တီးတောင်..........
"မနက်အစောကြီး ဧည့်သည်လာတာဘဲထူးထူးဆန်းဆန်း''
မိသားစုထမင်းလက်စုံစားနေရင်း အိမ်တံခါး ဘလ်တီးသံကြောင့် appaတအံတသြပြောလာလေသည်။
လာစရာဧည့်သည်မရှိတာ ommaရှိစဉ်ထဲကပင် ကိုယ်စီကိုယ်စီအလုပ်တာဝန်တွေကြောင့် ပေါင်းသင်းဆက်ဆံရေးနယ်ပင်မှာ ကျနော်တို့ မိသားစုသည်အလွန်အားနည်းကြသည်။
သီးသန့်နေထိုင်လွန်းတတ်သောကြောင့်လဲဖြစ်မည်။
"သားငယ် ကိုကို့ဆီကိုခဏသွားလေ appaတံခါးသွားဖွင့်ပေးလိုက်အုံးမယ်''
Appaပေါင်ပေါ် မျက်လုံးစဉ်းငိုက်ကာ ခွေ့ကျွေးသမျှမငြင်းရှာဘဲစားနေသော ငယ်လေးကို အောက်အသာချကာ ထထွက်သွားလေသည်။
တအီးအီးတအင်းအင်းလုပ်ကာ ပေါင်ပေါ်မမှီမကန်းတတ်လာပြီး ပါးစပ်ဟပေးသော ငယ်လေးပုံစံကြောင့် အူယားပြီး လက်ညိုးထည့်ပေးလိုက်တော့ ကိုက်ချလိုက်တာများ ဒါတောင် အချိုအစားများပြီး သွားပိုးစားနေတဲ့သွားတိုတိုလေးတွေကြောင့်သိပ်မနာတာ။
"ခွေးစုတ်လေး ကိုကို့ကို ကိုက်တယ်ပေါ့''
"သားကမုန့်ထင်လို့ကို''
"အေးအေး ကောင်းတယ် ဂွဒ်''
သူကလဲ လက်မပြန်ထောင်ပြပြီး ဂွဒ်တဲ့ ခေါင်းခေါက်ပစ်လိုက်ရကွာ။
"ဟို.......ငယ်လေးရှိလားခဗျ ကျနော်ကရှေ့အိမ်ကိုပြောင်းလာတဲ့လူတွေပါခဗျ ''
"ဟင်.......သားငယ်ရဲ့ ဧည့်သည်လား''
"ဟုတ်ကဲ့ ဦး......ommaက ဒီနေ့အိမ်မှာမုန့်လုပ်စားမှာမလို့ ငယ်လေးကိုသွားခေါ်ဆိုပြီးလွှတ်လိုက်လို့ပါ''
"Awww........ ငယ်လေးထမင်းစားနေတယ် ပြီးမှငယ်လေးကိုပို့လိုက်မယ်''
"ဟို.........ငယ်လေးကိုစောင့်ပြီးခေါ်သွားလိုက်မယ်လေ''
"သားငယ် ဟိုကလေးမပါလာဘဲပြန်မလာနဲ့နော်
ရအောင်ခေါ်ခဲ့ သေချာလဲလူကြီးတွေပြောခဲ့နော်.......'' ''ငယ်လေးကိုသွားမခေါ်သေးဘူးလား'' omma နဲ့ hyungတို့ကြောင့်သာ ပြောလိုက်ရတာ အဲ့ဦးကြီးကိုကြောက်တယ် ရုပ်ကြီးကတင်းနေတာဘဲ။"ကောင်းပြီလေ လာအိမ်ထဲဝင်''
"ဟုတ်ကဲ့ခဗျ''
"ငယ်လေးရေ......''
"ဂျာ......''
"ဟင်.....ကိုကြီး.......အိမ်လာလည်တာလား''
"ငယ်လေးကိုလာခေါ်တာ''
"Appa ငယ်လေးလိုက်သွားပြီးကိုကြီးနဲ့သွားဆော့မယ်နော်''
မျက်မှောင်ကြီးကျုံ့ထားပြီး ဝက်ပုတ်လေးကိုစိုက်ကြည့်နေသော ဝက်ပုတ်appa။
သူ့ကိုကိုပေါင်ပေါ်ကဆင်းပြီး သူ့appaခြေထောက်နှစ်ချောင်းနားသွားပြီးပွတ်သပ်နေကာ မျက်လုံးရွဲကြီးတွေနဲ့ ပေကလပ်ပေကလပ်လုပ်ပြနေသေး။
(အူယားထှာဟယ်)
"Appaလိုက်ပို့ပေးမယ်''
"Yayyyyy ဒါမှငယ်လေး appa ငယ်လေးကအာ့ကြောင့် သက်တန့်ကြီးကွေးနေရာကဖြောင့်သွားရင်တောင် appaကိုအချစ်ဆုံးဘဲ''
"သားကြီးပါအမြန်စား ပြီးရင်ငယ်လေးနဲ့အတူလိုက်ခဲ့။ သိပ်တတ်တဲ့ကိုတတ်ပ ကိုစိတ်မချဘူး။''
"ဟီးဟီး....''
"ဦးဝင်ခဲ့ပါခဗျ''
သားအဖ၃ယောက်လုံးစားသောက်ပြီးတာနဲ့ အိမ်ရှေ့အိမ်သို့ချီတတ်ကြလေသည်။
"သားငယ် ဟိုကလေးလေးပါလာပြီလား''
"အာညော်ဆာယို အိမ်ရှေ့အိမ်က......ဟင်......Suho''
"ဟင်....... Kris''
"Su......မင်းပြောပြောနေတဲ့ကလေး........ဟင်.......သားကြီး Wu yi fan.......သောက်နွားမပြောမဆိုပျောက်သွားတာ ငါသေအောင်လွမ်းနေခဲ့တာ''
"ငါလဲအတူတူပါဘဲကွာ''
အားနာနေသောမျက်လုံးကြီးတွေနဲ့ လှမ်းကြည့်နေသော ကျမယောင်္ကျားနဲ့ သူ့ရဲ့bffဆိုသူ ။
Keke နောက်ပိုင်းကျရှင်းသွားလိမ့်မယ်နော် keke စာလုံးပေါင်းအမှားပါရင်ဖြည့်ဖတ်ပေးပါရှင့်။
