သစ်ပင်တွေစိမ်းနေလို့ ပင်လယ်ရေတွေပြာနေလို့ ကောင်းကင်ကြီးကသာယာနေလို့သာ ဒီလောကကြီးကိုလှလိုက်တာလို့ လူတွေကပြောကြတာဖြစ်မယ်။
ဒီအလှတရားတွေကို မခံစားနိုင်တော့လောက်အောင်နာကျင်နေတဲ့ကျွန်တော်အတွက်တော့ ဒီလောကကြီးက တရားမျှတမှုမရှိလိုက်တာလို့ ညည်းညူရုံအပြင် ဘာတတ်နိုင်ဦးမှာလဲ။
ထွက်သွားချင်ပြီ။
ဒီနေရာမှာ ကျွန်တော်ရဲ့ ရုပ်ရည်ရူပကာကိုသာစွဲလမ်းသူတွေ ကျွန်တော့်အသံကိုသာ နားထောင်ချင်သူတွေပဲ ရှိတယ်။
Kim Taehyung ဆိုတဲ့ ဖြစ်တည်မှုကို လိုလိုလားလားနဲ့ မြတ်နိုးသူတော့ တစ်ယောက်မှမရှိဘူးထင်ပါရဲ့။
အထူးသဖြင့် ကျွန်တော့်ရဲ့ချစ်သူ arrnyii ကျွန်တော်ချစ်ရတဲ့သူက ကျွန်တော့်ကို ထွက်သွားစေချင်နေပြီလေ။
ဘာတဲ့။ "မင်းကိုငါ ငါ့လက်နဲ့ကိုသတ်ပစ်ချင်တာ။ ဒါပေမဲ့ ငါ့ချစ်သူကတော့ ငါ့ကိုမင်းလိုလူသတ်သမားတစ်ယောက်ဖြစ်စေချင်မှာ မဟုတ်ဘူး။ အဲ့တော့မင်းငါ့မျက်စိရှေ့မှာနောက်ဘယ်တော့မှပေါ်မလာပါနဲ့"တဲ့။
ပြောရက်လိုက်တာချစ်သူရယ်။
ကောင်းပါပြီ။ မင်းလက်နဲ့ငါ့ကိုသတ်စရာမလိုပါဘူး။ ငါကိုယ်တိုင်ငါ့ဘဝကိုအဆုံးသတ်မယ်။
နှုတ်ဆက်ခဲ့ပါတယ်။ Min Yoongi.
.............................................
Flashback: two years before"Happy birthday to you
Happy birthday to you
Happy birthday dear taehyungie
Happy bithday to you""Yayyyyyyy"
"ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ရာ yoongi ကိုလည်းကျေးဇူးတင်ပါတယ် လာပေးလို့"
"မလိုပါဘူးကွာ jungkook သူငယ်ချင်းဆိုတော့ ငါ့သူငယ်ချင်းပဲပေါ့"
ရုတ်တရက်မို့ yoongi ပြောခဲ့တဲ့စကားရဲ့အဓိပ္ပါယ်ကို သူအလေးထားပြီး မတွေးမိခဲ့ပါ။
သူသိတာက သူ့မွေးနေ့ကို သူ့သူငယ်ချင်းတွေsurprise လုပ်ပေးတာ yoongi လဲပါဝင်ခဲ့တယ်လို့ပေါ့။
Jungkook ကအကြံတစ်ခုနဲ့ yoongi ကိုခေါ်ထားခဲ့တာမှန်တော့ သူအပါအဝင် bts အဖွဲ့တစ်ခုလုံးမသိခဲ့ပါ။