Part-20

7.3K 402 4
                                    

Juneလသို့ရောက်လာခဲ့ပြီ။အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူများ ပျားပန်းခတ် လှုပ်ရှားနေကြပြီဖြစ်သော်လည်း....
တိမ်ယံတို့ကမူ....

"မလာနဲ့ အိမ်ထဲ ဝင်ကိုမလာနဲ့ ခြံထဲရောက်နေတာတောင် ပြန်ထွက်စေချင်နေတာ"

"တိမ်ယံကလည်းကွာ ကိုယ့်ကိုရှင်းပြခွင့်လေးတော့ ပေးလေကွာ"

အိမ်တံခါးအဝတွင် ရပ်ကာ စိတ်ကောက်နေသူနှင့် အတင်းလိုက်ချော့ဖို့ကြိုးစားနေသူနှစ်ယောက်ကို ကြည့်ရင်း ဒေါ်နန်းမြခတ် သက်ပြင်းအသာချမိသည်။သူ့ကိုဖွင့်ပြောပြီးထဲက အဲ့နှစ်ယောက်အိမ်မှာသာတွေ့ကြသည်။အပြင်သွားပြန်လျှင်လည်း မကြာလိုက် ပြန်လာပြီး အိမ်မှာသာ သောင်တင်ကြ၏။နှစ်ယောက်စလုံးကို တစ်ယောက်တစ်မျိုးနဲ့ ချစ်နေရသောကြောင့် ကိုယ့်မျက်စိရှေ့ရှိနေတာနဲ့တင် အပြစ်လဲမပြောလိုတော့။ဈာန်ခေတ်ကိုလည်း သားတစ်ယောက်လို သဘောထားထားတဲ့အတွက် စိတ်ချသည်။
(A/N:မားရယ်........ကိုရီးဈာန်ခေတ်ကို စိတ်ချတယ်တဲ့🤧🤧)
အခုလည်း သားတော်မောင်က ဈာန်ခေတ်ကို ဘာတွေကောက်နေပြန်ပြီလဲ သူမသိ။သူသိသည်က အဲ့နှစ်ယောက်အသံတွေကျယ်လွန်းလို့ ဘေးအိမ်က ခဲနဲ့ထုတော့မှာကိုပင်...

"ဈာန်ခေတ် သားလာခဲ့ အိမ်ထဲ"

"မား!!!"

"မားလုပ်မနေနဲ့ လာခဲ့မင်းလည်း"

"ဟုတ်......"အသံရှည်ဆွဲကာ အိမ်ထဲဝင်လာသော တိမ်ယံ။
နောက်ကနေကုပ်ကုပ်ကလေး လိုက်ဝင်လာသော ဈာန်ခေတ်ကို ကြည့်ကာ ဒေါ်နန်းမြခတ် ပြုံးရပြန်သည်။ဒီဖြူဖြူသေးသေးအကောင်လေးကို ထိုကလေးဘာကြည့်ကြောက်နေလဲမသိ ဟု တွေးမိတော့ မနေနိုင်စွာပင် နှုတ်မှ ထုတ်မေးမိတော့၏..

"ဘာဖြစ်ကြပြန်ပြီလဲ။ဈာန်ခေတ် ပြော။တိမ်ယံမပြောနဲ့"
ရန်စွာဖို့ ရွယ်နေသော တိမ်ယံ့ပါးစပ်ကလေး ဟရုံရှိသေး ပြန်ပိတ်လိုက်ရသည်။

"သားမနေ့က တိမ်ယံဖုန်းခေါ်တဲ့အချိန် ဖုန်းပိတ်ပြီး အားသွင်းထားတာ။ပြီးတော့ ရေသွားချိုးနေတာနဲ့ သူဖုန်းခေါ်တာမသိလိုက်ဘူး..."

"ဖုန်းဖွင့်ပြီး missed callမြင်ရင် ပြန်ဆက်လို့ရတာကို"

"တိမ်ယံ မားဘာပြောလဲ။ဈာန်ခေတ် ဆက်ပြော"
အမေဖြစ်သူဝင်ဟန့်လိုက်၍ တိမ်ယံ အီလည်လည်ဖြစ်သွားရသည်။တော်တော်မကောင်းတဲ့လူ သူကလည်း မှားသေးတယ် ငါကကြီးဘဲ ဟောက်ခံနေရတယ်။ဘယ်သူက သားအရင်းလဲမသိလောက်အောင်ဘဲ😤

ချစ်သော...တိမ်ယံDonde viven las historias. Descúbrelo ahora