။ ဋ္ဌာနမှုးကလည်း ပြန်ခံပြောမည့်သူမရှိလို့ ပြောကောင်းတိုင်း ဇွတ်ကိုဖြဲနေသည်။
ESTÁS LEYENDO
P I E C E S
Misterio / SuspensoThis story book presented by Zawgyi & UNICODE. #Zawgyi ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်၊အကြောင်းအရာများသည် စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဖန်တီးရေးသားထားခြင်းဖြစ်ပါသည်။ Cover Design By @Gin_hotarubi #UNICODE ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်ကောင်၊အကြောင်...