Part{2}
"မား ကျွန်တော်သွားတော့မယ် မားကို အရမ်းချစ်တယ်နော် mhwa"
"အင်း အချွဲလေး မားကလည်း ချစ်ပါတယ် ဂရုစိုက်သွားနော် "
ကျွန်တော့နာမည်က ရောင်ဝါနေမင်းပါ အဟဲ နာမည်က ကြီးကြယ်သွားလား ကျွန်တော်မွေးတဲ့နေ့တုန်းက တိမ်တေထူထပ်တဲ့နေ့ပေါ့ ကျွန်တော်လည်းမွေးရော နေမင်းက တိမ်တေကြားထဲက တောက်ပလာလို့ ဒီနာမည်ပေးခဲ့တာတဲ့ အိမ်နေနာမည်က Krist တဲ့ Kitလို့လည်းခေါ်ကြတယ် အဖေက ဗမာပါ အဲ မားကတော့ ထိုင်းစပ်တယ် မားအဖေနဲ့အမေက မားတို့လိုဘဲ ထိုင်းနဲ့ ဗမာယူထားတာ အဲတော့ ကျွန်တော်က ထိုင်းကို နှစ်ဝမ်းကွဲတယ်ဗျ အဖေကတော့ဆုံးသွားတာ ကြာp မားနဲ့အနေများတော့ မိန်းကလေးသဘောထားတွေ ရှိတယ်ဗျ နူးညံ့တာတို့ စိတ်ရှည်တတ်တာတို့ပေါ့ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ပိုက်ဆံစကားပြောရင်တော့ အရမ်းမုန်းတယ် အာ့ကြောင့် ဟိုနေ့က ကောင်လေးကို ပြောပြစ်ခဲ့တာ ကဲပါ ထားပါတော့ Bus ကားလာပီ သွားပီဗျ
"ဆရာလေးကို Professorက ပြောစရာရှိလို့ ရုံးခန်းလာခဲ့ပါတဲ့ "
အခန်းထဲရောက်လို့ အမောဖြေမယ် ရှိသေးတယ် ကြားလိုက်တဲ့စကားကြောင့် ရုံးခန်းပြေးရပြန်တယ်
"ဒေါက် ဒေါက် ကျွန်တော်ရောက်ပါp ဗျ "
"omm ဝင်ခဲ့ပါ ဆရာလေး"
စားပွဲရှေက ခုံမှာကျွန်တော်ဝင်ထိုက်လိုက်တော့
"ဒီလိုဗျ ဒီနှစ် ကျွန်တော်တို့ကျောင်းကို ကျောင်းသားအသစ်တစ်ယောက် ပြောင်းလာတယ် အဲတာ ကျွန်တော့မိတ်ဆွေရဲ့သားကလည်းဖြစ်နေတယ် ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတော့ ဆိုးချင်နေတယ် ဆရာလေးက ရိုးသားကြိုးစားပီး စည်းကမ်းအရမ်းကောင်းတယ် စိတ်လည်းရှည်တယ်လို့ နာမည်ကောင်းတေထွက်နေတဲ့သူဆိုတော့ ဆရာလေးဆီမှာ အပ်ချင်လို့ပါ သူ့ကလည်း အခု ဒုတိယနှစ်ဆိုတော့ ဆရာလေးသင်တဲ့အတန်းနဲ့ ကွက်တိဖြစ်နေတယ်လေ"
"အာ ဟုတ်ကဲ့ ကျွန်တော်ကလည်း အဲလောက်မဟုတ်ပါဘူး ဒါပေမဲ့ စိတ်ချပါ ကျွန်တော် ပြုပြင်ပေးပါမယ် ဒါနဲ့ ကျောင်းသားက "
"ဟုတ်သားဘဲ မေ့နေတာ Singto Paracha တဲ့ အဖေက Professor ကြီး Parachaတဲ့ ဒီကျောင်းမှာ အုပ်ချုပ်ခဲ့ဖူးတယ်လေ ပြောရရင် ဦးရဲ့ ဆရာဆိုလည်း မမှားဘူးပေါ့"
"ဗျာ ဒါဆို"
"ဟော ပြောရင်းနဲ့လာp လာသား မှတ်ထား ဒါက သားတက်ရမယ့်အတန်း က ဆရာ မိသားစုဆရာဆိုလည်း ဟုတ်တယ် ဆရာ ရောင်ဝါနေမင်းတဲ့ ကဲ ဆရာ့နောက်လိုက်သွားလိုက်နော် ဆရာ အားကိုးပါတယ်နော်"
"ဟုတ်ကဲ့ ခွင့်ပြုပါဦးဗျ "
ရုံးခန်းထဲကနေ အပြင်လည်းရောက်ရော
"ဦး ကျွန်တော် အတန်းမတက်ချင်ဘူး "
"ဘာပြောတယ် ၁အချက် ငါက မင်းရဲ့ဆရာ အဲတော့ ဆရာလို့ဘဲခေါ်
၂အချက် ခုမှကျောင်းစတက်တာ မသင်ချင်လို့မရဘူး ၃အချက် ဘာမှထပ်မကြားချင်ဘူး ငါ့နောက်လိုက်ခဲ့ ဒါဘဲ"ပြောပီး ကျွန်တော် ရှေ့ဆက်လျှောက်လာခဲ့သည် နောက်က ခြေသံမကြားတော့ လှည့်ကြည့်လိုက်တော့ မင်းသားက ခြေစုံရပ်နေဆဲ
"ကျစ် မင်းကွာ ငါကဆရာနော် ငါပြောတာနားထောင်စမ်းပါ လိုက်ခဲ့လာ"
စိတ်ရှုပ်နေတဲ့အမူအရာလေးနဲ့ မျက်နှာလေးရဲကာ
ကျွန်တော်လက်ကို ဆွဲပီး ခေါ်သွားသော ဆရာ့နောက်ကို ပါသွားရင်း ပြုံးမိသည် ဆရာတဲ့ ကလေးဆန်လိုက်တာ အရင်ကျောင်းကဆရာတေဆို စကားနားမထောင်တာနဲ့ ဘာမှမပြောတော့ မာမီအရှိန်ဝါကြောင့် သူ့ကို အရေးပေးကြသည် ဒါနဲ့နေပါဦး အရင်က ဘယ်သူ့မဆို အသားထိတာနဲ့ မကြိုက်ခဲ့ ဆွဲထိုးခဲ့သော ကျွန်တော်က ခုတော့ လက်ကိုဆွဲခေါ်နေတာကို ဘာလို့ ငြိမ်နေမိတာလဲ ပီးတော့ မျက်နှာ် ပြုံးနေတယ် ကျွန်တော်မပြုံးခဲ့တာ ကြာpဘဲ
အခန်းထဲလည်းဝင်လိုက်ရော ဆူညံသံတေက မီးကိုရေနဲ့ပက်လိုက်သလို ရှဲခနဲ
"အားလုံးဘဲ ဒါက ဆရာတို့ကျောင်းကို ပြောင်းလာတဲ့ Singto Parachaတဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပေးကြပါ ကိုယ့်ကို မိတ်ဆက်လိုက်လေ"
"ဗျာ ကျွန်တော့နာမည်ကဆရာပြောတဲ့အတိုင်းပါဘဲ Singto လို့လည်းခေါ်လို့ရပါတယ် "
"ဟုတ်ပီ အာ့ဆို ဟိုခုံမှာသွားထိုင်လိုက်နော် စည်သူဝင်း သူငယ်ချင်းကို ခေါ်လိုက်ပါဦး"
"လာ သူငယ်ချင်း ငါ့ဘေးလာထိုင် ငါတိုးပေးမယ်"ဆရာပြတဲ့နေရာမှာ ကျွန်တော်သွားထိုင်လိုက်တော့ ဘေးခုံက ကောင်မလေးတေ ကျွန်တော့ကို ကြည့်ပီး တီးတိုးပြောနေကြသည်
"ကဲ ဆရာစာစသင်မယ် အားလုံး အာရုံစိုက်ကြပါ ဒါနဲ့ ညနေတစ်ပိုင်းလုံး ကျောင်းသန့်ရှင်းရေးလှုပ်ရှားမှုရှိတယ် အားလုံး ပါဝင်ဖို့ ပြောချင်တယ်နော်"
"ဟုတ်ကဲ့ ဆရာ"တစ်ခန်းလုံးအော်သံက ဟိန်းလျက် လှုပ်ရှားမှုတိုင်းသည် ကျောင်းသူကျောင်းသား အချင်းချင်း ရင်းနှီးစေသလို မုန့်လည်းစားရသည်မဟုတ်လား
########
ကြိုက်ရင် REVIEW ရေးပေးကြပါလို့😪
YOU ARE READING
U { ဦး }
Romansaအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪