တစ်နေ့သ၌ 099 ကို အနိုင်ကျင့်ကာ Mission မလုပ်သေးဘဲ System Space ထဲတွင် အက်ခိုး အနားယူနေစဉ်ဖြစ်သည်..။
" ဟီးဟီး..."
ထူးဆန်းသော ရယ်သံကြောင့် အက်ခိုး မျက်ခုံးတို့ တွန့်တက်သွားရပြီး မှိတ်ထားသော မျက်လုံးတို့ကို ဖွင့်လိုက်ရသည်..။ သူမ လှဲနေသောနေရာဘေးတွင် ရပ်နေသည်က အသားညိုညို အရပ်ပုပု ကောင်မလေးတစ်ယောက်..မျက်မှန်ဝိုင်း ခပ်ကြီးကြီး တစ်ခုကို တပ်ထားသည့်အပြင် သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်လည်း ပါးစပ်ဖြဲ၍ ပြုံးပြနေသေးသည်..။ ထိုကောင်မလေး၏ ခြေထောက်နားတွင်တော့ အထုပ်ကြီး အထုပ်ငယ် အသွယ်သွယ်..။
" မမအက်ခိုး.. !! "
သူမ မျက်လုံးဖွင့်လာသည်ကို မြင်လိုက်သည်နှင့် ထိုကောင်မလေး၏ ချွဲချွဲနွဲ့နွဲ့ အသံက ထွက်လာသည်။ မျက်လုံးတို့ကလည်း ဘလင်းဘလင်း ထ ကာ သူမရင်ခွင်ထဲ ယခုပင် ပြေးဝင်ပစ်လိုက်ချင်ပုံ ပေါက်နေသောကြောင့် အက်ခိုး အသားပါတုန်သွားရသည်..။
ဟဲ့ ကလေးမလေး.. အီစီကလီ လုပ်တယ်ဆိုတာလေ..ဟော့ဒီက ငါလေး အက်ခိုးကပဲ သူများတွေကို လုပ်မှာ..။ ညည်းက ဘယ်လောက်သတ္တိရှိလို့ ငါ့လာအီဖို့ လုပ်နေတာတုန်း..။
" ဒီဒီ က မမအက်ခိုးကို မုန့်လာပို့ပေးတာပါ.. "
သူမ၏ ဒေါသပြင်းအားများထည့်လွှတ်ထားသော အကြည့်ကို မသိချင်ယောင်ဆောင်က ကောင်မလေးက ပြုံးပြုံး ပြုံးပြုံး နှင့် ဆက်ပြောနေသည်..။
" မမအက်ခိုး နားနေတယ် ဆိုပြီး သတင်းရလိုက်လို့.. Breakfast ဘာမှ မစားဘဲ နေနေမှာစိုးလို့လေ..ဒီဒီက မုန့်တွေ ဝယ်လာပြီးလာပို့တာ.။ အဲဒါ မမ ဘာကြိုက်မှန်းမသိလို့ တွေ့တာအကုန်ဝယ်လာခဲ့တယ်..။ ဒါက အော်ဂဲနစ် မြီးရှည်..၊ ဒါက ငါးသလောက်ဥနဲ့မုန့်ဟင်းခါး ၊ ဒါက ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ ၊ ဒါက နာမည်ကြီးဆိုင်က ဒင်းဆမ်း ၊ ပြီးတော့ မမက ကော်ဖီကြိုက်လား လက်ဖက်ရည်ကြိုက်လားမသိလို့ နှစ်မျိုးလုံးဝယ်လာတယ်..ပြီးတော့ လာတဲ့လမ်းမှာ ကြက်ကြော်ဆိုင် တွေ့တာနဲ့ ကြက်ကြော်ရော ဘာဂါရော...."
ကရားရေလွှတ်သလို တတွတ်တွတ်ရွတ်ပြီး ဝယ်လာသမျှ မိတ်ဆက်နေသော ကလေးမကြောင့် အက်ခိုးခေါင်းပါ ကိုက်တက်လာရသည်..။ ငါ့ကို မုန့်ဝယ်ကျွေးတာလား စားပိုးနင့်အောင် လုပ်ကြံတာလား ကလေးမ..။
YOU ARE READING
Fanfiction Book Of Rupture
FanfictionRupture ကို သင်သိပြီးသားမလား.. ချစ်စရာ တိမ်မည်းပုစိလေးရယ်.. အကြွေဆင် မမအက်ခိုးရယ်.. သူရဲ့ ချစ်လှစွာသော Noise ရယ်.. စိတ်ဝင်စားစရာ Story line တွေရယ် နဲ့ ဖန်တီးထားတဲ့ Anna Sama ရဲ့ ကမ္ဘာလေး တစ်ခု.. အဲဒီ့ကမ္ဘာလေးကို ဘေးက ရပ်ကြည့်ရုံနဲ့ အားမရတဲ့ ကိုယ်ဟာ အတ...