Part-7

9.9K 533 9
                                    

ဟံသာဝတီ​နေပြည်​​တော်​၏ ​ဆောင်းရာသီကို အံတုကာ အ​နွေးထည်​မယူလာခဲ့​သော ​မောင်​လင်းခ ​ကျောင်း​ဆောင်​သို့​ရောက်​​အောင်​သာ ခပ်​သုတ်​သုတ်​​လျှောက်​လာမိသည်​။ပိတ်​ရက်​ ၂ ရက်​က ဟိုလှည့်​သည်​လှည့်​နှင့်​ ကုန်​ဆုံးသွား၍ ပျင်းရိဖွယ်​ ​ကျောင်းတက်​ရက်​ကို ပျင်းရိစွာဖြင့်​ပင်​ လာသူဖြစ်​၍ အ​နွေးထည်​ယူဖို့ပင်​ ပျင်း၍မယူလာ။

ဆိုင်​ကယ်​နှင့်​လာတာ မဟုတ်။ကားတိုးစီးလာ​သော​ကြောင့်​ ​ထွက်​​နေ​သော​ချွေးများက ​လေတစ်​ချက်​​ဝှေ့လိုက်​တိုင်း စိမ့်​ခနဲ❆ ❆ ❆ ❆

လက်​ဖဝါးနှစ်​ခုကို နာနာပွတ်​၍သာ အချမ်း​ဖြေ​ရင်း ​ကျောင်း​ဆောင်​ဆီသို့>>>

ဝရိယ​ကောင်းလွန်းသွား၍ အ​စောကြီး​ရောက်​လာခြင်း​ကြောင့်​ အတန်းထဲတွင်​ လူက တိမ်​ယံလင်းခအပါအဝင်​ ငါး​ယောက်​ပင်​မပြည့်​ချင်​။

ဘယ်​သူမှ မရှိမယ့်​အတူတူ​တော့ canteen တွင်​သာ သွားထိုင်​​နေရန်​ ဆုံးဖြတ်​လိုက်​သည်​။

"ကျစ်​ မားစကား​နား​ထောင်​ပြီး အ​နွေးထည်​ယူလာရင်​ ​ကောင်းသားကွာ ခု​တော့။ဒီ​နေ့မှဘဲ ရာသီဥတုကလည်း ​အေးလိုက်​တာ"
စိတ်​ပျက်​လက်​ပျက်​ ညဉ်းညူ​နေသူကို အကွယ်​က​နေကြည့်​​နေသူက ဈာန်​​ခေတ်​ပင်​။

Canteen ထဲတွင်​ ​ကော်​ဖီတစ်​ခွက်​​ရှေ့ချပြီး game​ဆော့ကာ အာရုံလွှဲ​သော်​လည်း ချမ်း​နေတာက ​နွေးမသွား​ပေ။

စားပွဲထိုး​ကောင်​​လေးတစ်​​ယောက်​ အနား​ယောက်​လာသည်​။လက်​ထဲမှာက ရှပ်​အနီကွက်​​လေးကိုင်​လျက်​....

"အကို အကို"ဟု​ခေါ်ကာ လက်​ထဲက ရှပ်​လက်​ရှည်​ကို ထိုး​ပေးပြီး​နောက်

"အကို တစ်​​ယောက်​​ပေးခိုင်းလိုက်​တာ ​နောက်​​နေ့ အ​နွေးထည်​​သေချာဝတ်​လို့လည်းမှာ သွား​သေးတယ်​"

"ဪ...​အေး​အေး"ဟုသာ တုန့်​ပြန်​မိသည်​။

ဘယ်​သူလဲ?
ဘာလို့အဲ့လိုမှာတာလဲ?
ဘာလို့​ပေးတာလဲ?
ဘယ်​ကလူလဲ?
အကိုဆို​တော့ ​ယောက်ျား​လေး​ပေါ့?
ဘယ်​သူဖြစ်​ဖြစ်​ပါ​လေ​လော​လောဆယ်​​တော့ ​ကျေးဇူးတင်​လွန်းစွာဖြင့်​ ​လည်​ကတုံးအဖြူ​လေး​​ပေါ်သို့ ရှပ်​အနီကွက်​လက်​ရှည်​ကို ထပ်​ဝတ်​ကာ အ​နွေးဓာတ်​ယူလိုက်​သည်​။ပေးတဲ့သူက ဝတ်​ထား​သေးတယ်​ထင်​ အင်္ကျီမှာ အ​နွေးဓာတ်​ကရှိ​နေ​သေးသည်​။လက်​ရှည်​အဖြူအ​ပေါ် လက်​ရှည်​ထပ်​ဝတ်​ခြင်းက အရမ်းမလိုက်​ဖက်​​သော်​လည်း ထူးဆန်းစွာပင်​ တိမ်​ယံလင်းခ သ​ဘောကျ​နေမိသည်​။

ချစ်သော...တိမ်ယံWhere stories live. Discover now