the game(Vkook)

427 18 5
                                    

"ပျင်းတယ်ကွာ"

Kim Vတစ်ယောက်သူ့သူငယ်ချင်း ပတ်ဂျီမင်း သို့မဟုတ် the king of ပတ်ကျိ ရဲ့ ဆိုဖာပေါ်မှာလှဲလျောင်းရင်းဆိုတဲ့စကားကြောင့် ပြုံးမိပါသည်။

အဲ့ tko ပတ်ကျိဆိုသည့်ကောင်က တစ်ခုမဟုတ်တစ်ခုမမွှေရရင်မနေနိုင်တဲ့ကောင်။ သူ့ရည်းစား ရေခဲနတ်ဘုရား min yoongi ကတော့ဖြင့်စိတ်မရှည်တတ်သလောက် tko ပတ်ကျိကိုဘယ်လိုတောင်စိတ်ရှည်တာလဲဟု Kim V တွေးမိပါသေးသည်။

သူကသာတွေးရုံတွေးနေသော်လည်း ခင်စုတ်ချဉ်ကတော့ သူ့အသံ power ကောင်းကြောင်းထုတ်ကြွားလေသည်။

"ဟျောင့် ပျင်းရင်မင်းလင်ဆီသွားပါလား။"

"သွားချင်ဘူး။ သူ့ဆီသွားရမှာလည်းပျင်းတယ်။"

"မလိမ်ပါနဲ့ jimin ရာ။ မင်းလင်နဲ့ဘာဖြစ်ထားလို့ငါတို့ကိုလာစားနေတာလဲ။"

"ဘာမှမဖြစ်ပါဘူး ကွာ။ သူ့အိမ်မှာ သူ့ဦးလေးရောက်နေလို့တဲ့။ ငါမချိန်းချင်လို့ပါကွာ။ "

"Jin မင်းကရောဘာလို့ namjoon hyungဆီမသွားပဲ နှစ်ယောက်လုံးငါ့ဆီမှာလာသောင်တင်နေတာလဲ"

Vပြောလိုက်မှ
Jin တစ်ယောက်မျက်နှာပျက်သွားကာ

"ငါjoonieနဲ့ရန်ဖြစ်ထားတယ်"

"ဘယ်လို!"

Jimin ရော V ပါအံသြသွားရသည်။ တစ်ချိန်ကုန်ရိုနေပြီး စကားများသည်တောင်မရှိတတ်သော ထိုအတွဲကရန်ဖြစ်သည်တဲ့လေ။

"ဘာဖြစ်တာလဲ Jin"

"ဘာဖြစ်ရမှာလဲ။ သူကောင်မလေးတစ်ယောက်နဲ့ စကားပြောတာကို သဝန်တိုလို့ပြောတာကို ငါ့ကိုမချော့တဲ့အပြင် သူ့သိက္ခာထိခိုက်တယ်တဲ့။ အာ့နဲ့အမြင်ကတ်လို့မခေါ်တာ။ "

Jimin နဲ့ V သည်တစ်ခါတော့ ရယ်မိကြပါသည်။ သူတို့ရဲ့်ကလေးစိတ်မကုန်သေးတဲ့ သူငယ်ချင်း kim Seokjin လေးကိုကြည့်ရင်းနဲ့ပေါ့။

အတန်ကြာအောင်တိတ်နေမိကြပြီးမှ tkoပတ်ကျိမှာ မျောက်အုန်းသီးရသောမျက်နှာဖြင့်

"ဟာ !သိပြီ။ ငါတို့ကပျင်းလည်းပျင်းနေတယ်။ jin ကလည်း namjoom hyung နဲ့ရန်ဖြစ်လာတယ်ဆိုတော့...။ Jin မင်းဘဲကြီးကို lesson မပေးချင်ဘူးလား။ "

shorty shotsWhere stories live. Discover now