ဒီအပိုင်း က OTP ရေးထားတာမဟုတ်ပါဘူး။ BTS member တွေလည်းမပါပါဘူး။ ဒါပေမဲ့ FM ဖတ်တဲ့လူတွေအတွက် နောက်တစ်ပိုင်းကျ reference ယူမှာမို့တင်တာပါ။ တစ်အုပ်သက်သက်ရေးဖို့အတွက်လည်း တိုလွန်းတာမို့ပါ။ မဖတ်ချင်ရင်မဖတ်လို့ရပါတယ်နော်။ FM reader တွေကတော့ ဖတ်ကြည့်ပေးပါ။ လောလောဆယ်မ Up နိုင်သေးတာမို့။
..............................................
ငိုရတာပင်ပန်းတယ်။
ဆုတောင်းရတာပင်ပန်းတယ်။
မျှော်လင့်ရတာပိုပြီးပင်ပန်းတယ်။
ထပ်မငိုချင်ဘူး။ မဖြစ်နိုင်မှန်းသိရက်နဲ့ဆုမတောင်းချင်ဘူး။ ပြီးတော့....မျှော်လင့်ချက်ဆိုတာမရှိချင်တော့ဘူး။
................RANDOM DREAMS.............ကျွန်မဘဝ လူမှန်းသိတတ်စအရွယ်တည်းက ကျွန်မမှာရည်မှန်းချက်ဆိုတာရှိသင့်တယ်လို့ လူကြီးတွေကသင်ပြကြတယ်။
ဘယ်လူကြီးနဲ့ပဲတွေ့တွေ့ သမီးကြီးလာရင်ဘာလုပ်မှာလဲလို့ အမေးခံရရင်းပေါ့။ အစကတော့ ဘာဖြေရမှန်းမသိခဲ့ဘူး။ နောက်တော့ မေမေသင်ပေးတဲ့အတိုင်း ဆရာဝန်မကြီးဖြစ်ချင်တယ် လို့လွယ်လွယ်ပဲဖြေမိတယ်။ ဆရာဝန်ဆိုတာဆေးကုပေးရတယ်ဆိုတာကိုပဲ သိခဲ့တယ်ဆိုပေမဲ့လေ။
တဖြေးဖြေးချင်းသိတတ်နားလည်လာပြီး ရုပ်ရှင်တွေကြည့်မိလာတဲ့အခါ ရုပ်ရှင်မင်းသမီးတွေကို အားကျပြီး မင်းသမီးတစ်လက်ဖြစ်လာရင်ကောင်းမယ်လို့ စိတ်ကူးယဉ်ခဲ့တယ်။ ကျောင်းနေအရွယ်ရောက်ပြီး မင်းသမီးဆိုတာ ရုပ်ချောရမယ်လို့မသိခင်အချိန်ထိပေါ့။
မှန်ထဲကိုကြည့်မိရင် ကိုယ့်မှာ မင်းသမီးတွေလို ချောမောလှပမှုတွေမရှိဘူးလို့သိလာရတော့ မင်းသမီးဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်ပျောက်သွားတယ်။ ဘဝမှာပထမဆုံးမျှော်လင့်ချက်ပျောက်ကွယ်သွားတုန်းကတော့ မသိသာလိုက်ပါဘူး။
ဒုတိယမြောက်ရည်မှန်းချက်ကိုစထားဖြစ်တာက ကျောင်းသင်ခန်းစာတွေမှာ ရသဆိုတဲ့ဘာသာရပ်ပါလာပြီး ပုံတွေလျှောက်ခြစ်ရတဲ့အချိန်ပေါ့။ ပန်းချီဆရာတစ်ယောက်ဖြစ်ချင်တယ်ဆိုတာက အဲ့အချိန်မှာ ကျွန်မရဲ့အကြီးမားဆုံးရည်မှန်းချက်ဖြစ်လာပြန်တယ်။
