Part 14
နောက်ဆုံးတော့ ဒီနေ့လည်းရောက်ခဲ့ပီ စာမေးပွဲ ဖြေပီးသွားတဲ့နေ့ တစ်နည်းပြောရရင် ဦးနဲ့ Date မယ့်နေ့ စာမေးပွဲဖြေနေတဲ့ရက်တေမှာ
ဦးအိမ်စာသွားကြည့်ရပေမဲ့ ဦးမားပါ ထိုင်စောင့်နေတာမို့ မလွတ်လပ်
ဘူးဗျ အာ့အကြောင်း ဦးကိုပြောပြတော့ ဦးကခနတွေသွားသေးတယ်
ပီးမှ စာမေးပွဲပီးတဲ့နေ့မှာ Dateကြမယ်တဲ့် ကျတော်က Date
ရအောင်ပြောရင်တောင် ငြင်းတတ်တဲ့ဦးက ခုလိုပြောတာဆိုတော့
ကျတော်ဘယ်လောက်ပျော်သွားမလဲဆိုတာ ခင်များတို့စဉ်းစားကြည့်ကြ
စာမေးပွဲတောင် မြန်မြန်ဖြေပီး စောထွက်လာခဲ့တယ် ဦးစောင့်
့နေရမစိုးလို့
"Hello ဦး ကျတော်စာမေးပွဲခန်းထဲက ထွက်လာပီ ဦးဘယ်မှာလဲ ကျတော်လာခဲ့မယ်"
"ခုမှ 11ရှိသေးတာကို 12မှ အချိန်စေ့တာလေ မင်းကတော့ ဟူး မပြောချင်ဘူး ဖြေနိုင်လား အကုန်ဖြေခဲ့လား"
"အကုန်ဖြေခဲ့ပါတယ်ဗျ 100 ဖိုးကို ဖြေခဲ့ပါတယ် စာတေကရလွန်းလို့ ခက်နေပါတယ်ဗျ"
"အွန်း အာ့ဆိုလည်း ပီးတာဘဲ ကားနားကစောင့်နေလိုက် လာခဲ့မယ်"
ဖုန်းချပီးတာနဲ့ ကျတော်ပြုံးလိုက်သည် ကားဆီကိုလျှောက်သွားပီး စောင့်နေလိုက်သည် ဟော လာပါပီ ကျတော့ရဲ့ နေမင်းကြီး အမောကိုပြေသွားတာဘဲ သွက်လက်စွာ လက်လေးတေကို လှုပ်ရှားလိုက်ပီး
"Hello အင်း အဆင်သင့်ပြင်ထားလိုက် မိနစ40်လောက်နေရင် ရောက်မယ် "
"ဝေး Sing ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"
"ဒီလိုပါဘဲ လာ တက်လေ ဦး"
ကားတံခါးဖွင့်ပေးတာနဲ့ ကျတော်ဝင်ထိုင်လိုက်ရသည်
"ဦး "
"ဟင်"
"ကျတော် စာမေးပွဲခန်းထဲကထွက်လာတာဆိုတော့ မောနေတာသိလား လူရော စိတ်ရော"

YOU ARE READING
U { ဦး }
Romanceအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪