Part {5}
ထိုနေ့ညက စခဲ့သော အဖြစ်ပျက်ကြောင့် ဦးနဲ့ ကျွန်တော့်ရင်းနှီးမှုက ပိုလာခဲ့သည် နောက်ရက်ရောက်တော့ ဦးကကျောင်းပြန်ဝင်လာပီးတော့ ကျွန်တော့ကို ဆေးထည့်ပေးတတ်သည် ပီးတော့ ဆရာဝန်မခေါ်သည့်အတွက်လည်း ဆေးထည့်ရင်း ပွစိပွစိ ပြောတတ်သေးသည် ထိုအခါတိုင်း ကျွန်တော် ဆူပုတ်နေသော မျက်နှာလေးကိုကြည့်ပီး ပြုံးရမြဲ တစ်ခါကျွန်တော်စချင်တော့
"ဘာလဲ ဦးက ကျွန်တော့ကို လာပြုစုပေးရလို့ ဆရာ ဝန် ခေါ်ခိုင်းနေတာလား ဦးအတွက် ဝန်ပိုတယ်ဆို မလာပါနဲ့ ရတယ် ကျွန်တော့ဘာသာ သေသေပစ်ထားလိုက်ပါ"ထိုသို့ပြောလိုက်တော့ ကျွန်တော့ခေါင်းကို ဖွဖွလေးခေါက်လိုက်ပီး
"ဒီမယ် ကောင်လေး ငါက ဝန်ပိုလို့မဟုတ်ဘူး မင်း ကျောင်းနောက်ကျနေမဆိုးလို့ ပြောတာ ကျောင်းပျက်တာ တစ်ပတ်ရှိpလေ စာတေလွတ်ကုန်မှာပေါ့"
"ဦးရှိတယ်လေ ဦးရှင်းပြပေါ့ "
"မဟုတ်ဘူးလေ ငါလည်း မအားဘူးလေ မင်းဆီကို ဝင်နေရတာ ဒီလိုလုပ် မင်းအိမ်ပြန်လာခဲ့လေ အာ့ဆို အေးဆေးရှင်းပြလို့ရတယ်"
"ဒီအခန်းမှာလည်း အေးအေးဆေးဆေးရှင်းပြလို့ ရသားဘဲ ပိုတောင် လွတ်လပ်သေးတယ်လေ ဦးကလည်း"
"ဟူးး မင်းက မိဘပိုက်ဆံဖြုန်းတီးနေတာဘဲ ပိုက်ဆံတန်ဖိုးကို နားမလည်သေးဘူးဘဲ ပီးတော့ မင်းမိဘတေရှိတယ်လေ သူတို့လွမ်းနေမှာပေါ့"
"အဟားဟားး သူတို့လား လွမ်းမှာ သူတို့က ကျွန်တော့ထက် သူတို့ အတ္တကို ပိုချစ်လို့ လမ်းခွဲထားကြတာ အဲတော့ ကျွန်တော့မှာ မိဘမရှိဘူး "
"မဟုဆ်ဘူးလေ ဘယ်လိုဘဲဖြစ်ဖြစ် မိဘကမိဘဘဲလေ "ဒီကောင်လေး ပျက်စီးနေရသည့် အကြောင်းရင်းကို သူသိလိုက်ပီ မေတ္တာငတ်နေသော ကောင်လေးက ထင်ရာစိုင်းနေခြင်းပင် နဂိုဓာတ်ခံ သနားစိတ်လေးက ဝင်လာp
"ကဲပါ ထားလိုက်တော့ ပထမဆုံး မင်းရဲ့ ဒီစုတ်ဖွားနဲ့ ရောင်စုံဆံပင်ကြီးကို ပြင်မယ်ဆိုရင် ဆရာ စာရှင်းပြဖို့ စဉ်းစားပေးမယ်"
"တကယ်နော် ဦး အာ့ဆို မနက်ဖြန်မှာဦးစာရှင်းပြဖို့ ပြင်ဆင်ထားပါ"
"အွန်း ဒါပေမဲ့ တ၀်ရက်ဘဲနော် "
"ဗျာ ဦးကလည်း"
"မျက်နှာငယ်လေး လုပ်မနေနဲ့ မင်းရဲ့ ထိုးထိုးထောင်ထောင် လက်ပတ်တေ လက်စွပ်တေ ကြိုးတေကို မဝတ်တော့ရင် နောက်တစ်ရက် ပေါ့"
"ဟာ ဦးရယ် ၂ရက်တေလုပ်မနေပါနဲ့ ကျွန်တော့ ကို Guide လုပ်ပေးပါလားဟင် ကျောင်းနောက်ကျတော့ စာတေမမှီဘူး စာမေးပွဲကျတာ ဦးမြင်ချင်လို့လား နော်နော်"
"အာ့ဆို မင်း အိမ်ပြန်လာခဲ့ အာ့ဆို ငါ့အိမ်မှာ ညတိုင်း စာရှင်းပြလို့ရတယ် ပီးတော့ မင်းပုံစံက ကျောင်းသားနဲ့ လုံးဝတူနေရမယ် ငါ့ကို ဆရာလို့ခေါ်ရမယ် အာ့တာအရေးကြီးဆုံးဘဲ"
"ကောင်းp ဦးပြောတာအကုန်လူံး လိုက်နာမယ် ဒါပေမဲ့ တစ်ခုဘဲ ကျောင်းမှာဘဲ ဆရာခေါ်မယ် ကျန်တဲ့ အချိနိတေဆို ဦးလို့ဘဲ ခေါ်မယ် မတားပါနဲ့
"ဟူးး ဟုတ်Pလေ အာ့ဆို မနက်ဖြန်တစ်ရက် ကျန်သေးတာဆိုတော့ ကျောင်းလာတက်ပါ သဘက်ခါ ကျောင်းပိတ်ရက်ကစပီး မင်းကိုဆရာစာသင်ပေးမယ်"
"ဟုတ် ဦး အာ့ကြောင့် ဦးကို အရမ်းချစ်တာ 😘"
"ဟင် "ကိုယ့်ပါးကို ကိုင်ပီးသာ Krist အံ့သြနေရတော့သည်
"ဟီး ကျွန်တော်က ပျော်သွားလို့ပါ Sorry နော် ဦး"သြော် ဒီကလေး ဘုန်းကြီးခေါင်းခေါက်ပီးမှ ဦးတော်ဆိုသလို ခုမှ လာတောင်းပန်နေတော့ရော ပါးပေါ်က နွေးထွေးမှုလေးက ပျောက်သွားမှာလား
"ကဲ ငါ အိမ်ပြန်တော့မယ် မားက စိတ်ပူနေလိမိ့မယ် သွားP"
"ဟို ဦးစိတ်မဆိုးပါဘူးနော် စာသင်ပေးမှာကို ပြန်မရုတ်သိမ်းပါနဲ့နော်"
"ငါ မဆိုး ပါဘူး Bye"ပြောပီး အခန်းထဲက ကျွန်တော်ထွက်ခဲ့သည်
ထွက်သွားသော နောက်ကျောပြင်လေးကို ကြည့်ပီး ပြုံးလိုက်မိသည် မျက်နှာရဲရဲလေးနဲ့ဆိုတော့ ရှက်ပီးထွက်သွားတာဘဲ နေပါဦး သူကရော ဘာလို့ ဒီလိုပြုလုပ်မိလိုက်တာလဲ ဘယ်သူနဲ့မှ တရင်းတနီး မနေတတ်သော သူက ခု ဘာလို့ ဒီလိုတေလုပ်မိတာလဲ အင်း သေချာတာက သူ့ကို ခုလို နွေးနွေးထွေးထွေး ဆက်ဆံပေးတာ ဆရာ တျောက်တည်း ရှိလို့ဘဲ ဟုတ်တယ် အာ့ကြောင့်နေမှာ
########
တိုသွားလား 😉 မုန့်လုံးရေပေါ် FICလေးကို အားပေးကြပါဦး
![](https://img.wattpad.com/cover/182577698-288-k561831.jpg)
YOU ARE READING
U { ဦး }
Romanceအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪