Best Chance For Revenge

588 87 73
                                    

" Portal က ဒီနေ့ပွင့်မှာတဲ့.."

" အင်း.. တွေ့တာနဲ့ နှုတ်ဆက်လိုက်ကြတာပေါ့.. သေချာပြင်ဆင်ထားပြီးသားမလား.. "

တီးတိုးတီးတိုး စကားဆိုရင်း တစ်စုံတစ်ရာကို စောင့်မျှော်နေကြသော လူတစ်စု..။ အသံတိုးတိုးများကြားတွင်မျှော်လင့်ခြင်း ၊ လေးစားခြင်းတို့အပြင် ညစ်တီးညစ်ကျယ် လုပ်လိုသော အရိပ်အငွေ့တို့ကလည်း ပျော်ဝင်နေသည်။

" တကယ်ကတော့ ဒီလိုနေ့မျိုးရောက်ဖို့ကို တော်တော် စောင့်ခဲ့ရတာ.. "

မှောင်ရိပ်အနည်းငယ် လွှမ်းသော အပြုံးတစ်ခုကို ပြုရင်း အမျိုးသမီးငယ်လေး တစ်ယောက်က ဆိုသည်။ သူမဘေးနားရှိ ဆံပင်လိပ်ခွေခွေနှင့် ကလေးဖောင်းဖောင်းလေးကတော့ မျက်နှာ အပျက်ပျက်..။

" Sinner က စောင့်တာ မဟုတ်ဘူးလေ.. Mission လုပ်ရင်းနဲ့ အလွှာတွေ ဖြတ်ပြီး ဒီမှာ လာဝင်ထိုင်နေတဲ့ဟာကို.. အဲလိုလုပ်လို့ မရဘူးလို့ ကျွန်တော်ပြောတာလည်း နားမထောင်ဘူး.. "

Sinner အခေါ်ခံရသူ ကောင်မလေးက ထိုကလေးငယ်လေးကို တစ်ချက်ငဲ့ကြည့်ရင်း ခါးမှ သိမ်းပွေ့ကာ သူမနားသို့ဆွဲယူလိုက်သည်။ မသိနားမလည်သေးသော ကလေးတစ်ယောက်ကို စိတ်ရှည်လက်ရှည် ရှင်းပြနေသော အမူအယာဖြင့် သူမက ပြောသည်။

" သူနဲ့ ငါနဲ့က စာရင်းရှင်းဖို့ လိုသေးတယ်လေ.. အသည်းတုံးလေးရဲ့.. ဒါက ဘယ်လိုပဲ လှည့်ကွက်တစ်ခုလို့ပြောပြော ဒီ Life setting နဲ့ ပတ်သက်ပြီးတော့ သူနဲ့ သေချာကို ဆွေးနွေးရဦးမှာ.. ဘာလို့ ငါချစ်တဲ့လူကို ..ငါ့လက်နဲ့ သတ်ရမှ .. ဖြစ်မှာလဲ.. ဆိုတာ "

ပြောရင်း ပြောရင်း အေးစက်စက် ဖြစ်လာသော သူမစကားကြောင့် ကလေးငယ်လေးမှာ တုန်ယင်လာသည်။ ထို့နောက်တွင်တော့ အလွန်အမင်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရဟန်ဖြင့် ငြိမ်ကုပ်သွားတော့သည်။

တိုးတိုးပြော၍ တစ်စုံတစ်ခုကို စောင့်မျှော်နေသည့် လူအုပ်က အသံတိတ်သွားသည်။ သူတို့အားလုံး၏ ဦးခေါင်းထက်မှ အလင်းတစ်ခုက တံခါးပွင့်သည့်နှယ် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ထို အလင်းရောင်ထဲမှအရိပ်တစ်ခု က မြေပြင်ပေါ်သို့ တရွေ့ရွေ့ဆင်းသက်လာသည်။ ထိုအရိပ်သည်ကား တောင်ပံ ခပ်ညိုညိုတစ်စုံကို သိမ်းခတ်၍ မြေပေါ်တွင် မတ်တပ်ရပ်ပြီး လက်ထဲတွင်ပွေ့လာသော အရာကို တဖြည်းဖြည်းချသည်။
ထို့နောက် တစ်စုံတစ်ယောက်ဘက်သို့ လှည့်၍ ဦးညွှတ်သည်။

Fanfiction Book Of RuptureWhere stories live. Discover now