Part {9}
မနေ့ညကစမလာခိုင်းခဲ့တာ ခုဆို ၂ ရက်ရှိပီ ကျောင်းမှာတွေ့တော့လည်း စာသင်ချိန်မှာမို့ မပြောရ စာသင်ပီးတာနဲ့တန်းထွက်သွားတတ်သော ဦးကို သူလိုက်ပေမဲ့ မမှီ ကျောင်းဆင်းပြန်တော့လည်း သူ့အရင် ပြန်သွားသည် ဖုန်းဆက်တော့လည်းမကိုင် Singto ဘယ်လိုမှမနေနိုင်တော့ ဦး သူ့ကိုဘာလို့ရှောင်နေတာလဲ ဒီနေ့လည်း စာသင်ပီးတာနဲ့ အခန်းထဲက အလျင်အမြန်ထွက်သွားသော ဦးနောက်ကို သူအပြေးတပိုင်းလိုက်ခဲ့သည်
"ဦး"သူခေါ်သံကြောင့် ခြေလှမ်းတုံ့သွားပေမဲ့ မရပ်သွား
"ဦး ကျွန်တော်ခေါ်နေတယ်လေ"စိတ်မရှည်တော့သည်မို့ လက်မောင်းတစ်ဖက်ကို ဆွဲလှည့်လိုက်သည်
"ငါ လုပ်စရာတေရှိသေးတယ် "ခေါင်းမော့မလာဘဲ မျက်နှာလွှဲရင်း ပြောလာသောဦး
"ခနဘဲ ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ"
"Singto ငါ"စကားတောင်ဆက်မပြောလိုက်ရ ကြမ်းတမ်းစွာဆွဲခေါ်သွားသူနောက်ကို ပါသွားရသည် ကျောင်းနောက်ဘက်ရှိ နေကြာခင်းတေအစပ်ရောက်မှ သူ့လက်ကို လွှတ်တော့သည် လက်ကောက်ဝတ်ဆီက နာကျင်မှုကို သိလိုက်ပီး မျက်ရည်ဝိုင်းလာသည်
"ပြောပါဦး ကျွန်တော့ကို ဦး ဘာလို့ရှောင်နေတာလဲ ဖုန်းဆက်တော့ရော ဘာလို့မကိုင်တာလဲ ဘာလို့လဲ ဦး ဘာလို့လဲ ကျွန်တော်ဘယ်လောက် နေရခက်တယ်ဆိုတာ ဦး မသိဘူးလား ညတိုင်းစာလာသင်ပီး ဦးမျက်နှာကို တဝကြည့်ပီးမှ ကျွန်တော်အိပ်လို့ပျော်တာရော ဦး မသိဘူးမို့လား
ညနေတိုင်း အတူတူ ကျောင်းဆင်းလို့ပြန်တိုင်း ကျွန်တော့ရင်ထဲ ဘယ်လောက်ကြည်နူးရတယ်ဆိုတာရော ဦးမသိဘူးမို့လား နောက်ဆုံး ကျွန်တော် ဦးကို"
"တော်တော့ တော်ပါတော့ ငါ့ကိုသနားရင် တော်ပါတော့ဟီးဟီး"ကျွန်တော့ကိုအော်ရင်း ငိုချလိုက်သော ဦး
"မင်းရော သိလား ငါတို့ နှစ်ယောက်လုံးက ယောကျာ်းလေးတေဆိုတာ ပတ်ဝန်းကျင်က ကဲ့ရဲ့ကြမယ်ဆိုတာရော မင်းသိလား နောက်ဆုံး ဒီကိစ္စက်က ဘယ်လိုမှ မဖြစ်သင့်ဘူးဆိုတာရော မင်းသိလား အရူးလေးရဲ့ ဟီးဟီး"ကျွန်တော့ရင်ဘတ်ကို ထုရင်းငိုနေသော ဦးလက်ကလေးတေကို ကျွန်တော်ဆွဲယူလိုက်တော့ ငိုနေရင်းမှ' အ'ခနဲညည်းသံလေးကြားလို့ ကြည့်လိုက်တော့
လက်ကောက်ဝတ်မှာ ရဲပီး အရေပြားတေပွန်းနေသည် သူ့လက်ရာကြီးက အတိုင်းသား
" ဦး တော်တော်နာနေတာလား ကျွန်တော် ဒေါသထွက်မိသွားတာကြောင့်ပါ ဟာကွာ တော်တော်အသုံးမကျတဲ့ကောင်ဘဲ တောက် ဒုန်းဒုန်း "
"တော်ပါတော့ Singto မထိုးပါနဲ့ မထိုးပါနဲ့ တော့"ဘေးနားက အုတ်တံတိုင်းကို နှစ်ချက်ဆင့် လက်သီးနဲ့ထိုးလိုက်တော့ နောက်ကနေ သူ့ခါးကို ဖက်ကာ ပြောလာသောဦး
သူပြန်လှည့်ကာ ဖက်လိုက်ပီး
"ကျွန်တော်မလုပ်တော့ဘူး ဦး မငိုနဲ့တော့ တိတ်တော့နော်"ပါးပြင်ထက်မှမျက်ရည်တေကို လက်မနဲ့အသာသုတ်ပေးလိုက်တော့
"မင်းလက်မှာသွေးတေ ခနနေဦး ငါကျောင်းက Storeဆိုင်မှာ ဆေးသွားဝယ်လိုက်ဦးမယ် "
"ဟို ဦးမှာ လုပ်စရာရှိ"
"ထားလိုက်ပါ အဲတာက ခုလောက် အရေးမကြီးတော့ဘူး"ပြောပီးပြေးထွက်သွားသော ဦးကျောပြင်ကို ကြည့်ပီး ကျွန်တော်ပြုံးလိုက်မိသည် ဦးကို ချစ်တယ်လို့တောင်မပြောလိုက်ရဘူး ပြန်လာရင်ပြောရမယ် ဘာတေပြောရမလဲဆိုတာတေ စဉ်းစားနေတုန်း လက်ထဲမှာအထုတ်လေးဆွဲကာ အပြေးလာနေသော ဦး
"ဘာလို့ပြေးလာတာလည်း ဦးရယ် မောနေပါ့မယ် ဖြေးဖြေးလာရောပေါ့"
"မင်းလက်က သွေးထွက်လွန်နေမဆိုးလို့ ကဲပါ လာ လက်ပေး"ဝါဂွမ်းလေးနဲ့သွေးတေကိုသုတ်ပေးလိုက်ပီး အရက်ပျံပုလင်းလေး ထုတ်လိုက်သည်
"နည်းနည်းတော့ စပ်မယ်နော် "လက်ပေါ်လောင်းလိုက်တော့ စပ်သွားပေမယ့် သူအံကြိတ်ခံလိုက်သည ဦးက် ပါးစပ်မှတဖူးဖူးမှုတ်ရင်း ပတ်တီးစီးပေးတော့ သူပြုံးမိသည် ဦးသူ့အပေါ်မှာသံယောဇဉ် ရှိသေးသားဘဲ
"ဘာပြုံးတာလဲ မင်း"
"ဦး မှတ်မိလား အရင်တစ်ခါ ကျွန်တော်လက်ထိခိုက်တုန်းက လည်း ဦး ဒီလို့ဆေးထည့်ပေးခဲ့တာလေ"
"အင်း မှတ်မိတယ်"
"အာ့ဆို အဲတုန်းက ကျွန်တော် ဦး နဖူးကို နမ်းခဲ့တာရော မှတ်မိလား"
"မှတ်မိ အမ် မင်း"ရှက်သွားသော ဦးမျက်နှာလေး
"ကျွန်တော် ဦးရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတေအကုန်လုံးကို နမ်းချင်မိတာ ကျွန်တော့အပြစ်ရှိလား ဦး"
"မင်း မင်း ဘာတေလာမေးနေတာလည်း ငါသွားတော့မယ်"
"နေပါဦး ဦးလက်ကို ဆေးထည့်ပေးမယ်လေ ကျွန်တော်"ကျွန်တော့ကြောင့်ဖြစ်သွားသော လက်ကလေးကိုကြည့်ရင်း စိတ်မကောင်းဖြစ်လာတာနဲ့ ငုံ့နမ်းလိုက်သည်
"မင်း ဘာလုပ်လိုက်တာလဲ"
"အာငွေ့ပေးလိုက်တာလေ သက်သာအောင်လို့ ကျွန်တော် ဦးရဲ့ နဖူးနဲ့ပါးကို နမ်းဖူးတယ်ဆိုတော့ ခုတစ်ခါကျ"စကားကို ဆက်မပြောတော့ဘဲ မျက်လုံးတေက ကျွန်တော့ နှုတ်ခမ်းဆီရောက်လာသည်
"ကျွန်တော် ဦးကိုချစ်တယ် မဟုတ်ဘူး ချစ်တယ်ဆိုတာထက် မြတ်နိုးတယ် နေကြာပန်းလေးတေက နေမင်းရှိရာကို လှည့်ပီး နေရောင်ခြည်နဲ့ ဖူးပွင့် ရှင်သန်ကြသလို ဦးဆိုတဲ့ နေမင်း ကြီးရဲ့ အချစ်တေနဲ့ နေကြာပန်းလေး ကျွန်တော့ကို ရှင်သန်ခွင့်ပေးပါ"မထင်မှတ်ထားသော စကားတေကြောင့် ကျွန်တော်ကြောင်ပီး ကြည့်မိစဉ် နှုတ်ခမ်းပေါ်ကို ကျရောက်လာသော နွေးထွေးမှုတစ်ခု ကျွန်တော်မငြင်းမိ ထိုအနမ်းလေးထဲမှာ သန့်စင်မှု မြတ်နိုးမှုတေနဲ့ ဖွဲ့သီထားတဲ့ ချစ်ခြင်းတေအပြည့်ဆိုတာကိုတော့ ကျွန်တော်ယုံကြည်မိသည် ဒါပေမဲ့ ခနလေးပါဘဲ စက္ကန့် ၂၀စာလောက်အနမ်းလေးက ကျွန်တော့ရဲ့ ထိန်းချုပ်ထားရသော ချစ်ခြင်းတေကို ပေါ်ထွက်လာစေတယ်ဆိုတာ ဘယ်သူကထင်မိကြမှာလဲ
ခုချိန်မှာ အသက်အရွယ်ကွာခြားမှုကိုလည်း ကျွန်တော်မစဉ်းစားတော့ပါဘူး
"ချစ်တယ်"ဦးပါးစပ်မှထွက်လာသော အသံကြောင့်သူ အံ့သြသွားမိသည် ကမ္ဘာကြီး ခနရပ်တန့်သွားသည် လေးညှင်းလေးတေတိုက်ခတ်မှုကြောင့် ယိမ်းနွဲ့နေသော နေကြာပင်းလေးတေလည်း ရပ်တန့်သွားသည် ကောင်းကင်ပေါမှာ ရွေ့လျားနေသော တိမ်တိုက်တေသည်လည်း ရပ်တန့်သွားသည် မြင်မြင်သမျှ တိတ်ဆိတ်ခြင်းအတိ
"ချစ်တယ် ငါလည်း မင်းကို ချစ်တယ် Singto"ဦးထံမှစကားသံထပ်ထွက်လာတော့ သူဝမ်းသာအားရ ခါးကနေကိုင်ပီး ဝှေ့ရမ်းပစ်လိုက်သည်
"ဝေးဟေးဟေး"သူ့အော်သံကြားမှ ကမ္ဘာကြီး ပုံမှန်တိုင်း လည်ပတ်သွားတော့သည် အင်း သေချာတာကတော့ ထို့နေ့က ညနေတစ်ပိုင်းလုံး Singto ကျောင်းမတက်ခဲ့ဘူးဆိုတာပါဘဲ ဘာလို့ပါလိမ့် တမျိုးမထင်စေလို နေကြာခင်းထဲမှာ သူချစ်ရသော ဦးကို ရင်ခွင်ထဲထည့်ကာ ခါးလေးကနေဖက်ပီး နှစ်ယောက်သား Sunsetကို ကြည့်နေကြသောကြောင့်ပင်😉######$$####
YOU ARE READING
U { ဦး }
Romanceအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪