"ကိုကို........''
လူကအခန်းထဲမရောက်သေးဘူး အသံကကြားနေရပြီ ။
"ကိုကိုစာလုပ်နေတယ် ငယ်လေး''
"ဟွန်းနိနဲ့ကစားပေး''
"ကိုကိုမအားဘူးလေကွာ''
"ကိုကို ဟွန်းနိကိုမချစ်ဘူး''
လုပ်ပြီ လုပ်ပြီ သူပြောသလိုမလုပ်ရင် ကိုကိုဟွန်းနိကိုမချစ်ဘူးဆိုတာကြီးနဲ့ကိုင်ပေါက်ပြီ။
"ကိုကိုတကယ်မအားလို့ပါငယ်လေးရယ် ကိုကိုစာတွေလုပ်ရအုံးမယ်လေ အဒေါ်ကြီးကိုခေါ်ပြီးဆော့လေနော် ငယ်လေးကလိမ္မာပါတယ်''
"ကိုကိုကစာတွေကိုဘဲချစ်တာ ကိုကို့ကိုမခေါ်တော့ဘူး''
ခြေဆောင့်ပြီးထွက်သွားတဲ့ ညီငယ်လေး။ ငယ်လေးဘဝကိုအေးအေးဆေးဆေးဖြစ်အောင်စောင့်ရှောက်ပါ့မယ်လို့ ommaမဆုံးခင်အချိန်က ကတိပေးခဲ့တာကြောင့်စာကြိုးစားနေရသည့်အကြောင်းတစ်ခုဖြစ်သည်။
ပညာတတ်လူကြီးတစ်ယောက်ဖြစ်ချိန်ကြ appaအားကိုးလို့ရမဲ့သား ညီငယ်လေးအားထားရမဲ့အစ်ကိုကြီးဖြစ်အောင်အခုထဲကကြိုးစားနေခြင်းပင်။ဒီတစ်ခါတော့ ငယ်လေးကို ကိုကိုလာမဆော့ပေးနိုင်သေးဘူးကွာ။ကိုကို တောင်းပန်ပါတယ်ငယ်လေး။
"ဟိတ် ဝက်ပုတ်လေး''
"ဟင်.......ဟို ကိုကြီး.......ဟီး .....''
သွားကျိုးလေးတွေပေါ်အောင်ရယ်ပြလာတဲ့ဝက်ပုတ်လေး........
"တစ်ယောက်ထဲဆော့နေတာလား ကိုကိုရောဝက်လေးနဲ့အတူတူလာဆော့ပေးရမလား''
"တကယ်လား.........''
"တကယ်ပေါ့ဝက်လေးရဲ့''
"ဟီး အာ့ဆိုလာခဲ့ကိုကြီး တံခါးကသော့မခတ်ထားဘူး''
"အင်း........ဝက်လေးက စက်ရုပ်တွေနဲ့ဆော့နေတာဘဲ ကိုကြီးဆီမှာ စက်ရုပ်တွေအများကြီးရှိတယ်''
"ဟုတ်လား......ဟွန်းနိကဝက်မဟုတ်ဘူး ဟွန်းနိလို့ဘဲခေါ်''
ဟားဟား ချစ်ဖို့ကောင်းချက်ကွာ စက်ရုပ်တွေအများကြီးရှိတယ်ဆိုတော့ မျက်လုံးလေးတွေလဲ့လို့ ဝက်ကလေးလို့ခေါ်တယ်ဆိုတော့မျက်မှောင်ကြီးကျုံ့ ပြီး သူကဝက်မဟုတ်ဘူးတဲ့လေ။
"ဟုတ်ပါပြီဗျာ......''
"ဟီး ကိုကြီး ဟိုလေ ဟွန်းနိကို ကိုကြီးစက်ရုပ်တွေလိုက်ပြပါလား appaကိုဟွန်းနိက ကိုကြီးစက်ရုပ်တွေပြပြီးဝယ်ခိုင်းမို့''
"ဟုတ်ပါပြီ ဒါဆို ကိုကြီးအိမ်ကိုလိုက်ခဲ့လေ''
"ဟုတ်''
"သားငယ် ဘယ်ကကလေးလေးကိုခေါ်လာတာလဲ ချစ်စရာလေးဟယ်''
မီးဖိုခန်းထဲက ommaကထွက်လာပြီးဝက်ပုတ်လေးကိုမြင်သွားတယ်နဲ့တူပါရဲ့ အနားလာပြီးပွေးချီလိုက်သည်။
"ရှေ့အိမ်က ကလေးလေးပါomma''
"သားလေး မုန့်မုန့်စားမလား''
နှစ်ခါမမေးရဘူး သွားကျိုးလေးတွေပေါ်တဲ့အထိရယ်ပြပြီး ခေါင်းတဆက်ဆက်ငြိမ်းပြလေသည်။
"ဒါဆို ဟိုကိုကိုနားသွားထိုင်နေနော်''
ဆိုဖာပေါ်မှာထိုင်နေတဲ့ ကိုကြီးဆီကိုလက်ညိုးထိုးပြလေသည်။
ဟိုကလေးကလဲ မုန့်ကျွေးမယ်ဆိုတော့စကားနားထောင်ပြီးသွားထိုင်လေရဲ့။
"ကိုကြီးက ဟွန်းနိလိုဆံပင်ညှပ်ထားတာနော်''
ထုံးစံအတိုင်းခေါင်းတစ်ချက်ငြိမ့်ပြပြီး စာကိုဆက်ကြည့်နေလေသည်။
ဒါကိုဝက်ပုတ်လေးက ပေါင်ပေါ်နေရာရွေ့ထိုင်ပြီး လက်ညိုးသေးသေးလေးနဲ့ hyungနှုတ်ခမ်းကိုထိလိုက်တော့ ကျနော်မျက်လုံးတို့ပြူးရတော့လေသည်။
"ကိုကြီးနှုတ်ခမ်းလေးက အသည်းပုံလေးနော် ဟီးဟီး အိစိအိစိလေး ဟိုနီနီရဲရဲအသီးလေးလိုဘဲနော် ဟွန်းနိကိုအာ့အသီးလေးနည်းနည်းကျွေးပါနော်''
သောက်ကလေး သူစားချင်တာနဲ့ hyungကိုဘယ်နားလေးလှတယ်ဆိုပြီးမြှောက်ပြီးပြောနေတာ တကယ်ပါဘဲကွာ။
Hyungကတော့ ခန္ဓာကိုယ်ကြီးတောင့်ပြီး မျက်လုံးကြီးပြူးလို့ skin shipလုပ်တာမှမကြိုက်တာကို ။
ညနေတစ်ပိုင်းလာမယ်နော် ဟီး။
