Season 1 လေးပါ
Part{1}
လေနုအေးလေတွေ တသုန်သုန် တိုက်ခတ်နေသော နံနက်ခင်း
နေရောင်ခြည်သန်းစအချိန်မှာ ပတ်ဝန်းကျင်ရဲ့ တိတ်ဆိတ်မှုကို
ခံစားရင်း သာယာစွာ ပန်းပင်လေးတေကို ရေလောင်းပေါင်းသင်
ပေးနေစဉ် မျက်နှာချင်းဆိုင်က ခြံရှေ့ကို ကားတစ်စီးထိုးရပ်သွား
တာမို့ လှမ်းကြည့်လိုက်သည်
အင်း ပစ္စည်းတေကြည့်ရတာ နောက်ဆုံးပေါ်တေချည်းဘဲ ဒီရှေကတိုက်
နဲ့ခြံက ဝယ်နိုင်မယ့်သူမရှိလို့ ပစ်ထားတာကြာပီဘဲ ဟိုတစ်နေ့ကတော့
ခြံရှင်းနေတာတွေ့လိုက်တယ် ပိုင်ရှင်ပေါ်လာပီထင်ပါရဲ့
Krist တျောက်တွေးပီး ရေသာ ဆက်လောင်းနေလိုက်သည်
မကြာ ကားတစ်စီးရပ်သံကြားလိုက်ရပီး
"ဟာ ဦးလေးမြ အဲ သတ္တာကို မလေ အထဲက ပစ္စည်းတေ ပျက်စီးကုန်
တော့မှာဘဲ "ဆူညံပီး မောက်မာလှသော အသံကြောင့် လှမ်းကြည်
့လိုက်တော့ အသားညိုညို နဲ့ ကောင်လေးတျောက် ဆံပင်တေကလည်း
ရောင်စုံ အနီတေရော အဝါတေရော အပြာတေရော သက်တန့်တစ်
ခုလုံး ခေါင်းပေါ်ရောက်နေတဲ့အတိုင်းဘဲ အကျီ င်္ကလည်း
ဘို့ယို့ဘားယား နဲ့ ဘောင်းဘီကလည်း ကြိုးတေရှုပ်ရှက်ခတ်လို့
သူ့မျက်လုံးထဲတော့ လုံးဝ ×ဘဲ
"ဦးလေး ကျွန်တော်ကူမပေးမယ် "ယောကျာ်းတစ်ယောက်အားနဲ့တောင် မမနိုင်သော သေတ္တာကြီးကို အဘိုးကြီးတျောက်တည်းက မခိုင်းတယ်ဆိုတော့ Krist မနေနိုင်တော့ဘဲ ကူမပေးလိုက်သည်
"ကျေးဇူးပါကွယ် ငါ့တူလေးက သဘောကောင်းတာဘဲ ဒါနဲ့ ဘယ်လို"
"ဟုတ်ကဲ့ ကျွန်တော့နာမည်က Krist ပါ ဦးလေး ဒီခြံရဲ့ မျက်နှာချင်းဆိုင်ကပါ ပန်းပင်တေရေလောင်းနေရင်း အမြင်မတော်လို့ ဝင်ကူတာပါ "
"အင်း ရုပ်လေးကြည့်လိုက်တာနဲ့ အေးချမ်းသွာားတာဘဲကွယ် အသားလေးဖြူသလို စိတ်ထားလေးကလည်း ဖြူလိုက်တာ"
ဦးလေးမြစကားကြောင့်မျက်နှာတစ်ခုလုံး ရဲတွက်နေသော လူကြီးကို သူလှမ်းကြည့်လိုက်ပီး
"ရော့ ဒါက သေတ္တာမပေးလို့ လုပ်အားခပေးတာ "သူ့ရှေ့ကို ထိုးပေးလာသော ပိုက်ဆံတစ်အုပ်
"ဘာကွ ငါ့စေတနာကို စော်ကားတာလား ငါက အမြင်မတော်လို့ ဝင်ကူညီတာကွ ငါ့မှာလည်း ငါ့လုပ်အားခနဲ့ စားနိုင်နေနိုင်တယ် မင်းလို မိဘ အရှိန်အဝါနဲ့ မောက်မာနေတာမဟုတ်ဘူးကွ တောက် မင်းကွာ "
အင်း သူ့ကို ခုလိုဘယ်သူမှပြန်မပြောရဲ သတ္တိကိုတော့ ကြိုက်သွားပီ ပြောပီး ချာခနဲလှည့်ထွက်သွားသော လူကြီးကို လှမ်းကြည့်လိုက်ပီး
ပုခုံးတွန့်လိုက်သည်
"နေပေါ့ ရော့ ဦးလေးမြဘဲ ယူလိုက် မလိုလည်း သိမ်းထားလိုက်ပေါ့ နောက်လိုလာလိမ့်မယ်"
ပိုက်ဆံပေးပီး တိုက်ထဲဝင်သွားသော Singto ကို ကြည့်ပီး ဦးလေးမြ သက်ပြင်းချလိုက်သည်
ဒီကလေးဘယ်တော့များမှ လိမ်မာပါလိမ့် အင်းလေ ခုလိုဆိုးနေရတာလည်း ကလေးအပြစ်မှ မဟုတ်တာ ဒါတေအစက
"ရော့ အကို သုံးချင်တာ သုံးရအောင် မေ Golden Card လုပ်ပေးထားတယ် ပီးတော့ ဗီရိုထဲမှာ အဝတ်စားတေအပြည့် ဝယ်ထည့်ပေးထားတယ်လေ တစ်နေ့တစ်မျိုး ဝတ်စမ်းပါ ပါမောက္ခ တစ်ယောက်ဖြစ်နေပီး အဝတ်စားကို ဖြစ်သလို ဝတ်နေတာ လူမြင်မကောင်းပါဘူး ပီးတော့ မေတို့ အဆင့်အတန်းနဲ့ တူအောင်နေစမ်းပါ "မှန်တင်ခုံရှေ့မှာ လက်သည်းနီဆိုးရင်း ပြောနေသော မိန်းမကို သူလှမ်းကြည့်လိုက်သည်
"ငါအခုလို ဝတ်ထားတာကို လိပ်ပြာလုံတယ်ကွ မင်းနဲ့မရခင်ကတည်းက ဒီလို ဝတ်လာတာ မိန်းမဆင်ပေးတာ ဝတ်နေရတယ်လို့ ငါ အပြောမခံနိုင်ဘူး ပီးတော့ အဲလိုတန်ဖိုးကြီး အဝတ်စားတေဝတ်ရမှာ ငါရှက်တယ် "ဤသို့ ဤနှယ်စခဲ့ကြသော သူတို့အိမ်ထောင်ရေး တျောက်ကပညာတတ် တျောက်ကဥစ္စာပေါ ရုပ်ချော နေနှင့်လလို လိုက်ဖက်ပီး သာယာပြည့်စုံလိမ့်မည်ဆိုတဲ့ အတွေးနဲ့ မိဘတေက ပေးစားခဲ့ကြသည်
အစပိုင်းမှာ သာယာခဲ့ကြပေမဲ့ Singto ကိုယ်ဝန်ရလာချိန်မှ ပြသနာတေကစခဲ့သည် အလှပမက်မောသော ခင်မမမေ သည် ကိုယ်ဝန် မဆောင်ချင်ခဲ့ နောက်ပိုင်း Singto မွေးပီးတော့ တုန်နေအောင်ချစ်ခဲ့ပေမဲ့ နောက်ထပ်ကလေးယူဖို့ကို မစဉ်းစားတော့ဘဲ Singtoလေးသာ တစ်ဦးတည်းသော သားဖြစ်လာခဲ့သည် မိသားစုသိုက်ဝန်းနဲို့ နေချင်သော ဦးPrayacha က မကျေနပ် ထိုကတည်းကစခဲ့သော အိမ်ထောင်ရေး အဖုထစ်ကြောင့် နောက်ဆုံး လမ်းခွဲခဲ့ကြသည် Singto ကို တော့ အမေဖြစ်သူက ခေါ်ထားခဲ့ပီး စည်းစိမ်နောက်သာ လိုက်ခဲ့တော့ ဆုံးမမည့်သူမရှိ အလိုလိုကခံရ်ပီး ငွေကို ရေလိုသုံးခဲ့ရသော Singto က တစ်ဇွတ်ထိုး ဂျစ်ကန်ကန်ဖြစ်လာတော့သည်
YOU ARE READING
U { ဦး }
Romanceအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪