Part-25

6.7K 408 14
                                    

စကားဝိုင်းက အေးစက်စက်..။ မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း စကားမပြောကြသေးဘဲ ပြောမည့်စကားတို့ကို အသီးသီးဦးနှောက်ထဲစာစဉ်နေကြသောကြောင့်.....

"သားတို့သမီးတို့ အချင်းချင်းလည်း အတော်ရင်းနှီးနေပြီမလား"
အေးစက်နေတဲ့စကားဝိုင်းတွင် အစချီလိုက်သော အမေ့စကားက မြှားတစ်စင်းပစ်ခွင်းလိုက်သည့်နှယ်။

"ရင်းနှီးတာတော့ ရင်းနှီးနေပါပြီ အန်တီ။ဘာဖြစ်လို့ မေးတာလဲ"
သိနေပြီးသား အဖြေကို မသိချင်ယောင်ဆောင်က အမေးဝါကျပြန်ထုတ်လိုက်သော မနန်းသည် အလွန်အေးဆေးတည်ငြိမ်နေသည်။

"စေ့စပ်ဖို့ လက်ထပ်ဖို့ ကိစ္စလေးလုပ်ချင်နေပြီလေ မာမီတို့က"

"ဟို အန်တီ..."

"ပြောလေ သား"

"ကျွန်တော်တို့၂ယောက် ရင်းနှီးသွားပြီဆိုမှတော့ အဲ့ကိစ္စတွေက ဘယ်အချိန်လုပ်လုပ်ရပါတယ်။အခုက မနန်းရဲ့သဘောရော ကျွန်တော့်သဘောရောက ကျောင်းပြီးအောင်အရင်တတ်ချင်တယ်။အဲ့ကိစ္စတွေကို နောက်မှဘဲ"

"ဟုတ်လားသမီး??"
အမေသည် ကိုယ့်သားထပ် သူစိမ်းကို ပိုအလေးထားသည်။

"ဟုတ်တယ် အန်တီ။သမီးက နောက်နှစ်ဆိုfinalရောက်ပြီလေ။စာကို အာရုံစိုက်ချင်သေးတယ်။နောက်ဆုံးနှစ်ပြီးရင်လည်း အလုပ်သင်ဆင်းရဦးမယ်ဆိုတော့ သမီးအချိန်မပေးနိုင်လောက်ဘူးထင်တယ်။ဘာဘဲဖြစ်ဖြစ် အဲ့ဒါတွေလုပ်မယ်ဆိုရင် ၂လ၃လ ကြိုပြင်ဆင်ကြရတာလေ အဲ့ဒါကြောင့်ပါ"

"အင်း...အချိန်နည်းနည်းထပ်စောင့်ကြတာပေါ့ အဲ့တော့လည်း။လူကြီးချင်းလည်း သဘောတူပြီးသား လူငယ်ချင်းလည်း အဆင်ပြေနေတာဘဲ စောင့်ရမယ်ဆိုလည်းစောင့်ရတာပေါ့"

"နွယ့်သဘောပါဘဲ...."

ထိုသို့နှင့် အယုံသွင်းခြင်းအမှုက အောင်မြင်စွာပြီးမြောက်သည်။အမေ၂ယောက်ကတော့ သူတို့ကြိုးဆွဲရာကို ကနေကြသည်အထင်နှင့် ပြုံးပြုံးကြီးတွေနေ နေကြသည်။

👨‍❤️‍👨🧡👨‍❤️‍👨🧡👨‍❤️‍👨🧡👨‍❤️‍👨🧡👨‍❤️‍👨🧡
"ဟုတ် အဖေ။ဟုတ် ဟုတ် နေကောင်းတယ်မဟုတ်လား။သားကိုတော့ စိတ်ချပါဗျာ"

ချစ်သော...တိမ်ယံWhere stories live. Discover now