"You look like a blue parrot..
Hobi-ah...
Would you come fly to me...
ကျွန်တော်ရေးထားတဲသီချင်းလေးကြိုက်ရဲ့လား။
I want some good day,good day,good day..
Hobi အတွက်ရေးထားတာ...
Good day Good day.."
ညသန်းခေါင်ကျော်တိုင်း အိပ်မက်တစ်ခုက လှုပ်နှိုးသဖြင့် သူမောမောပန်းပန်း နိုးထလာရလေ့ရှိသည်။ ယခုလည်း သူ့အိပ်မက်၏ ထိုနေရာအရောက်တွင် ထုံးစံအတိုင်း နိုးထလာရပြန်သည်။ ချိုသာလွန်းသော သီချင်းသံလေးမှာသူ့နားထဲတွင် ထပ်ခါထပ်ခါပြန်မြည်နေဆဲ။
သူ့အိပ်ရာဘေးတွင် ရှိနေသော စားပွဲတင်နာရီလေးကတော့ အချိန် 1:00 တိတိကို ညွှန်ပြနေလေ၏။ Hoseok အိပ်ရာမှထ၍ ရေခဲသေတ္တာထဲမှရေတစ်ဘူးကို ထုတ်ကာ ရင်ထဲမှ အပူဒဏ်လျော့နည်းသွားသည်အထိ မော့သောက်လိုက်ပြီး သူ့အိပ်ရာထဲသို့ပြန်သွားကာ အိပ်ပျော်နိုင်ရန်ကြိုးစားလိုက်သည်။
မကြိုးစား၍လည်းမရ။ ဒီလိုအိပ်မက်ကနေ နိုးထလာတိုင်းသာ သူပြန်မအိပ်ရလျှင် Hoseok ယခုအချိန်ထိကျန်းကျန်းမာမာရှိနိုင်မည်မဟုတ်ပါ။ သူသေချာမှတ်မိသလောက် လူမှန်းသိတတ်စအရွယ်တည်းက တူညီသောအိပ်မက်တစ်ခုတည်းကိုသာ မကြာခဏမက်တတ်သည်။
ထိုအိပ်မက်ထဲ ထိုသီချင်းတစ်ပိုဒ်ကိုသာ သူမှတ်မိနေပြီး ခပ်သြသြအသံတစ်ခုကပြောသော စကားလုံးတို့ကိုလည်း အနည်းငယ်သာနားလည်သည်။ တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်အတွက် ထိုချိုသာသော သီချင်းကို ရေးစပ်ပေးထားကြောင်းပြောခြင်းသာ။ သို့သော် ထိုတစ်စုံတစ်ယောက်တို့အား သူမသိ။
ထိုအိပ်မက် သူ့ဆီသို့တစ်ခာအလည်လာတိုင်း အိပ်ရေးတစ်ခါပျက်ရသောကြောင့် Hoseok သိပ်မကျေနပ်ချင်။ သို့သော် သူဘာမှလည်းမတတ်နိုင်။ Psychiatrist များတစ်ယောက်မကတွေ့ပြီး သူ့အိပ်မက်ကို ရပ်တန့်ပေးဖို့တောင်းဆိုခဲ့သော်လည်း မည်သူမှမတတ်နိုင်။
Hoseok ပင်ပန်းလွန်းနေပြီ။ သို့သော် အဖြေရှာမရသော ထိုအိပ်မက်ပုစ္စာကို အဖြေရှာရင်းလည်း အချိန်မကုန်ချင်ပါ။ ထို့ကြောင့် ထိုအိပ်မက်ကိုသာမန်အိပ်မက်ဟုသာ သတ်မှတ်၍ ပြန်အိပ်နိုင်အောင်ကြိုးစားလိုက်သည်။
