part-1

26.5K 926 18
                                    

"ခ.....ခ......ခလို့ဆို"

ပျစ်​ချွဲ​နေတဲ့အသံကမနက်​​စော​စောစီးစီးကြား​နေရပြီ

"ခ.....ခ​ ရေ....ထလို့ဆို"

"ဟဲ့......တိတ်​စမ်းနင့်​အသံကို သူများကြားရင်​ငါ့ရည်းစားထင်​​နေဦးမယ်​"

"ခ...ကလဲ....ခကိုခလို့မ​ခေါ်ရင်​ဘယ်​လို​ခေါ်ရမှာလဲလို့....."

အိပ်​ရာမထမချင်းဒီပုံစံနဲ့နှိုး​နေမည်​ထင်

"​အေး...​ဟေ့ ထပြီဟ"

"အဲ့လိုလုပ်​ပါ ငါနင်​အိပ်​​နေတာကြီးထိုင်​မကြည့်​ချင်​ဘူး။ရုပ်​ဆိုးလွန်းလို့"

"ငါမအိပ်​​နေရင်​​တော့​ချောတယ်​​ပေါ့"

"​တော်​​တော့ ငါ​ပြောမိတာငါမှားတာ"

"​မေသူ​ရော?"

"​အောက်​မှာ အန်​တီနန်း​ကျွေးတာ​တွေတဝတပြဲစား​နေတယ်​။ငါကမ​နေနိုင်​လို့နင့်​ကိုလာ​ခေါ်တာ"

ဒီလိုနဲ့ဘဲဆက်​မအိပ်​​တော့ဘဲထခဲ့ရသည့်​ရက်​ကဒီတရက်​ထဲမဟုတ်​......

ကျွ​န်​​တော့်​နာမည်​ တိမ်​ယံလင်း
အသက်​က ၁၇ပြည့်​​တော့မယ်​။
ငယ်​ငယ်​ထဲကအ​ဖေဆုံးသွားတဲ့အတွက်​မားကကျွ​န်​​တော့်​ကိုအလိုလိုက်​တယ်​။
ကျွန်​​တော်​ကစာ​တော်​တယ်​။ ခုလဲဆယ်​တန်းပြီးလို့ တက္ကသိုလ်​ တက်​ရ​တော့မယ်​ဆို​တော့ နည်းပညာတက်​ချင်​​ပေမဲ့​..မားကိုတစ်​​ယောက်​ထဲမထားခဲ့ချင်​ဘူး​။
မားနဲ့လဲမခွဲနိုင်​ဘူးဆို​တော့ ပဲခူးတက္ကသိုလ်​မှာဘဲ e-major ယူဖြစ်​ခဲ့သည်​။ဟို၂​ယောက်​က​တော့ အမြွှာ​တွေ။
စုလဲ့မြတ်​နိုးက ​မေသူမြတ်​နိုးထက်​ ၆မိနစ်​ကြီးသလို အရာရာမှာလဲ ၂​ယောက်​ကသိပ်​မတူချင်​။ကျွန်​​တော့်​​မာမား​ဒေါ်နန်းမြခတ်​ကို သူတို့ကအန်​တီနန်းလို့တမျိုး​မေ​မေနန်းလို့တဖုံ မျိုးစုံ​ခေါ်​လေ့ရှိတယ်​။မူလတန်းထဲက​ပေါင်းလာတဲ့ကျွ​န်​​တော်​တို့ကို မိဘ​တွေထိန်း၍မနိုင်​။ဘာလုပ်​လုပ်​၃​ယောက်​တူတူ။အိမ်​သာသွားတာမပါ။၉တန်းတုန်းက ​ကျောင်းကိုအစိုးရ​ကျောင်းက​နေကိုယ်​ပိုင်​​ကျောင်း​ပြောင်းတက်​ဖြစ်​ကြသည်​။အဲ့တုန်းကမှတ်​မိသား အမြွှာ၂ကို​ကြွေ​နေတဲ့ဘဲတသိုက်​က ကျွန်​​တော့်​ကိုမင်းက​ကောက်​ရိုးပုံ​စောင့်​တာလားတဲ့​လေ။စိတ်​ကြီးတဲ့ကျွန်​​တော်​ပါးစပ်​နဲ့မတုန့်​ပြန်​ဘဲလက်​သီးဖြင့်​သာ မိတ်​ဆက်​​ပေးလိုက်​သည်​။ရုံးခန်းလဲ​ရောက်​​ရော တီချယ်​​တွေက သားကသူတို့ထဲကဘယ်​သူ့ကိုကြိုက်​​နေတာလဲတဲ့ ကျွန်​​တော်​​လေ မျက်​နှာပိုးမနည်းသတ်​ပြီး သားstyleမဟုတ်​ဘူး လို့​ပြောလိုက်​ရတယ်​။အဲ့တုန်းကဆိုအမြွှာ​တွေရဲ့ ​မေ​မေက သားတို့၃​ယောက်​ တကယ်​ဘဲရိုးသားကြပါတယ်​​နော်​တဲ့ ၃​ယောက်​လုံး​ခေါင်းပြုတ်​လောက်​တဲ့ထိ​ခေါင်းငြိမ့်​ခဲ့ကြတာ....အသားဖြူတဲ့ကျွန်​​တော်​က အသားဝါတဲ့သူတို့နှစ်​​ယောက်​နဲ့ ယှဉ်​သွားရင်​ထင်း​နေတာ​ပေါ့....အရပ်​က​တော့၃​ယောက်​လုံးမတိမ်းမယိမ်း၅' ၅"​လောက်​ ဖြစ်​သည်​။ယောက်ျား​လေးဖြစ်​တဲ့ကျွန်​​တော်​က အခြား​ယောက်ျား​လေး​တွေနဲ့ယှဉ်​​တော့ လူ​ကောင်​​သေးသလို​တော့ဖြစ်​သည်​။ကျွန်​​တော့်​မှာ​ယောက်ျား​လေးသူငယ်​ချင်းဆိုတာအ​တော်​ရှားသည်​။ကြုံ​ပေါင်း​တွေ​တော့ရှိသည်​။ကြုံ တုန်း​ပေါင်းတဲ့သူကို​ခေါ်တာ​ဗျ။

ချစ်သော...တိမ်ယံDonde viven las historias. Descúbrelo ahora