Part {11}
စာသင်နေရပေမယ့် ကျတော့စိတ်တေကတော့ ဦးဆီကို ရောက်နေပါတယ် ဒီနေ့က ချစ်သူများနေ့လေ ဦးကိုပေးမယ့် လက်ဆောင်လည်း မနက်ကတည်းက ပြင်ဆင်လာခဲ့ပီ တော်သေးတယ် နောက်တစ်ချိန်က ဦး သင်ရမှာမို့ ကော်ရစ်တာဘက်ကနေ ဦးကိုစောင့်ရင်း သွားပေးမယ်လို့ စိတ်ကူးနဲ့ လက်ဆောင်ဗူးကို ယူပီး အခန်းထဲက ထွက်လာခဲ့သည် ဟော ဦးလာပီ ကျတော့်ကိုပြုံးပြနေပါလား ကျတော်ပြနပြုံးပြပီး ဦးဆီသွားမယ်အလုပ် အကျီ င်္ကို အဆွဲခံလိုက်ရသည် ကြည့်လိုက်တော့ အခန်းထဲက ကောင်မလေးတစ်သိုက် ဦးကိုလှမ်းကြည့်လိုက်တော့ ဆရာ တစ်ယောက်နဲ့စကားရပ်ပြောနေတာမို့
"အင်း သီတာတို့ပါလား ဘာလဲပြောလေ" ဟိုတစ်ခါက အခန်းထဲမှာ မူးလဲလို့ ကျတော်ပွေ့ပီး ကျောင်းဆေးခန်းသွားပြပေးခဲ့ရတဲ့ ကောင်မလေး
"ဟိုလေ Sing ဒီမှာ လက်ဆောင်ပေးချင်လို့ "မျက်လွှာချပီး မဝံ့မရဲ ပြောနေသည် ဘေးနားက ကောင်မလေးတေကတော့ မျက်လုံးလေးတေတလက်လက်နဲ့ သူယူမလား မယူမှာလားကို စိတ်ဝင်စားနေပုံရသည် အင်း သူ့ကိုကူညီဖူးလို့ ကျေးဇူးတင်တဲ့အနေနဲ့ပေးတာနေမှာ မငြင်းသင့်ပါဘူးလေ
"အင်း ပေးလေ လက်ခံရမှာပေါ့"
"တကယ် ဝမ်းသာလိုက်တာ "လက်ဆောင်ထုတ်ကို ကျတော့လက်ထဲထည့်ပီးတာနဲ့ အခန်းထဲပြန်ဝင်သွားသည် ဘေးနားကကောင်မလေးတေကလည်း ဝိုးခနဲအော်ပီး လိုက်သွားကြကာ အခန်းထဲရောက်တော့ ဘာတေဝိုင်းပြောနေကြမှန်းမသိ Singto ခေါင်းရမ်းလိုက်ပီး Kristကို ကြည့်လိုက်တော့ ဒီဖက်လာနေတာမို့ သူရပ်နေလိုက်သည်
"ဦး ကျတော်"ဟင် စကားတောင်မဆုံးသေး အခန်းထဲတန်းဝင်သွားသည် မျက်နှာကလည်း တစ်မျိုးဖြစ်နေသည် ဦး ဘာဖြစ်သွားတာလဲ ခုနကအကောင်းပါ နှုတ်ဆက်နေကြပ်ီမို့ အတန်းထဲသာ ပြေးဝင်ခဲ့တော့သည် ညနေကျောင်းဆင်းမှဘဲ ပေးတော့မယ်
စာသင်ခန်းထဲမှာ ဂရုတစိုက်နဲ့ ရှင်းပြပီး သင်နေသော ဦးပုံစံလေးကို ကျတော်ကြည့်မဝ ဦးကိုလေးစားတဲ့ အချက်တေထဲမှာ ခုပုံစံလည်းပါသည် အပြင်မှာ ဘယ်လောက်ဘဲ တစ်ခုခု ဖြစ်ခဲ့ပါစေ စာသင်ခန်းထဲမှာ ဘယ်တော့မှ အမူအရာမပြောင်း ဂရုစိုက်မြဲ ကျောင်းသာတေကိုလည်း မမဲတတ်ပေ ဦးကိုဘယ်လောက်ကြာအောင် ကျတော်ငေးနေမိသည်မသိ ဘေးကသူငယ်ချင်းက ပုခုံးလာပုတ်မှ အသိဝင်လာမိသည်
"ဟျောင့် ဆရာက အိမ်စာတေထပ်ထားတဲ့စာအုပ်တေကို ရုံးခန်းထဲ လာထပ်လှည့်ပါတဲ့ " ကျတော်ကတစ်ခန်းလုံးရဲ့ ECကိုး
"အော် အေး ဟုတ်ကဲ့ပါဆရာ"
"အင်း အာ့ဆို အားလုံးဘဲ ကျေးဇူးတင်ပါတယ် တပည့်တို့"
နှုတ်ဆက်ပီး ဦးစာအုပ်တေကောက်သိမ်းနေတာမို့ ကျတော် အနားသွားလိုက်ပီး
"ဦး ကျတော့ကို စောင့်ဦးနော် ကျောင်းပေါက်ဝမှာ"တိုးတိုးလေး ကပ်ပြောလိုက်တော့ ခေါင်းကို မသိမသာ ညိတ်ပြပီး ထွက်သွားသည်
ကျတော်လည်း အတန်းဆီ ပြန်လာလိုက်ပီး စာအုပ်တေကို လွယ်အိတ်ထဲသိမ်းနေတုန်း
"ဟျောင့် မင်းခုနက ဆရာ့ကို ဘာတေကပ်ပြောနေတာတုန်း "ဘာဖြေရမှန်းမသိ ကျတော်ကြောင်သွားသည်
"စာမေးပွဲမေးခွန်းတေကပ်မေးတယ်လို့တော့ မပြောနဲ့နော် ဆရာက မျက်နှာမလိုက်တတ်တာ ငါတို့အသိဘဲ မင်းကိုပြောမှာမဟုတ်ဘူး ဟားဟား ဒါနဲ့ ဆရာ့က မင်းနဲ့ အိမ်နားနီးတယ်ဆို "
"အင်း ဟုတ်တယ် မျက်နှာချင်းဆိုင် "
"အင်း ကောင်းတာပေါ့ မင်းမသိတာရှိ မေးလို့ရတာပေါ့ သွားပီ ဟျေင့်"
"အေးအေး "ဟူး တော်သေးတယ် အာရုံလွဲသွားလို့ အိတ်ကိုကောက်လွယ်လိုက်ပီး စာအုပ်တစ်ထပ်ကြီးကို ကောက်ယူလိုက်ကာ ရုံးခန်းဆီ အမြန်ထွက်ခဲ့သည် ဦးစောင့်နေရတော့မှာဘဲ
"ဦး စောင့်နေရတာ ကြာသွားပီလား Sorry နော် အခန်းထဲကအထွက်မှ လက်ဆောင်ပေးနေကြမို့ နောက်ကျသွားတယ်"
"ရတယ်"ပြောပီဲးဝင်ထိုင်လိုက်တာမို့ ကျတော်လည်း ကားထဲဝင်ထိုင်လိုက်သည်
"ဦး ခနနော်"ကျတော့လက်ထဲက လက်ဆောင်ထုပ်တေကို ကားနောက်ခန်းထဲချလိုက်ပီး လွယ်အိတ်ထဲက လက်ဆောင်တေပါထုတ်ပီး ထားလိုက်သည်
"မင်း ဒီတစ်သက် သွားဦးမှာလား ကားကဆန့်သေးလား ပစ္စည်းတေထားဖို့ ငါဆင်းပီး taxi ငှားသွားရမလား"
"မလိုပါဘူး ဦးရယ် ဆန့်ပါတယ် "ပြောပီး လွယ်အိတ်ထဲ ကျတော်ငုံ့ရှာလိုက်သည် ခုမှ ဘယ်ချောင်ကပ်နေသည်မသိ ဟူး
"ငါပါ ဝိုင်းရှာပေးရမလား ဘာလဲ တစ်ခုကျန်သေးလို့လား လက်ဆောင်တေက"
!ဟုတ်တယ် ဦး အော် တွေ့ပီ အပေါ်အိတ်ထဲမှာ ထည့်ထားပီး အကြီးကြီးထဲမှာ လိုက်ရှာနေလို့ ဒီမှာ ဦးအတွက်"
"အခု ဖွင့်ကြည့်လို့ရလား"
"ဟုတ်ကဲ့ဗျ ကြည့်ပါ"ပြုံးပျော်သွားတဲ့ကလေးလေးလို ပါဆယ်ဘူးလေးကို သွက်လက်စွာဖွင့်နေတဲ့ ဦး
"ဒါ ဒါက ဟန်းချိန်းလေး"
"အင်း ဟုတ်တယ် ကျတော်ပတ်ပေးမယ် ဦးလက်ပေး"
"မဟုတ်တာ ဒါ ငွေဖြူမို့လား ဈေးတအားတန်မှာဘဲ ငါမယူပါရစေနဲ့"
"ဒီတန်ဖိုးက ကျတော်ဦးအပေါ် ထားလိုက်တဲ့ ချစ်ခြင်းတေနဲ့စာရင် ဘာမှမပြောပလောက်ပါဘူး ကျတော်က ဦးကို ဒီ့ထက်ပိုတန်ဖိုးထားတာပါ အဲတော့ ဦး လက်ခံပေးနော်"
"အင်း အာ့ဆိုပတ်ပေး"
"ကဲ မြင်လား ဦးက အသားဖွေးနေတော့ အသားနဲ့ ဟပ်နေတာဘဲ အရမ်းလိုက်တယ်"
"အင်း ကျေးဇူးတင်တယ် Sing"
"ဦးကလည်း ကျတော်တို့က သူစိမ်းတေမို့လား ပီးတော့ ခုကနှစ်ယောက်တည်းလေ ဘယ်လိုခေါ်လိုက်တယ်"
"အဟင်းဟင်း ဘွာတေး Singtuan ရပီလား ငါ့မှာတော့ လက်ဆောင်ပေးစရာမပါခဲ့ဘူး ဒါပေမဲ့ မျက်လုံးမှိတ်ထား"ဦးရဲ့ စကားအဆုံး ကျတော်ရင်ခုန်စွာ မျက်လုံးမှိတ်လိုက်သည် ခနကြာတော့ နှာခေါင်းထိပ်ဖျားလေး အိခနဲဖြစ်သွားသည် ဟာ ဦးဦး သူ့ကို နှာခေါင်းချင်းတိုက်ပီး ထိလိုက်တာလား မယုံနိုင်စွာ မျက်လုံးပြန်ဖွင့်လိုက်တော့
"ဦး "
"တော်ပီ ဘာမှမပြောနဲ့ မောင်းတော့ အိမ်ကို"
"အဟင်း ဦးမပြောခိုင်းပေမယ့် ကျတော်ပြောရမှာဘဲ ခု ကျတော်ဦးကို နမိးချင်တယ်"ဒီကောင်လေူးဒီလို ခွင့်တောင်းလိုက်ပီဆိုကတည်းက ကျတော်သိလိုက်ပါပီ တားမြစ်တားတဲ့ သတ်မှတ်ချက်ကို ဆိုတာ နဖူးတို့ ပါးတို့ဆို မပြောမဆို နမ်းနေကြဘဲကိုး အင်း ဒီနေ့တစ်နေ့တော့ ခွင့်ပြုသင့်တယ်ထင်တယ် ဒါပေမဲ့ ကျတော် ဘယ်လိုပြောရမလဲ ခွင့်ပြုတာကို မျက်နှာပူတယ်
ဒါပေမဲ့ သူ့ရဲ့ ခက်နေတဲ့ အမူရာကို Singtoကလညိး နားလည်တယ်ထင့် ဘာမှမပြောဘဲ တဖြေးဖြေးသူ့နားကပ်လာတော့ မျက်လုံးမှိတ်ချလိုက်သည်
နူးညံ့ပီး နွေးထွေးလွန်းလှသော နှုတ်ခမ်းပါးလေးကို သူအချိန်တော်ကြာထိ လွှတ်မပေးတော့ ဦး လက်တေက ရင်ဘတ်ကိုတွန်းထုတ်လာမှ အသိဝင်လာသည်
"ဦး ကျတော်တောင်းပန်"
"တော်ပီ မင်းအတော်ဆိုးတာဘဲ အသက်တောင်ရှူမရတော့ဘူး ဒီလအတွက် နမ်းခွင့်ကပီးပီဘဲ မင်း မနမ်းရတော့ဘူး"
""ဗျာ "
"မဗျာနဲ့ ကားမောင်းတော့"မျက်နှာလေးရဲပီး မျက်မှောင်ကုတ်ကာပြောနေသော ဦးကြောင့် ကျတော်complain မတက်ရဲတော့
"ဟုတ်ကဲ့ ဦး"
"မင်း တော်တယ် "
#########စိတ်ကူးပေါက်ပီး တင်ပေးလိုက်ပီနော် မနေ့ကမတင်ပေးမိတာ Sorry pr 😉😉 Depression တေ တအားဝင်သွားမိလို့
YOU ARE READING
U { ဦး }
Romansaအသက်ကွာခြားပေမဲ့ အချစ်တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်ကန်ကန်ကောင်လေးတျောက်က လူတျောက်ကြောင့် ပြောင်းလဲလာခဲ့ပီး မိဘတေထံက မရရှိခဲ့တဲ့ ဂရုစိုက်မှုတေ ကြောင့် သံယောဇဉ်တေ ပြောင်းလဲလာခဲ့တဲ့အခါ 😪