"ဟားဟား သားလေးက ကိုကြီးနှုတ်ခမ်းကိုသွားကိုင်နေတယ်ပေါ့ ကောင်းတယ်ကောင်းတယ် သားကြီးကသူ့ကိုယ်ထိတာမကြိုက်တာ အခုလိုနေနိုင်တာကောင်းတယ် အဲ့ကောင်လေးကသိပ်ခံစားချက်မဲ့လွန်းတယ် သားသားလေး နောက်နေ့တွေလဲ တီတီတို့ဆီလာလည်နော်''
"ဟီး ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခဗျ''
လက်လေးပိုက်ပြီး ပြောလိုက်တာချစ်စရာလေး။ ommaလက်ထဲက ဖရဲသီးဖျော်ရည်လေးနဲ့ ပေါက်စီလေးကိုစားပွဲပေါ်တင်ပေးတာနဲ့ အဲ့လက်ဖောင်းဖောင်းလေးနှစ်ဖက်နဲ့ ယူပြီးစားတော့တာဘဲ။
ပါးလေးတွေကပိုပိုဖောင်းလာလိုက်တာများ မြုံစိမြုံစိဝါးနေတာအဘိုးအိုလေးအလား။
"အမယ်လေးချစ်ဖို့ကောင်းချက်ဟယ် သားappaသာတွေ့ရင်မွေးစားနေမှာ သားတို့ငယ်ငယ်တုန်းကတောင်ဒီလောက်ချစ်ဖို့မကောင်းဘူး''
"ဟီးဟီး ဟွန်းနိက မွေးထဲကချစ်ဖို့ကောင်းတာကိုတီတီရဲ့''
"လူလည်လေး''
ဝစီပိတ်ကျင့်နေတယ်ထင်ရတဲ့ hyungဆီကစကားပြောသံကြားရတော့ ကျနော်တင်မကဘူး ommaကပါမျက်လုံးပြူးသွားရလေသည်။
ဒီထက်ပိုဆိုးတာက ဝက်ပုတ်လေးပါးစပ်မှာပေနေတဲ့ ဖရဲသီးအရည်တွေကိုလက်နဲ့သုတ်ပေးပြီး သူ့ပေါင်ပေါ်တင်ပြီးခေါင်းလေးကိုလက်နဲ့ပွတ်ပေးနေတာပင်။
"ဖြည်းဖြည်းစားလေ နင်မယ်''
"ဟုတ်ကဲ့ ဟီး''
ကျောက်ရုပ်ဖြစ်နေသော သားအမိနှစ်ယောက်။😨😨😨😰😰😰
စားလို့သောက်လို့ပြီးတော့ ကိုကြီးစက်ရုပ်တဲ့လေ။ hyungကတော့ သူ့ဆီက ဝက်ပုတ်လေးကိုလှမ်းခေါ်တော့ မျက်စောင်းကြီးထိုးလို့။
ချစ်ဖို့်ကောင်းတဲ့ဝက်ပုတ်လေးကို အကုန်လုံးကဝိုင်းချစ်နေကြတာပါဘဲ။
"အင့်......ကိုကြီး''
အခန်းထဲကိုလက်ဆွဲခေါ်လာပြီး စက်ရုပ်တွေတစ်ခုချင်းယူနေတုန်း လက်သေးသေးလေးနဲ့ဘောင်ဘီစကိုလာဆွဲသောဝက်ပုတ်လေးကြောင့် ငုံ့ကြည့်မိလိုက်သည်။
"ဟွန်းနိဘာဖြစ်လို့လဲ''
"ဟွန်းနိ အင်အင်းပါချင်လို့''
