Extra{3}

7K 311 18
                                    

ဘီဒိုထဲက အ၀တ်တွေထုတ်ကာ အိတ်ထဲထည့်ပေးနေတဲ့ ချစ်ရသူလေး...

"၂စုံလောက်ဆိုရပါပြီကွာ။ဟိုမှာ ကိုယ့်အကျီ င်္တွေရှိသေးတယ်လေ"

"ပြီးရော အေးတယ်ဆိုတော့ အနွေးထည်ရော ရှိလား ဟိုမှာ"

"ရှိတယ်။လာပါကွာ ကိုယ့်အနားမှာလာနေပေးပါ။အဲ့ဒါတွေ ထားခဲ့လိုက်...လာ ပေါင်ပေါ်"
ခေါ်တော့လည်း ပေါင်ပေါ်လာထိုင်ပြီး ပုခုံးပေါ်ခေါင်းတင်ကာ ဇိမ်ခံနေသည်။ကိုယ်ကလည်း သူ့ခါးလေးကိုဖက်ပြီး အသာထိန်းပေးထားလိုက်သည်....

"၂ရက်အတွင်း လိမ်လိမ်မာမာနေခဲ့နော်"

"သူများကြားရင် ကျွန်တော်က လူဆိုးကျနေတာဘဲ"

"လူဆိုးလေးလေ ကိုယ်နဲ့ဆို"

"ကိုကိုမို့လို့ ဆိုးတာလေ။VVIPမို့ အဆိုးခံရတာပါ...ဂုဏ်ယူသင့်တယ်"

"I'm so proud အာ့ အာ့ မကိုက်နဲ့လေ"
အကြောင်းက နားရွက်ကို ကိုက်နေသော ခွေးပေါက်လေးကြောင့်...

မကိုက်နဲ့လို့ဘဲ ပြောလိုက်မိတာကို ပေါင်ပေါ်က ဆင်းသွားတဲ့အပြင် အခန်းအပြင်ပါထွက်သွားသည်။ကောက်ပြန်ပြီလား....မနက်ဖြန် ခရီးသွားရမှာကို မကောက်ပါစေနဲ့ မကောက်ပါစေနဲ့....

"ကိုကို!!!"
ပျံ့ လွင့်လာတဲ့ အသံလေး....ခေါ်နေပြီ မြန်မြန်သွားမှ...

"ဗျာ လာပါပြီ။သြော် အမေ မအိပ်သေးဘူးလား"
အမေ အခန်းထဲရောက်နေပြီထင်ပြီ။ဗျာ လာပါပြီတွေဘာတွေ လုပ်လိုက်တာ အမေက ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေသည်။

"ရော့ ပူတင်းလုပ်ထားတာ အခုမှ သတိရလို့ စားလိုက်ကြဦး"
ဟုဆိုကာ ဗန်းထဲက ပူတင်းပန်းကန်လေးကို ကမ်းပေးသည်။

အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ပူစရာမလို။အကုန်တတ်သည့်အပြင် ယခုလို သရည်စာတွေပါ ကျွမ်းကျင်သူလေးမို့ ဒီပြန်ရောက်တာ ၂လပင်မရှိသေး ဈာန်ခေတ် နည်းနည်းတောင်ပြည့်လာသည်....

"သားကြီးက မနက်ဖြန် ဘယ်အချိန်သွားမှာလဲ။စောစောထသွားမှာလား တိမ်ယံကို ဆိုင်ပို့ပြီးမှ သွားမှာလား"

"ဆိုင်ပို့ပြီးမှဘဲ"

"သြော် အေးအေး။ကဲ မား စားလို့ပြီးပြီ good nightသားတို့"

ချစ်သော...တိမ်ယံDonde viven las historias. Descúbrelo ahora